Connect with us

Hi, what are you looking for?

သတင်း

ကိုးကန့်၊ တအာင်းနှင့် အာရက္ခတပ်များအား အကြမ်းဖက်အုပ်စုအဖြစ် စစ်ကောင်စီကြေညာမှု တရားမဝင်ဟု NUG ထုတ်ပြန်

စစ်ကောင်စီ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟို အဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ်သတ်မှတ်ပြီး ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် အကြမ်းဖက်သမားများဖြစ်ဟု ဖော်ပြ

ဟန်နွေ/People’s Spring

ကိုးကန့်တပ်မတော်(MNDAA)၊ အာရက္ခတပ်မတော်(AA)၊ တအာင်းတပ်မတော်(TNLA) တို့ကို စစ်ကောင်စီက အကြမ်းဖက်အုပ်စုအဖြစ် ကြေညာမှုသည် တရားမဝင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ က ယမန်နေ့ စက်တင်ဘာ ၃ရက်တွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်သည်။

စက်တင်ဘာ ၂ရက်တွင် စစ်ကောင်စီ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က MNDAA၊ TNLAနှင့် AAတို့ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခဲ့သည့်အပေါ် NUGက ပြန်လည်တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းသော အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့ဟုအမည်ရှိသည့် အဖွဲ့သည်အများပြည်သူ၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပြီး ဖက်ဒရယ် ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေသော တိုင်းရင်းသား တော်လှန်ရေး

အဖွဲ့အစည်းများ ဖြစ်သည့် ULA/AA၊ MNDAA၊ TNLA တို့အား အကြမ်းဖက်အုပ်စုအဖြစ် တရားမဝင် ကြေညာခဲ့ခြင်းဖြစ်ကြောင်း၊မတရားအသင်းနှင့်အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခြင်းခံထားရသည့် အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီကဖွဲ့စည်းသော အကြမ်းဖက်မှုတိုက်ဖျက် ရေးဗဟိုအဖွဲ့ဟု

အမည်ရှိသည့် ယင်းအဖွဲ့၏ ထုတ်ပြန်သည့် အမိန့်သည် တရားမဝင်ကြောင်း NUG အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ အမိန့်စာ၌ ဖော်ပြသည်။

ထို့ပြင် အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းသည့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ဟု အမည်ရှိသော ယင်းအဖွဲ့သည် အကြမ်းဖက်အုပ်စုဖြစ်သည့် စစ်ကောင်စီ၏ အကြမ်းဖက်မှုများတွင် ပူးပေါင်းဆောင်ရွက်နေကြောင်း စိစစ်တွေ့ရှိသဖြင့် ယင်းအဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ်ကြေညာကြောင်း၊

ယင်းအဖွဲ့၏ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို အကြမ်းဖက်သမားများအဖြစ် သတ်မှတ်ကြေညာလိုက်ကြောင်း ထုတ်ပြန်သည်။

NUG အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့သည် စစ်ကောင်စီ အုပ်စုကို ၂၀၂၁ မတ်လတွင် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခဲ့သည်။

ထို့ပြင် တရားရေးဝန်ကြီးဌာနက အိမ်စောင့် အစိုးရအဖွဲ့ဟုအမည်ရှိသည့် စစ်ကောင်စီကို ၂၀၂၁ ဩဂုတ် ၂ရက်တွင် မတရားအသင်းအဖြစ်ကြေညာခဲ့သည်။

စစ်ကောင်စီသည် ၂၀၂၁ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ဆန့်ကျင်၍ ရွေးကောက်ခံအရပ်သားအစိုးရအားအဓမ္မအာဏာသိမ်းရန် ကြိုးစားမှုကျူးလွန် ခဲ့ပြီး နိုင်ငံတော်သစ္စာဖောက်မှုကို ကျူးလွန်ခဲ့ခြင်း ဖြစ်သည့်အပြင် အာဏာရှင်စနစ် ပြန်လည်အသက်သွင်းရန် ကြိုးစားအားထုတ်ရာတွင် နိုင်ငံတော်ယန္တရားများကို အသုံးချ၍ ပြည်သူလူထုကို အကြမ်းဖက်မှု၊ ကြောက်ရွံ့ထိတ်လန့်စေမှုစစ်ရာဇဝတ်မှုများ ဆက်တိုက် ကျူးလွန်မှုကြောင့် စစ်ကောင်စီကို အကြမ်းဖက် အုပ်စုအဖြစ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ကြေညာခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ခိုင်မြဲကြာရှည်စေရေး ပူးပေါင်းကူညီသူတွေ ချက်ချင်းရပ်တန့်ကြဖို့ KIO ဥက္ကဋ္ဌသတိပေး

သတင်း

စိုက်ပျိုးမြေအမြောက်အများရေနစ်မြုပ်ခဲ့ပြီးပြည်သူသိန်းချီအကူအညီလိုအပ်နေတဲ့ စစ်ကိုင်းတိုင်းရေဘေးကယ်ဆယ်ရေးအတွက် အမျိုးသားညီညွတ်​ရေးအစိုးရ-NUG နဲ့ စစ်ကိုင်းတိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ "အရေးပေါ် တုံ့ပြန် ဆောင်ရွက်ရေး ပူးပေါင်းကော်မတီ (Joint Emergency Response Committee- JERC)" ကို ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) ထိန်းချုပ်‌ဒေသ သိန္နီနဲ့ ကွတ်ခိုင်မြို့မှာ မိုးကြီးပြီး ချောင်းရေလျှံလို့ ရေဘေးရင်ဆိုင်နေရပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။