Connect with us

Hi, what are you looking for?

သတင်း

တူရကီဖိုက်တာအာဒိုဂန်ကို အောင်လအန်ဆန် ရှုံးနိမ့်

အမေရိကန်နိုင်ငံတွင် ယနေ့ (စက်တင်ဘာ ၇) နံနက်က ကျင်းပသည့် One Championship MMA ပြိုင်ပွဲတွင် ကချင်တိုင်းရင်းသား အောင်လအန်ဆန်သည် တူရကီဖိုက်တာ အာဒိုဂန်ကို ရှုံးနိမ့်ခဲ့သည်။

သုည/People’s Spring

အမေရိကန်နိုင်ငံတွင် ယနေ့ (စက်တင်ဘာ ၇) နံနက်က ကျင်းပသည့် One Championship MMA ပြိုင်ပွဲတွင် ကချင်တိုင်းရင်းသား အောင်လအန်ဆန်သည် တူရကီဖိုက်တာ အာဒိုဂန်ကို ရှုံးနိမ့်ခဲ့သည်။

ယင်းပွဲစဥ်အစပိုင်းတွင် အောင်လသည် လက်သီးချက်၊ ခြေကန်ချက်များဖြင့် အာဒိုဂန်ကို တိုက်ခိုက်ခဲ့သော်လည်း အာဒိုဂန်က ၎င်းအားသာသည့် နပန်းချုပ်ကွက်များဖြင့် အောင်လကို အသာစီးရယူနိုင်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဒုတိယအချီတွင် အာဒိုဂန်ကသာ နပန်းချုပ်ကွက်များဖြင့် အောင်လကို ဆက်လက်အသာစီးရယူခဲ့ကာ ဒုတိယအချီ ၂ မိနစ်ကျော်တွင် အာဒိုဂန်က အောင်လကို အပေါ်စီးမှ ချုပ်ပြီး ဘယ်ညာလက်သီးချက်များဖြင့် တရစပ်ထိုးနှက်ကာ အလဲထိုးအနိုင်ရခဲ့သည်။

အဆိုပါပွဲအနိုင်ရလဒ်ကြောင့် အာဒိုဂန်အနေဖြင့် MMA ရှုံးပွဲမရှိစံချိန်ကို ဆက်ထိန်းနိုင်ခဲ့ပြီး ၁၀ ပွဲဆက်အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

အသက် ၃၉ နှစ်အရွယ် အောင်လအန်ဆန်အနေဖြင့် ယခုပွဲစဥ်တွင် ပုံစံကောင်းပြသနိုင်ခြင်း မရှိဘဲ အသက်အရွယ်ပိုင်းအရ အကျပိုင်းသို့ ရောက်ရှိနေကြောင်းလည်း MMA အားကစားပရိသတ်တစ်ဦးက သုံးသပ်ခဲ့သည်။

“အောင်လက အသက်အရွယ်ပိုင်းအရ အကျပိုင်း ဖြစ်နေတော့ ပွဲတစ်ပွဲကစားဖို့ အရမ်းရုန်းကန်နေရသလို ခံစားရတယ်။ သူ အားနည်းတဲ့ နပန်းပိုင်းမှာလည်း လေ့ကျင့်မှုတွေ လုပ်ထားတယ် ဆိုပေမယ့် ချုပ်ကွက်​တွေကို ပြန်ရုန်းထွက်နိုင်တာ မမြင်ရတော့ဘူး။ ဒီပွဲကတော့ အောင်လအနေနဲ့ အာဒိုဂန်ကို ပြတ်ပြတ်သားသား ရှုံးနိမ့်ခဲ့တယ်လို့ မြင်ပါတယ်။ အောင်လကိုတော့ နောက်ပွဲတွေမှာ အကောင်းဆုံးပြန်လာနိုင်ဖို့ အားပေးနေပါတယ်” ဟု ပရိသတ်တစ်ဦးက ဆိုသည်။

အောင်လအန်ဆန်သည် MMA ပြိုင်ပွဲ ၄၄ ပွဲ ထိုးသတ်ထားရာ ပွဲ ၃၀ နိုင် ၁၄ ပွဲ ရှုံးနိမ့်ထားပြီး အာဒိုဂန်နှင့်ပွဲစဉ်ကို ရှုံးနိမ့်ခဲ့သည့်အတွက် ကမ္ဘာ့ချန်ပီယံခါးပတ်ကို ပြန်လည်စိန်ခေါ်ခွင့်ရရန် အခွင့်အရေးလည်း ပျက်ပြယ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

(၁၇)ကြိမ်မြောက် World MMA Awards ဆုပေးပွဲမှာ ချင်းလူမျိုးဖိုက်တာ ဂျိုရှုအာဗန် က (တစ်နှစ်တာအတိုးတက်ဆုံးဖိုက်တာဆု) Breakthrough Fighter of the Year ဆုကို ဆွတ်ခူးခဲ့ပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော် မြက်ခင်းပြင်မှာ ကျင်းပခဲ့တဲ့ ကိုယ်ခံပညာ တိုက်ခိုက်ရေးပေါင်းစုံ (MMA) အားကစား ပြိုင်ပွဲကို ပစ်မှတ်ထားခဲ့တဲ့ လက်နက်ကိုင် အဖွဲ့တစ်ခုကို ဖော်ထုတ် တားဆီးနိုင်ခဲ့ကြောင်း အမေရိကန် ထောက်လှမ်းရေး ဗျူရို (FBI)က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် အစိုးရ ရုံးစိုက်ရာ အိမ်ဖြူတော် ဝင်းထဲမှာ ကျင်းပနေတဲ့ ကိုယ်ခံပညာ ပေါင်းစုံ တိုက်ခိုက်ရေး (MMA) ပြိုင်ပွဲကို စတင်နေပြီ ဖြစ်ပါတယ်။

သတင်း

မြန်မာ့စပါးအုံးဟုနာမည်ကျော်သည့်အောင်လအန်ဆန်နှင့်ဆွီဒင်ဖိုက်တာ ကာဒက်စတန်တို့လာမည့်အောက်တိုဘာ၃ရက်တွင်ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၌ ယှဥ်ပြိုင်ထိုးသတ်မည်ဖြစ်ကြောင်း One Championship က ယနေ့ (စက်တင်ဘာ ၂ရက်) ထုတ်ပြန်သည်။