Connect with us

Hi, what are you looking for?

သတင်း

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းမိစစ်သုံ့ပန်းများမှာ ဧရာဝတီတိုင်းမှ အများဆုံးဖြစ်

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များထံ လက်နက်ချအဖမ်းခံသူများတွင် ဧရာဝတီတိုင်းမှ စစ်သားစုဆောင်းခံရသူများနှင့် ပေါ်တာစွဲခံရသူများ အများဆုံး ပါဝင်ကြောင်း သတင်းရရှိသည်။

တော်လှန်​ရေးတပ်များက ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် စစ်တပ်ထံမှသိမ်းဆည်းရရှိ​​​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-CJ

မိထက်/People’s Spring

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များထံ လက်နက်ချအဖမ်းခံသူများတွင် ဧရာဝတီတိုင်းမှ စစ်သားစုဆောင်းခံရသူများနှင့် ပေါ်တာစွဲခံရသူများ အများဆုံး ပါဝင်ကြောင်း သတင်းရရှိသည်။

ပင်လည်ဘူးမြို့တွင် ယခုရက်ပိုင်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လက်နက်ချသူ ၈၀ခန့်ရှိခဲ့ပြီး အများစုသည် ပေါ်တာဆွဲခံထားရသူများ ဖြစ်သည်။ ၎င်းတို့အနက် ဧရာဝတီတိုင်းမှ အများဆုံးပါဝင်နေသည်ဟု ဆိုသည်။

” မိသားစုဝင်တွေဆီ ဖုန်းဆက်သွယ်လာတယ်။ တငိုငိုတရယ်ရယ်နဲ့ ဖုန်းပြောနေကြတယ်။ ပျောက်သွားပြီး ပေါ်တာစွဲခံရတာခုမှ သိကြတယ်။ နောက်ပြီး စစ်မှုထမ်းနဲ့ ခေါ်ခံရသူတချို့ပါတယ်”ဟု ဧရာဝတီတိုင်း၊ မြန်အောင်မြို့မှ ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ပင်လည်ဘူးရှိ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကလည်း “ဧရာဝတီက ပါတယ်။ ပဲခူးဘက်ကလည်း ပါတယ်။ ရန်ကုန်လည်း ပါတယ်။ စုစုပေါင်း လက်နက်ချတာ ၈၁ယောက်ဗျ။ အများစုက ပေါ်တာနဲ့ပါလာတာတွေ”ဟု ပြောသည်။

စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေဖြင့် ခေါ်ဆောင်ထားသူများ၊ ရန်ကုန်အပါအဝင် မြို့နယ်အချို့မှ ပေါ်တာဆွဲဖမ်းဆီးထားသူများအား ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ် ကွင်းကောက်မြို့ရှိ အမှတ်(၅)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းနှင့် ပုသိမ်မြို့ရှိ အမှတ်(၆)စစ်အခြေခံ လေ့ကျင့်ရေးတပ်တွင် စစ်သင်တန်းပေးနေကြောင်း သတင်းရရှိသည်။

” ရက်တိုသင်တန်းတွေပဲပေးပြီး ရှေ့တန်းပို့တာ။ သေတာတွေ၊ သတင်းပြန်မကြားရတာတွေ၊ ခြေပြတ် လက်ပြတ်နဲ့ ပြန်ရောက်လာတာတွေ ရှိတယ်”ဟု ဧရာဝတီတိုင်း၊ ကြံခင်းမြို့မှ စစ်မှုထမ်းရန်ခေါ်ဆောင်ခံရသူလူငယ်တစ်ဦး၏ ဦးလေးတော်စပ်သူက ပြောသည်။

လက်ရှိတွင်လည်း စစ်မှုထမ်းရန် ခေါ်ဆောင်ထားသည့် လူငယ်များကို သင်တန်းအပတ်စဥ်(၅) အဖြစ် အဆိုပါ စစ်သင်တန်းကျောင်း နှစ်ခုတွင် သင်တန်းပေးနေကြောင်း သတင်းရရှိသည်။

ဩဂုတ်လလယ်မှစတင်ခဲ့သော ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း လက်ရှိတွင် စစ်ကောင်စီရဲစခန်းအပါအဝင် စခန်းနှစ်ခုကျန်ရှိနေပြီး တစ်မြို့လုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားသည်။ မြို့သိမ်းတိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီသည် ယနေ့ (စက်တင်ဘာ ၈ရက်)တွင် ရဟတ်ယာဉ်လေးစီးဖြင့် အင်အားဖြည့်နေကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မြို့နယ်‌‌၂၀ထက်မနည်း ရေကြီးနစ်မြုပ်၊ နေအိမ်အချို့ ပျက်စီး

သတင်း

ဧရာဝတီတိုင်း၊ လေးမျက်နာမြို့မှာ ငဝန်မြစ် ရေကာတာကျိုးလို့ ရပ်ကွက်နဲ့ကျေးရွာ ၆ ခုထက်မနည်း အရေးပေါ်ရွေ့ပြောင်းနေရပါတယ်။

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

ဧရာဝတီတိုင်းအတွင်းရွှေသောင်ယံ၊သာပေါင်း၊ ရေကြည် နဲ့ လေးမျက်နှာမြို့နယ်အတွင်းမှာတိုက်ပွဲတွေပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်ကအင်အားဖြည့်တင်းနေသလို လေကြောင်းကနေ နေ့စဉ် ဗုံးကြဲနေပါတယ်။