Connect with us

Hi, what are you looking for?

သတင်း

ပွင့်ဖြူတွင် ပျူစောထီးခေါင်းဆောင်အသတ်ခံရပြီးနောက် စစ်ကောင်စီက ကျေးရွာများ စစ်ကြောင်းထိုးရန်ပြင်ဆင်နေ

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ လယ်မကျေးရွာတွင် ပျူစောထီးခေါင်းဆောင်တစ်ဦး အသတ်ခံရပြီးနောက် စစ်ကောင်စီတပ်က အနီးရှိကျေးရွာများအား စစ်ကြောင်းထိုးရန်ပြင်ဆင်နေကြောင်း ဒေသခံများက ပြောသည်၊၊

စစ်ကောင်စီတပ်သားများ။ ဓာတ်ပုံ - AFP/File

စောနွေဦး/People’s Spring

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ လယ်မကျေးရွာတွင် ပျူစောထီးခေါင်းဆောင်တစ်ဦး အသတ်ခံရပြီးနောက် စစ်ကောင်စီတပ်က အနီးရှိကျေးရွာများအား စစ်ကြောင်းထိုးရန်ပြင်ဆင်နေကြောင်း ဒေသခံများက ပြောသည်၊၊

လယ်မကျေးရွာမှ ပျူစောထီးခေါင်းဆောင်ရာဇာကို ဒေသကာကွယ်ရေးတပ်များက စက်တင်ဘာ ၈ရက်တွင် ပစ်ခတ်ရှင်းလင်းပြီးနောက် စစ်ကောင်စီတပ်က လယ်မရွာအနီးရှိကျေးရွာများအား စစ်ကြောင်းထိုးရန်ပြင်ဆင်နေခြင်း ဖြစ်သည်။

“ပျူစောထီး နှစ်ယောက်ကို ကာကွယ်ရေးတပ်တွေက သတင်းအရကြိုစောင့်ပြီးပစ်တာ။ တစ်ယောက်က ခေါင်းထိပြီး သေသွားတယ်။ တစ်ယောက်က ဒဏ်ရာရသွားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထိုသို့ပစ်ခတ်မှုဖြစ်ပြီးနောက် ယစ်ပြင်နှင့် ဆင်လူးကျေးရွာမှ ပျူစောထီးများပါအဝင်သည့် စစ်ကောင်စီစစ်ကြောင်းသည် ကား ၃ စီးဖြင့် လယ်မကျေးရွာထွက်လာစဉ် ကာကွယ်ရေးတပ်များက ဆင်လူးရွာနှင့် မဲဇလီကျေးရွာကြားတွင် စီးကြိုတိုက်ခိုက်ခဲ့သည်ဟုလည်း အခြားဒေသခံတစ်ဦးကလည်း ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က မဲဇလီရွာတွင် အင်အားစုပြီး အနီးရှိ ကျေးရွာများအား စစ်ကြောင်းထိုးရန် ပြင်ဆင်နေသည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်တိုက်ပွဲမှာ အထိနာသွားတဲ့ စစ်တပ်က စစ်ကြောင်းထိုး မီးရှို့နေလို့ ကျေးရွာ ၁၀ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရှေးဟောင်းယဉ်ကျေးမှုမြို့တော် ပုဂံ၊ညောင်ဦးမြို့နယ်က ငါ့သရောက်နယ်မြေမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ် တိုက်ခိုက်ခံရပြီးနောက် စစ်သား ၂၀ လောက်ဟာ လက်နက်တွေယူပြီးထွက်ပြေးနေတယ်လို့ ပုဂံဘီလူးတပ်လို့ခေါ်တဲ့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။