Connect with us

Hi, what are you looking for?

သတင်း

ရေတာရှည်မြို့နယ်တွင် စစ်ကောင်စီ ဒရုန်းဖြင့်တိုက်ခိုက်၍ ပြည်သူ သုံးဦးထက်မနည်းသေဆုံး

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကဲလင်းဆိပ်ကျေးရွာ စာသင်ကျောင်းနှင့် ရှားတောကျေးရွာများအား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဒရုန်းဖြင့်တိုက်ခိုက်ခဲ့၍ အရပ်သား ပြည်သူ သေဆုံးထိခိုက်မှုများရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ပိုင်းစစ်ဒေသက သတင်းထုတ်ပြန်သည်။

ဟန်နွေ/People’s Spring

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကဲလင်းဆိပ်ကျေးရွာ စာသင်ကျောင်းနှင့် ရှားတောကျေးရွာများအား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဒရုန်းဖြင့်တိုက်ခိုက်ခဲ့၍ အရပ်သား ပြည်သူ သေဆုံးထိခိုက်မှုများရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ပိုင်းစစ်ဒေသက သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၈ရက် နံနက်တွင် စစ်ကောင်စီက ကဲလင်းဆိပ်ရွာ စာသင်ကျောင်းကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ ကျောင်းအနီးရှိ ပြည်သူ ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းနေ့ နေ့လည်ပိုင်းတွင် ကဲလင်းဆိပ်ရွာ တောင်ခြေလမ်းဆုံအား ဒရုန်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ ပြည်သူ ၇ဦး ဒဏ်ရာရပြီး ၃ဦးသေဆုံးခဲ့ကြောင်း၊ ဆက်လက်၍ ကဲလင်းဆိပ်ရွာအနီး ရှားတောရွာကိုလည်း စစ်ကောင်စီက ဗုံးကြဲခဲ့ရာ ပြည်သူ ၂ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း Yedashe Township Informationက ဖော်ပြသည်။

ထိုသို့တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ သုံးဦးသေဆုံးပြီး ၁၂ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ဟု တောင်ပိုင်းစစ်ဒေသ၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။ ဒဏ်ရာရသူများထဲတွင် ဒဏ်ရာပြင်းထန်သူများလည်းရှိခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ကဲလင်းရွာစာသင်ကျောင်း တိုက်ခိုက်ခံရမှု ရုပ်သံကိုလည်း တောင်ပိုင်းစစ်ဒေသက ဖော်ပြရာ အမျိုးသားတစ်ဦးက “ ခွေး(စစ်ကောင်စီတပ်ဖွဲ့ဝင်)တွေဆီကနေ ဒရုန်းလာကြဲသွားတာပါ။ လူနေအဆောက်အအုံမမဟုတ်ဘူး။ ကလေးတွေရဲ့ အနာဂတ် စာသင်ကျောင်းကိုလာပြီး ဖျက်ဆီးသွားတာပါ”ဟု ပြောကြားထားသည်။

စစ်ကောင်စီသည် တော်လှန်ရေးပူးပေါင်းအဖွဲ့များကို အဘက်ဘက်ကရှုံးနိမ့်လာပြီးနောက် ‌‌‌တောင်ပိုင်းစစ်ဒေသနယ်မြေအပါအဝင် ဒေသအသီးသီးတွင် လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းများကို ရည်ရွယ်ချက်ရှိရှိ ဆက်တိုက်ပြုလုပ်လာလျက်ရှိသည်ဟုလည်း တောင်ပိုင်းစစ်ဒေသက သတင်းထုတ်ပြန်သည်။

အာဏာလက်လွှတ်ရန် နီးကပ်နေပြီဖြစ်သော စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ပြီး ပြည်သူလူထုအား သတ်ဖြတ်နေမှု အပါအဝင် စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေသော အကြမ်းဖက်တိုက်ခိုက်မှု လုပ်ရပ်များကို မှတ်တမ်းတင်ထားရှိပြီး အိမ်နီးနားချင်းနိုင်ငံများ၊ အကြမ်းဖက်တိုက်ခိုက်မှုကို မလိုလားသော ယဉ်ကျေးသည့် နိုင်ငံတကာအဖွဲ့အစည်းများထံပေးပို့သွားမည်ဟု ကိုးကန့်တပ်မတော်(MNDAA)၊ တအာင်းတပ်မတော်(TNLA)၊ ရက္ခိုင်တပ်တော်(AA) တို့က ယနေ့ညတွင် ပူးတွဲထုတ်ပြန်သည်။

စစ်ရှုံးစစ်ကောင်စီက နိုင်ငံအနှံ့ လေကြောင်းမှ နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေသည့် လုပ်ရပ်များနှင့်ပတ်သက်ပြီး ညီနောင်မဟာမိတ်သုံးဖွဲ့က စက်တင်ဘာ ၁၀ရက်တွင် သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

နိုင်ငံတကာ

လက်တုံ့ပြန်တဲ့ အနေနဲ့ အီရန်ဟာ ပင်လယ်ကွေ့ ဒေသတွင်း နိုင်ငံတချို့မှာရှိတဲ့ အမေရိကန် စစ်စခန်းတွေကို တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ စိတ် ကျန်းမာရေးမကောင်းသူတစ်ဦး စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ကျောရိုးထိခိုက်သွားပြီး အကူ အညီလိုအပ်နေကြောင်း ​ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက အသိပေးပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ ဒရုန်းတွေနဲ့ ရေဒါစခန်းတွေကို တိုက်ခိုက်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောကြားခဲ့ပါတယ်။