Connect with us

Hi, what are you looking for?

သတင်း

ရေဘေးကြောင့် တာချီလိတ်နှင့် မိုင်းဆတ်ကြားရှိ တံတားနှစ်စင်းကျိုး

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် မိုးသည်ထန်စွာရွာနေပြီး တာချီလိတ် – မိုင်းဆတ် လမ်းပိုင်းရှိ တံတားတစ်စင်းနှင့် တာချီလိတ်မြို့အဝင်ရှိ တံတာတစ်စင်း ရေစီးကြောင့် ကျိုးကျသွားကြောင်း သတင်းရရှိသည်။

ဆိုက်ခေါင်တံတား ကျိုးကျနေသည်ကို ယနေ့ စက်တင်ဘာ ၁၁ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - MFG

မိထက်/People’s Spring

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် မိုးသည်ထန်စွာရွာနေပြီး တာချီလိတ် – မိုင်းဆတ် လမ်းပိုင်းရှိ တံတားတစ်စင်းနှင့် တာချီလိတ်မြို့အဝင်ရှိ တံတာတစ်စင်း ရေစီးကြောင့် ကျိုးကျသွားကြောင်း သတင်းရရှိသည်။

မိုင်းဆတ် – တာချီလိတ်သွားလမ်းပိုင်းရှိ ဆိုက်ခေါင်တံတားသည် ယမန်နေ့(စက်တင်ဘာ ၁၀ရက်) ညနေတွင် တောင်ကျချောင်းရေကြောင့် ကျိုးကျခြင်းဟု ဒေသခံများက ပြောသည်။ ထို့အပြင် တာချီလိတ်မြို့အဝင်ရှိ လွယ်တော်ခမ်းတံတားလည်း ညပိုင်းတွင် ကျိုးကျသွားခဲ့သည်ဟု သိရသည်။

” ဒီတံတားတွေက အရေးကြီးတယ်။ လမ်းတွေလညမးပျက်စီးတယ်။ ရှမ်းအရှေ့ရေဘေးက ထင်တာထက် ဆိုးရွားနေပါတယ်”ဟု မိုင်းဆတ် မြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထိုင်းနိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သောရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့တွင် စက်တင်ဘာ ၁၀ရက်မှစ၍ စံချိန်တင်ရေကြီးနေပြီး မြို့ပေါ်ရပ်ကွက်များနစ်မြုပ်နေသည်။ ကယ်ဆယ်ရေးအတွက် ဒေသခံများသည် အရေးပေါ်အကူအညီများတောင်းခံနေရဆဲ ဖြစ်သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းမှ ပန်ဆန်းအပါအဝင် ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၊ မိုင်းဆတ်၊ ကျိုင်းတုံမြို့တို့၌လည်း ရပ်ကွက်အချို့ ရေဘေးကြုံနေသည်။

ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးမြို့၊ ပင်းတယ၊ ရွာငံ၊ ကလော၊ အောင်ပန်းမြို့နယ်တို့၌ မိုးသည်းထန်စွာရွာနေပြီး ဒေသတွင်း မြစ်ချောင်းများရေလျှံနေသည်ဟု ဒေသခံများက ပြောသည်။

တောင်တရုတ်ပင်လယ်တွင် ပြီးခဲ့သည့်ရက်ကဖြစ်ပေါ်ခဲ့သော တိုင်ဖွန်းမုန်တိုင်းYAGIမှ အကြွင်းအကျန် တိမ်တိုက်များဝင်ရောက်နေစဉ် မြန်မာနိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းနေခြင်းဖြစ်သည်။

လတ်တလောရာသီဥတုအခြေအနေအရ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်တို့တွင် မိုးကြီးနိုင်ပြီး ရေဘေးနှင့်မြေပြိုမှုဘေးသတိပြုကြရန်အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM) က သတိပေးချက်ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ယနေ့ ဩဂုတ် ၄ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေဆင်းလာလို့ ရေဘေးနဲ့ မြေပြိုမှု‌ဘေး ထပ်မံကြုံတွေ့နေပါတယ်။

သတင်း

ရေဘေးကယ်ဆယ်ရေး စစ်ကောင်စီ စနစ်တကျမစီမံနိုင်လို့ အန္တရာယ်ပိုကြီးလာ

သတင်း

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ လေးမျက်နှာ-ငါးသိုင်းချောင်းလမ်းပိုင်းဆက်သွယ်ထားတဲ့ တံတားတစ်စင်း ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးခဲ့တယ်လို့ ကယ်ဆယ်ရေးလုပ်ကိုင်သူတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်