Connect with us

Hi, what are you looking for?

သတင်း

ရှမ်းမြောက်၌ တိုင်းရင်းသားတော်လှန်ရေးတပ်များအကြား အောက်ခြေပြဿနာများ မကြာခဏဖြစ်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၌ တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များအကြား အောက်ခြေတွင် ပြဿနာအချို့ မကြာခဏဖြစ်ပွားနေပြီး အဆိုပါ ဖြစ်ရပ်များအား သက်ဆိုင်ရာ ခေါင်းဆောင်များ အမြန်ဆုံးတွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာသင့်ကြောင်း ရှမ်းမြောက်သတင်းရင်းမြစ်က တိုက်တွန်းသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ရှမ်းမြောက်၌ KIA တပ်သားများနှင့် MNDAA တပ်သားအချို့ အချင်းများနေစဥ်။

ဟန်နွေ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၌ တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့များအကြား အောက်ခြေတွင် ပြဿနာအချို့ မကြာခဏဖြစ်ပွားနေပြီး အဆိုပါ ဖြစ်ရပ်များအား သက်ဆိုင်ရာ ခေါင်းဆောင်များ အမြန်ဆုံးတွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာသင့်ကြောင်း ရှမ်းမြောက်သတင်းရင်းမြစ်က တိုက်တွန်းသည်။

နယ်မြေဆိုင်ရာနှင့် အုပ်ချုပ်မှုဆိုင်ရာ ပြဿနာများ၊ စစ်ရေးလှုပ်ရှားမှုဆိုင်ရာပြဿနာများနှင့်ပတ်သက်ပြီး ရှမ်းမြောက်တွင် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသည့် တိုင်းရင်းသား တော်လှန်ရေးတပ်များအကြား ပြဿနာအချို့အချို့ ယခုနှစ်အတွင်း ဖြစ်ခဲ့သည်။ ကိုးကန့်၊တပ်မတော်(MNDAA)၊ တအာင်းတပ်မတော်(TNLA)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)တပ်များ ရှမ်းမြောက်၌ တည်ရှိပြီး လက်ရှိတွင် ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)တပ်များလည်း လားရှိုး၊ တန့်ယန်းနှင့် ဆက်စပ်နယ်မြေများ၌ ရောက်ရှိနေပြီဖြစ်သည်။

Public Service Announcement

Public Service Announcement

” အောက်ခြေက ပွတ်တိုက်မှုတွေအနည်းအကျဉ်းရှိလာတဲ့အချိန်မှာ အချိန်မီ သက်ဆိုင်ရာ ခေါင်းဆောင်တွေက တာဝန်ယူမှု တာဝန်ခံမှု အပြည့်အ၀နဲ့ အမြန်ဆုံးတွေ့ဆုံဆွေးနွေးအဖြေရှာတာ မလုပ်နိုင်ခဲ့ရင် မကြာခင်မှာပဲ ထိန်းသိမ်းရခက်ခဲတဲ့ ပွတ်တိုက်မှုတွေ ပစ်ခတ်မှုတွေပေါ်ပေါက်လာမှာကို အဓိကစိုးရိမ်တာ”ဟု ရှမ်းမြောက်သတင်းရင်းမြစ်က ပြောသည်။

ဒေသခံပြည်သူအများစု၏ ဆန္ဒမှာ စစ်ကောင်စီကို အမြစ်ပြတ်တိုက်ပေးရန်လိုလားကြောင်း ၎င်းက ဆိုသည်။

” အချင်းချင်းတော့ ပြေပြေလည်လည်နဲ့ အပြန်အလှန် လေးစားမှု ရှိပြီးမှ အတူတကွ လက်တွဲပြီး အတူတကွ ဘယ်လိုယှဉ်တွဲနေထိုင်ကြမလဲ ဒီဖက်ဒရယ်ဒီမိုကရေစီ စနစ်မှာ အုပ်ချုပ်ရေး ယန္တရားကအစ ပူးတွဲအုပ်ချုပ်ကြမယ်ဆိုလည်း သေသေချာတာ ညှိနှိုင်းပြီး အုပ်ချုပ်ကြပါဆိုတဲ့ သဘောထားလေသံတွေတော့ ရထားတယ်”ဟု သတင်းရင်းမြစ်က ပြောသည်။

ပွတ်တိုက်မှုပိုမိုများပြားလာပါက ပြည်သူအတွက်လည်း မကောင်းသလို စစ်ကောင်စီကို တော်လှန်နေမှုများလည်း အားနည်းနိုင်သည်ဟု ဆိုသည်။

” တော်လှန်ရေးတပ်ဖွဲ့တွေ သက်ဆိုင်ရာခေါင်းဆောင်တွေ အမြန်ဆုံး တွေ့ဆုံဆွေးနွေးအဖြေရှာတာမရှိဘူးဆိုရင် ကြာလာရင် ပစ်ခတ်မှုတွေထွက်ပေါ်လာမယ်ဆိုရင် စစ်ကောင်စီက လက်ခုပ်တီးပြီး ကြည့်နေတော့မှာ”ဟု သတင်းရင်းမြစ်က ပြောသည်။

ယခုနှစ်အတွင်း ရှမ်းမြောက်၌ ကိုးကန့်တပ်မတော်(MNDAA)နှင့် KIA အကြား၊ TNLAနှင့် KIA အကြား၊ TNLAနှင့် SSPP အကြား ပြဿနာအချို့ရှိခဲ့ပြီး TNLAနှင့် SSPP အကြားတွင် တိုက်ပွဲဖြစ်ပွားသည်အထိ ပြဿနာ ကြီးမားခဲ့သည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း ၀တပ်ဖွဲ့(UWSA)နှင့် MNDAA အကြား ဂိတ်ဖြတ်သန်းမှုနှင့်ပတ်သက်ပြီး လားရှိုး-မိုင်းရယ်အကြား ပြဿနာအချို့ရှိခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်အချို့က ပြောသည်။ သို့သော် UWSA လားရှိုးမြို့ ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက ယင်းဖြစ်စဉ်မျိုးမရှိဟု ပြောထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်နယ်မြေတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်း တိုက်ခိုက်တာအပါအဝင် ပုံစံမျိုးစုံနဲ့ စစ်ရေးအရ ဖိအားပေးလာနိုင်လို့ ဒေသခံ ပြည်သူတွေ လေကြောင်းရန် အထူးသတိထားဖို့ လိုအပ်ကြောင်း ရှမ်းမြောက်ဒေသစစ်ရေးလေ့လာသူ တဦးက တိုက်တွန်းပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲပြန်ဖြစ်လာနိုင်တယ်လို့ သတင်းတွေထွက်နေစဉ်မှာ ကျောက်မဲမြို့ကပေါ်ကနေ အဏာသိမ်းစစ်တပ်က ဒီက​နေ့မှာ တိုက်လေယာဉ်အနိမ့်ပျံပြီးခြိမ်းခြောက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ဖိအားပေးတာတရားဝင်ပြောတာမရှိ၊ လတ်တလောအပြောင်းအလဲမရှိဂိတ်တွေဆက်ထိုင်ထားဟု KIA ပြော

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကြီး လေးဖွဲ့ တွေ့ဆုံပြီး အာဏာသိမ်း စစ်ကောင်စီတပ်ကိုဆန့်ကျင်တော်လှန်နေတဲ့ တော်လှန်ရေးအောင်မြင် နိုင်ဖို့ ဆွေးနွေးထားကြတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ခေါင်းဆောင် ပိုင်းတစ်ဦးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။