Connect with us

Hi, what are you looking for?

သတင်း

နေပြည်တော်ရေ‌‌ဘေးအတွင်း သစ်ပင်ပေါ် နာရီ၂၀နီးပါးနေခဲ့ရသူ လူ၃၀ကျော်ကို လူမှုကူညီရေးအဖွဲ့ကယ်ဆယ်

နေပြည်တော် ပျဥ်းမနားမြို့နယ် ရေ‌‌ဘေးအတွင်း သစ်ပင်ပေါ် နာရီ၂၀နီးပါး တွဲခိုနေခဲ့ရသည့် ကလေးငယ်အချို့အပါအဝင် လူ ၃၄ ဦးကို လူမှုကူညီရေးအဖွဲ့တစ်ဖွဲ့က ယနေ့နံနက်ပိုင်းတွင် ကယ်ဆယ်နိုင်ခဲ့သည်။

ပျဥ်းမနားမြို့နယ် ရေ‌‌ဘေးအတွင်း သစ်ပင်ပေါ် နာရီ၂၀နီးပါး တွဲခိုနေခဲ့ရသူများအား ကယ်ဆယ်နေစဉ်။ ဓာတ်ပုံ - CJ

မိထက်/People’s Spring

နေပြည်တော် ပျဥ်းမနားမြို့နယ် ရေ‌‌ဘေးအတွင်း သစ်ပင်ပေါ် နာရီ၂၀နီးပါး တွဲခိုနေခဲ့ရသည့် ကလေးငယ်အချို့အပါအဝင် လူ ၃၄ ဦးကို လူမှုကူညီရေးအဖွဲ့တစ်ဖွဲ့က ယနေ့နံနက်ပိုင်းတွင် ကယ်ဆယ်နိုင်ခဲ့သည်။

လူ ၃၅ဦးသည် သစ်ပင်အချို့ပေါ်၌ ယမန်နေ့ (စက်တင်ဘာ ၁၁ရက်) နေ့လည်ကတည်းက တက်၍ ရေဘေးတိမ်းရှောင်နေရခြင်းဖြစ်သည်။

အဆိုပါနေရာသို့ လူမှုကူညီ‌ရေးအဖွဲ့တစ်ဖွဲ့က ယနေ့နံနက် ၁၁ နာရီကျော်တွင် သွားရောက်နိုင်ခဲ့ပြီး ကယ်ဆယ်နိုင်ခဲ့ခြင်းဟု သိရသည်။ ၃၅ဦးအနက်တစ်ဦးသည် သေဆုံးနေ၍ ရုပ်အလောင်းကိုသာ ပြန်လည်ရရှိခဲ့သည်ဟု သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

ယခုကယ်ဆယ်နိုင်ခဲ့သူများတွင် ကလေးငယ် အချို့နှင့် အမျိုးသမီးအချို့ပါဝင်ပြီး ၎င်းတို့သည် ကျေးရွာအနီးရှိ သစ်ပင်ပေါ်၌ နာရီ၂၀နီးပါး နေခဲ့ကြရသည်။

တစ်ညလုံး ဘာမှမစားခဲ့ကြရသလို စိုးရိမ် ထိတ်လန့်နေကြပြီး ကျန်းမာရေးအတွက် စိုးရိမ်စရာမရှိကြောင်း သိရသည်။

စစ်ကောင်စီထိန်းချုပ်ထားသည့် နေပြည်တော် တွင် ယမန်နေ့(စက်တင်ဘာ ၁၁ရက်)နံနက်မှစ၍ ရေဘေးကြုံတွေ့ခဲ့ရပြီး ဇေယျာသိရိ၊ပုဗ္ဗသိရိ၊ တပ်ကုန်း၊ပျဉ်းမနားမြို့နယ်တို့မှ ကျေးရွာပေါင်း ၅၀ထက်မနည်း ဆိုးဆိုးရွားရွားနေကြီးနေကြောင်း ဒေသခံများက ပြောသည်။

ရေစီးအတွင်း အိမ်နှင့်အတူ မျောပါသွားသူအချို့၊ သစ်ပင်ပေါ်တက်၍ တိမ်းရှောင်ရင်း ပြုတ်ကျသေဆုံးမှုအချို့၊ ကယ်ဆယ်ရေးစက်လှေပေါ်မှာပြုတ်ကျသေဆုံးသူအချို့ရှိနေသည်ဟု ကိုယ်တိုင်ရေဘေးကြုံသူများက ပြောသည်။

ယနေ့နံနက်ပိုင်းတွင် ရေအနည်းငယ်ပြန်ကျသည့်နေရာများရှိနေသော်လည်း

နေအိမ်များအတွင်း ပိတ်မိနေ၍ အရေးပေါ်လာရောက်ကယ်ဆယ်ရန်အကူအညီတောင်းခံမှုများလည်းရှိနေဆဲ ဖြစ်သည်။

ရေဘေးကြောင့်သေဆုံးသူ စာရင်းကို လတ်တလော မသိရှိနိုင်သေးဘဲ။ စစ်ကောင်စီကတရားဝင်သတင်းမထုတ်ပြန်သေးသလို ရေဘေးကယ်ဆယ်ရေးတွင် ထိထိရောက်ရောက် လုပ်ဆောင်ခြင်းမရှိဟု ဒေသခံများက ဆိုသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ကျနော်တို့ မြန်မာနိုင်ငံမှာ ရေဘေးက နှစ်စဥ် လာလေ့ရှိပြီး တစ်နှစ်ထက်တစ်နှစ် ပိုပိုဆို၀းလာခဲ့တယ်။ သစ်တောပြုန်းတီးတာ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးတာတွေကြောင့် ပိုမိုဆိုးရွားတဲ့ ရေဘေးအန္တရာယ်ကို မကြာခဏ ရင်ဆိုင်ရတယ်။ ဒီနှစ်မှာဆိုရင် ဧရာဝတီတိုင်းက လေးမျက်နှာမှာ ငဝန်မြစ်ရေကာတာကျိုးလို့ ရေကြီးနေတဲ့အပြင် အထက်ပိုင်းက မန္တလေး၊ စစ်ကိုင်း၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ...

သတင်း

လေးမျက်နှာရေဘေးမှာရေမြုပ်နေတဲ့အိမ်တွေကို ထမင်းထုပ်လိုက်ဝေတဲ့ဒေသခံလူငယ်တဦးရေစီးနဲ့ မျောပါသေဆုံးသွားပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ယနေ့ ဩဂုတ် ၄ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေဆင်းလာလို့ ရေဘေးနဲ့ မြေပြိုမှု‌ဘေး ထပ်မံကြုံတွေ့နေပါတယ်။

သတင်း

ရေဘေးကယ်ဆယ်ရေး စစ်ကောင်စီ စနစ်တကျမစီမံနိုင်လို့ အန္တရာယ်ပိုကြီးလာ