Connect with us

Hi, what are you looking for?

သတင်း

နမခအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)အား လက်နက်ကြီးများဖြင့် တစ်နာရီကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ပြောသည်။

နမခအား လက်နက်ကြီးများဖြင့် ပစ်ခတ်ရန်ပြင်ဆင်နေစဥ်။ ဓာတ်ပုံ - ပတ္တမြား

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)အား လက်နက်ကြီးများဖြင့် တစ်နာရီကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ပြောသည်။

စက်တင်ဘာ ၁၁ ရက် ည ၈နာရီခန့်က မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)အား ရော့ကတ် အလုံး ၂၀ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုအခြေအနေ စုံစမ်းနေကြောင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ပြောသည်။

“ည၉နာရီအချိန်ထိ ပစ်တာပါ။ အထိအခိုက်များလောက်တယ်။ တိုင်းရုံးထဲ တစ်လုံးကျတယ်။”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ပစ်ခတ်မှုကို ချင်းတွင်ရှော့ကတ်ညီနောင်အဖွဲ့၊ ယင်းမာပင်ခရိုင်တပ်ရင်း(၁)၊ Chindwin Brothersတပ်ဖွဲ့၊ ချိုမိုင်မိုင်(ကနီ)အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

နမခတိုင်းရုံးအတွင်း တစ်လုံးနှင့် အားကစားကွင်းအတွင်း တစ်လုံးကျသည်ဟု သိရပြီး နမခမှလည်း ဟောင်ဝစ်ဆာဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု မုံရွာကင်းထောက်များအဖွဲ့ကဆိုသည်။

နမခအား ယခုနှစ် ဖေဖော်ဝါရီနှင့် ဧပြီအတွင်းကလည်း တိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။

အလားတူ အခြားသတင်းတရပ်အဖြစ် စက်တင်ဘာ ၁၀ ရက် နေ့လယ် ၁၂ နာရီခန့်က မြိုင်မြို့အတွင်းရှိ စစ်ကောင်စီဂိတ်တစ်ခုပြုလုပ်ထားသည့် သုံးထပ်တိုက်နှင့် ဘန်ကာအား လက်နက်ကြီး ၆လုံးဖြင့် ပစ်ခက်တိုက်ခိုက်ခဲ့ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောသည်။

ပစ်ခတ်မှုကြောင့် ၎င်းတို့တပ်စွဲရာ သုံးထပ်တိုက် ထိမှန်ပြီး စစ်သား၂ဦး ဒဏ်ရာရဟု မြိုင်ပကဖက ဆိုသည်။

“ပြည်သူ့နေအိမ်တွေ နှစ်ထပ်တိုက်သုံးထပ်တိုက်တွေမှာလည်း တပ်စွဲထားတယ်။ ဒါပေမယ့်သူတို့က အဲဒီပြည်သူ့နေအိမ်မှာမနေရင် အောက်မှာ ဘန်ကာတွေနဲ့စောင့်နေတာရှိတယ်။အခုထိကို အလောင်းတလောင်း လာမကောက်ရဲသေးဘူး။”ဟု မြိုင်ပကဖခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

ထို့နောက် ရဲစခန်းနှင့် ဆေးရုံရှိ စစ်ကောင်စီတပ်သားများ စစ်ကူလာ၍ ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု ဆိုသည်။

အဆိုပါ စစ်ဆင်ရေးကို မြိုင် ပကဖ တပ်ရင်း(၁)တပ်ခွဲ- ၄ တပ်ခွဲ- ၅နှင့် မြိုင်ပကဖ Done တပ်ရင်း၊လက်နက်ကြီးတပ်ရင်း၊ 8+အညာမြေအင်အားစုစစ်ဆင်ရေး၊ စနေမင်း၊ PKU Underground Force၊ Burma Revolalution Ranger ဗိုလ်မိုက်ခဲအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။