Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီသင်္ဘောအုပ်စု ​ရွှေကူမြို့တွင် တိုက်ခိုက်ခံရပြီး ၅၀ ဦးထက်မနည်းသေဆုံး

ဧရာဝတီမြစ်ကြောင်းအတိုင်းလေကြောင်းလုံခြုံရေးယူဆန်တက်နေသည့် စစ်ကောင်စီတပ်သင်္ဘော ငါးစင်းအား ရွှေကူမြို့နယ်အတွင်း KIA နှင့် PDF တိုက်ခိုက်မှုကြောင့် ရှေ့ဆက်မတိုးနိုင်ဘဲ ယခုရက်ပိုင်းတိုက်ခိုက်မှုတွင် ၅၀ ဦးထက်မနည်းသေဆုံးသွားကြောင်း သတင်းရရှိသည်။

ဧရာဝတီမြစ်အတိုင်း မန္တ​လေးမြို့မှဆန်တက်လာပြီး စစ်​ရေယာဥ်များကို ထီးချိုင့်မြို့နယ်သို့​ရောက်လာစဥ်​တွေ့ရမှု ။ ဓါတ်ပုံ-TR

“အဲသင်္ဘောနှစ်စီး ပြန်ဆင်းလာရတယ်။ ဆက်မတက်နိုင်ဘူး။ အခုည ငါးဘတ်ကြီးကျေးရွာဆိပ်ကမ်းမှာ ရပ်ထားတယ်”

— PDF တစ်ဦး

သားကြီး/People’s Spring

ဧရာဝတီမြစ်ကြောင်းအတိုင်းလေကြောင်းလုံခြုံရေးယူဆန်တက်နေသည့် စစ်ကောင်စီတပ်သင်္ဘော ငါးစင်းအား ရွှေကူမြို့နယ်အတွင်း KIA နှင့် PDF တိုက်ခိုက်မှုကြောင့် ရှေ့ဆက်မတိုးနိုင်ဘဲ ယခုရက်ပိုင်းတိုက်ခိုက်မှုတွင် ၅၀ ဦးထက်မနည်းသေဆုံးသွားကြောင်း သတင်းရရှိသည်။

“ရွှေကူဆိပ်ကမ်းမှာ ရပ်ထားတုန်း ဒရုန်းနဲ့ချတာ ၁၂ ယောက်သေတယ်။ ဒီရက်ထဲ အထက်ကိုဆက်တက်ဖို့ သင်္ဘောနှစ်စီးက မြေပြင်စစ်ကြောင်းစစ်ကူနဲ့လာတာကို ဖြတ်တိုက်တာ ၄၀ လောက်ပြုတ်တယ်”ဟု ရွှေကူမြို့မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

မန္တလေးမြို့၊ဂေါဝန်ဆိပ်ကမ်းမှထွက်ခွာလာ​သောစစ်ကောင်စီသင်္ဘောငါးစင်းသည် ရွှေကူဆိပ်ကမ်းသို့ စက်တင်ဘာလ ၃ ရက်တွင် ရောက်ရှိလာခြင်းဖြစ်သည်။ ယင်းနေ့တွင် ဒရုံးဖြင့်တိုက်ခိုက်မှု၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးသေဆုံးခဲ့ခြင်းဟုသိရ သည်။

Public Service Announcement

Public Service Announcement

မြစ်ကမ်းဘေးမှစစ်ကူစစ်ကြောင်းနှင့်အတူဗန်းမော်မြို့သို့ ဆန်တက်ရန်ကြိုးစားသည့် စစ်ကောင်စီတပ်ကိုစက်တင်ဘာလ ၁၂ ရက် က တိုက်ခိုက်ရာ ၄၀ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

“အဲသင်္ဘောနှစ်စီး ပြန်ဆင်းလာရတယ်။ ဆက်မတက်နိုင်ဘူး။ အခုည ငါးဘတ်ကြီးကျေးရွာဆိပ်ကမ်းမှာ ရပ်ထားတယ်” ဟု အခြား PDF တစ်ဦးကဆက်ပြောသည်။

လက်ရှိတွင် ရွှေကူမြို့ဆိပ်ကမ်း၌စစ်ကောင်စီတပ်သင်္ဘောသုံးစီး ၊ ယင်းနေရာ နှင့် နှစ်မိုင်ခန့်အကွာရှိ ငါးဘတ်ကြီးကျေးရွာဆိပ်ကမ်း၌ စစ်ကောင်စီသင်္ဘော၂ စီး ရှိနေသည်ဟု သတင်းရရှိသည်။

အဆိုပါစစ်ကောင်စီစစ်သင်္ဘောအုပ်စုတွင် လက်နက်၊ စက်သုံးစီ နှင့် ရိက္ခာများပါဝင်လာပြီးမန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းမှ ဩဂုတ်လကုန်တွင် ထွက်ခွာလာပြီး စဉ့်ကူး၊ သပိတ်ကျင်း၊ ထီးချိုင့်၊ ကသာမြို့များကိုဖြတ်ကာ ရွှေကူမြို့ရောက်ရှိလာခြင်းဖြစ်သည်။

ကသာမြို့နယ်ကို ဖြတ်သန်းစဉ် စစ်ကောင်စီ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့်အင်းရွာလေး၊ကလုံ နှင့် အင်းရွာတို့တွင် ဒေသခံသုံးဦးသေဆုံးခဲ့သည်။

ယခုအခါ ရွှေကူမြို့မှတဆင့် ဗန်းမော်မြို့သို့ဆန်တက်ရန် ကြိုးစားနေပြီး KIA နှင့် PDF၏တိုက်ခိုက်မှုကြောင့် ခရီးဆက်မရဘဲဖြစ်နေသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့က မရှီကထောင်ဆုတောင်းကုန်းအနီးမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီက Y8 လေယာဉ်နဲ့ လက်နက်ခဲယမ်းနဲ့ လူအင်အား ထပ်ပို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။