Connect with us

Hi, what are you looking for?

သတင်း

မြဝတီ လေးကေ့ကော်ကို စစ်ကောင်စီ ဗုံးကြဲ

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်က လေးကေ့ကော်မြို့သစ်ဘက်ကို မနေ့ စက်တင်ဘာလ ၁၃ ရက် ညပိုင်းက စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ နယ်စပ်မှာရှိတဲ့ သတင်းရင်းမြစ် ထံကရပါတယ်။

နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်က လေးကေ့ကော်မြို့သစ်ဘက်ကို မနေ့ စက်တင်ဘာလ ၁၃ ရက် ညပိုင်းက စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ နယ်စပ်မှာရှိတဲ့ သတင်းရင်းမြစ် ထံကရပါတယ်။

မနေ့ညပိုင်း ၇ နာရီခွဲအချိန်ခန့်က ဗုံးကြဲတိုက်ခိုက်တာဖြစ်ပြီး ပေါက်ကွဲသံတွေကို မြဝတီတဖက်ကမ်း ထိုင်းဘက်ခြမ်း မဲဆောက်မြို့ကနေ ကြားနေရတယ်လို့ အဲဒီနယ်စပ် သတင်းရင်းမြစ်က အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

လေးကေ့ကော်မြို့သစ်နယ်မြေထဲမှာ နောက်ဆုံးလက်ကျန်ဖြစ်တဲ့ စစ်ကောင်စီတပ်ရဲ့ စွယ်တော်ကုန်း အမြှောက်စခန်းကို KNU နဲ့ ပူးပေါင်းတပ်တွေက ဝန်းရံပိတ်ဆို့တိုက်ခိုက်နေတာဖြစ်ပြီး စခန်း လက်မလွှတ်ရဖို့ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်လာတာလည်းဖြစ်ပါတယ်။

သတင်းရင်းမြစ်ရဲ့ ပြောပြချက်အရ မနေ့ညပိုင်းက အပေါ့စားထောက်ပို့လေယာဉ် Y -12 ကိုသုံးပြီး လေးကေ့ကော်ကို စစ်ကောင်စီလေတပ်က ဗုံးကြဲခဲ့တာလို့သိရပါတယ်။

စွယ်တော်ကုန်းစခန်းကို ရဖို့ KNU နဲ့ ပူးပေါင်းတပ်တွေက လနဲ့ချီကြာအောင် ဝန်းရံပိတ်ဆို့တိုက်ခိုက်နေတာပါ။

အဲဒီစခန်းဟာ မြဝတီမြို့ဆီ ဦးတည်စစ်ကြောင်းထိုးခဲ့တဲ့ အောင်ဇေယျစစ်ကြောင်းကို လက်နက်ကြီးပစ်ကူပေးခဲ့သလို မြဝတီမြို့နဲ့ဆိုရင်လည်း လက်တစ်ကမ်းအကွာမှာရှိတာကြောင့် မြဝတီကိုလည်းစိုးမိုးထားတဲ့ စခန်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့နယ်အရှေ့ခြမ်း တနေရာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန် ၁၇ရက် မနက်မှာ လေယာဉ်နဲ့ ဗုံးအလုံး ၇၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။