Connect with us

Hi, what are you looking for?

သတင်း

နမ့်ပေါင်ရွာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု အရပ်သားငါးဦးသေဆုံး၊ ရှစ်ဦးဒဏ်ရာရ

လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာကို ယမန်နေ့ညက စစ်ကောင်စီလေကြောင်းဗုံးကြဲတိုက်ခိုက်မှုအတွင်း အရပ်သားငါးဦးသေဆုံးပြီး ရှစ်ဦး ဒဏ်ရာရခဲ့သည်။

နမ့်ပေါင်ရွာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအပြီး ထိခိုက်ပျက်စီးမှုများ။ ဓာတ်ပုံ - လားရှိုးမြို့ ပြန်လည်ထူထောင်ရေး

မိထက်၊ဟန်နွေ/People’s Spring

လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာကို ယမန်နေ့ညက စစ်ကောင်စီလေကြောင်းဗုံးကြဲတိုက်ခိုက်မှုအတွင်း အရပ်သားငါးဦးသေဆုံးပြီး ရှစ်ဦး ဒဏ်ရာရခဲ့သည်။

နမ့်ပေါင်ကျေးရွာကို ယမန်နေ့(စက်တင်ဘာ ၁၃ရက်)ည ၇နာရီ‌‌ကျော်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရခြင်းဖြစ်သည်။

နမ့်ပေါင်ဒေသရှိ ပြည်သူများနေထိုင်ရာကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သား ၅ဦးသေဆုံးကာ ဒဏ်ရာပြင်းထန်သူ ၃ဦး အပါအဝင် ၈ဦးဒဏ်ရာရခဲ့ကြောင်း ကိုးကန့်တပ်မတော်(MNDAA)ကလည်း သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

” သေဆုံးတာ အရပ်သားတွေချည်းပဲ။ နောက်ထက်လည်း လေကြောင်းပျံနေတယ်”ဟု လားရှိုးမြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် နမ့်ပေါင်ကျေးရွာအနီး နမ္မကျောက်မီးသွေးတွင်းကို စက်တင်ဘာ ၁၀ရက်မွန်းလွဲ ၁နာရီခန့်ကလည်း လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။ MNDAAက လားရှိုးမြို့ကိုသိမ်းပိုက်ပြီးနောက် ဩဂုတ် ၃၀ရက်မှစ၍ စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်လာခြင်းဖြစ်ပြီး စက်တင်ဘာလအတွင်း လေကြောင်း တိုက်ခိုက်မှု ၄ကြိမ်ထက်မနည်းရှိခဲ့သည်။

စစ်‌ကောင်စီသည် နောင်ချိုနှင့် ကျောက်မဲမြို့နယ်ကို ဗုံးကြဲ လေယာဉ်ပတ်ပျံနေပြီး ယနေ့(စက်တင်ဘာ ၁၄ရက်) နေ့လည် ၁၂နာရီခွဲခန့်တွင် အေရှားဝေါတိုးဂိတ်အနီး ဗုံးနှစ်လုံးနှင့် သပြေရေရပ်ကွက်အတွင်း ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ရာ နေအိမ်အချို့ ပျက်စီးခဲ့သည်ဟု နောင်ချိုမြို့ဒေသခံက ပြောသည်။

ယမန်နေ့ကလည်း စစ်ကောင်စီသည် နောင်ချိုမြို့လေကြောင်းမှ ဗုံး ၁၃လုံးကြဲချတိုက်ခိုက်ခဲ့သေးသည်။

ယခုရက်ပိုင်းအတွင်း ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်တို့၌ ဆိုးဝါးသည့်ရေ‌ဘေးကြုံတွေ့နေစဉ် စစ်ကောင်စီသည် မြို့နယ်အချို့ကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်နေသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် မြို့များသည် လေကြောင်းအန္တရာယ်အမြင့်ဆုံးဖြစ်နေကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

Facebook