Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုမြို့ကို စစ်ကောင်စီ ထပ်မံဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို ယမန်နေ့ညတွင် စစ်ကောင်စီက လေကြောင်းမှထပ်မံတိုက်ခိုက်ဗုံးကြဲခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ည ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်အချို့ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဒီးဒီ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို ယမန်နေ့ညတွင် စစ်ကောင်စီက လေကြောင်းမှထပ်မံတိုက်ခိုက်ဗုံးကြဲခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ညပိုင်း ၁၂နာရီဝန်းကျင်တွင် Jet Fighterဖြင့် ဗုံးသုံးလုံးလာရောက်ကြဲချခဲ့သည်ဟု နောင်ချိုမြို့ခံများက ပြောသည်။

Public Service Announcement

Public Service Announcement

နောင်ချိုမြို့ တောင်ရပ်ကွက် ညောင်ကုန်းဘုရားဝင်းအတွင်းနှင့် ကံကြီးလမ်းပိုင်းတွင် ကျရောက် ပေါက်ကွဲခဲ့သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“ကံကြီးလမ်းအထွက်မှာ ကျတဲ့ဗုံးက နေအိမ်ပျက်စီးတယ်။ လူထိခိုက်မှုက မသိရသေးဘူး။ နောက်ပြီး နောက်တစ်လုံးက မကွဲဘူးလည်းကြားတယ်”ဟု နောင်ချိုမြို့ခံက ပြောသည်။

ယမန်နေ့ နေ့လည်ကလည်း နောင်ချိုမြို့ရှိ အေရှားဝေါတိုးဂိတ်အနီးနှင့် သပြေရေရပ်ကွက် တွင်လည်း စစ်ကောင်စီက Jet Fighter ဖြင့်(၂)ကြိမ်လာရောက်ကြဲချခဲ့ပြီး ဟောင်ဝစ်ဇာလက်နက်ကြီးဖြင့် နှစ်ကြိမ်လာရောက် တိုက်ခိုက် ခဲ့သေးသည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း နေအိမ်အချို့ ပျက်စီးပြီး လူတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် စက်တင်ဘာ ၁၃ရက်ကလည်း နောင်ချိုမြို့ကို ဗုံး ၁၃လုံးကြဲချတိုက်ခိုက်ရာ နေအိမ်များ ထိခိုက်ပျက်စီးမှုရှိခဲ့သည်။ စစ်ကောင်စီသည် နောင်ချိုမြို့အား ၃ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“မြို့ကလူတွေက အခုအရမ်းကြောက်နေကြတယ် လေကြောင်းရန်ကို။နေ့လည်း မအိပ်ရ၊ညလည်း မအိပ်ရဘူး”ဟု နောင်ချိုမြို့ခံတစ်ဦးက ပြောသည်။

ထို့အပြင် နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာ၌ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲပစ်ကူပေးခဲ့သည်ဟု တအာင်းတပ်မတော်(TNLA)က ယနေ့ညတွင် အသိပေးထုတ်ပြန်သည်။

နောင်ချိုမြို့နယ်၌ နေရာသုံးခုတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီ၏ အမတ (၂၀၆)တပ်စခန်း၊ တောင်းခမ်းကျေးရွာရှိ စစ်ကောင်စီတပ် (၉၀၂)တပ်စခန်းနှင့် မကျီးရေကျေးရွာတွင်လည်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

တောင်ခမ်းကျေးရွာ၊ တောင်ရွှေကျေးရွာနှင့် စစ်ကောင်စီတပ် အမတ (၃၅၄)တပ်စခန်း နေရာများအား စစ်ကောင်စီက Y-12လေယာဉ်ဖြင့် (၇)ကြိမ် ဗုံး ၆၀လုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု TNLAက အသိပေးသည်။

နောင်ချိုမြို့တောင်ဘက် ဒုဋ္ဌဝတီမြစ်ကူးတံတား အနောက်ဘက်၌ရှိသော တောင်းခမ်းကျေးရွာ၌ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂) နှင့် ယင်းလက်အောက်ခံ အမြောက်တပ်ရင်း သုံးရင်းဖြစ်သော အမတ(၃၅၄)၊ အမတ (၂၀၆)၊ အမတ(၄၀၆)တို့ တည်ရှိသည်။ မစခ-၉၀၂ သည် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ) နယ်မြေအတွင်း တစ်ခုတည်းသော အမြောက်တပ်ကွပ်ကဲမှုဌာနချုပ်ဖြစ်ပြီး ၎င်း၏ လက်အောက်တွင် အမြောက်တပ်ရင်း ၁၃ ရင်းရှိသည်။

TNLAက အမတ(၄၀၆)နှင့် အမတ(၂၀၆)တို့ကို သြဂုတ် ၂၈ရက်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်းသြဂုတ် ၂၉ရက်တွင် ထုတ်ပြန်ထားသည်။

ထို့ကြောင့် လက်ကျန်ဖြစ်သော မစခ-၉၀၂နှင့် အမတ(၃၅၄)တပ်ရင်းနှစ်ခု ဆက်လက်သိမ်းပိုက်ရန် ကြိုးပမ်းရာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တိုက်ပွဲအတော်ပြင်းထန်ခဲ့သည်။ အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သားများ သေဆုံးမှုများပြားခဲ့သည်ဟု လွေးယေဦးက ပြောထားသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းသို့ စစ်အင်အားပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု TNLAက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့နယ်အရှေ့ခြမ်း တနေရာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန် ၁၇ရက် မနက်မှာ လေယာဉ်နဲ့ ဗုံးအလုံး ၇၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။