Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်၏ အကြမ်းဖက်မှုများအဆုံးသတ်ရန်နှင့် ပြည်သူများ၏ ဆန္ဒကိုလေးစားတန်ဖိုးထားရန် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့တွင် အမေရိကန်တောင်းဆို

အနာဂတ်မြန်မာနိုင်ငံသည် လူထု၏အသံကို နားထောင်ပြီး ဆန္ဒတိုင်းကို အလေးထားသည့်နေရာ ဖြစ်သင့်ကြောင်း အီးယူသံရုံးတိုက်တွန်း

ထားအိ/People’s Spring

ပြည်သူများအပေါ် စစ်တပ်၏အကြမ်းဖက်မှုများအဆုံးသတ်ရန်နှင့် ပြည်သူများ၏ ဆန္ဒကိုလေးစားတန်ဖိုးထားရန် စစ်အာဏာရှင်အား အမေရိကန်ပြည်ထောင်စုက ယနေ့(စက်တင်ဘာ ၁၅)တောင်းဆိုလိုက်သည်။

ယနေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့တွင်အမေရိကန်က ယင်းသို့ ထည့်သွင်းတောင်းဆိုခြင်းဖြစ်ပြီး လွတ်လပ်မှုနှင့် ဒီမိုကရေစီကို လိုလားတောင်းတနေသော မြန်မာပြည်သူများနှင့်အတူ ၎င်းတို့အတူတကွရပ်တည်နေကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“ပြည်သူတွေအပေါ် စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေအဆုံးသတ်ဖို့၊ မတရားဖမ်းဆီးထိန်းသိမ်းထားသူတွေကိုပြန်လွှတ်ပေးဖို့၊ လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေကို လိုအပ်နေတဲ့သူတွေကို အကူအညီပေးအပ်ဖို့ နဲ့ ပြည်သူတွေရဲ့ ဆန္ဒကိုလေးစားတန်ဖိုးထားဖို့အတွက် စစ်အာဏာရှင်ကို မိမိတို့တောင်းဆိုပါတယ်” ဟု ရန်ကုန်မြို့ အမေရိကန်သံရုံးက ထုတ်ပြန်သည်။

ပြည်သူများ အတွက် ပြည်သူများက ရွေးကောက်တင်မြှောက်ထားသည့် ပြည်သူ့အစိုးရရှိခြင်းမှာ ဒီမိုကရေစီဖြစ်ပြီး ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနှင့် လုံခြုံရေးကို တိုးတက်အောင်ဆောင်ရွက်ရေးအတွက် လူ့လောက၏အဓွန့်ရှည် အတည်တံ့ဆုံးနည်းလမ်းဖြစ်သည်ကို ယခုလို အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့တွင် ပြန်လည် သတိရဆင်ခြင်မိကြောင်း ဆိုသည်။

ဗြိတိန်သံရုံးကလည်း မြန်မာနိုင်ငံသားများ၏ ဒီမိုကရေစီ ပန်းတိုင်လိုလားချက်များကို ယနေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့တွင်သာမက အစဉ်အမြဲ ၎င်းတို့အစိုးရက ထောက်ခံအားပေးလျှက်ရှိကြောင်း ထုတ်ပြန်သည်။

မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူမှုအသိုက်အဝန်းများစွာက ပြင်းထန်သော ရေကြီးရေလျှံမှုဒဏ်ကို ကြုံတွေ့နေရသည့် အချိန်အခါလည်းဖြစ်သောကြောင့် ရေဘေးသင့်ပြည်သူများအတွက် သတိရမေတ္တာပို့ဆုတောင်းပေးနေကြောင်း ဖော်ပြသည်။

ရေဘေးသင့်ပြည်သူများအတွက် ဗြိတိန်အစိုးရက ငွေသားအကူအညီ သာမက လူသားချင်းစာနာထောက်ထားမှု အကူအညီများဖြင့်လည်း တုံ့ပြန်ရေးလုပ်ငန်းများဆောင်ရွက်နေကြောင်း အသိပေးသည်။

ဥရောပသမဂ္ဂကလည်း အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့သည် ခေါင်းဆောင်မှု၏ အရေးပါခြင်းကို အသိပေး၊ သတိရစေမည့် နေ့တစ်နေ့ဖြစ်ပြီး ယဉ်ကျေးမှုတိုင်းတွင် ခေါင်းဆောင်ကောင်းများသည် မိမိလူထု၏အသံကို အလေးထားနားထောင်ကာ လူတိုင်း စိတ်ရောကိုယ်ပါ ကျန်းမာပျော်ရွှင်ရေးအတွက် တရားမျှတစွာ ဂရုတစိုက်အုပ်ချုပ်ရန် တာဝန်ရှိကြောင်း သတိပေးသည်။

အနာဂတ်မြန်မာနိုင်ငံသည် လူထု၏အသံကို နားထောင်ပြီး ဆန္ဒတိုင်းကို အလေးထားသည့်နေရာ ဖြစ်သင့်ကြောင်းလည်း အီးယူသံရုံးက တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို အာဏာသိမ်းစစ်တပ်က ဇွန်လ ၁၉ရက်ည သန်းခေါင်လောက်မှာ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၆ဦးသေဆုံးကာ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်