Connect with us

Hi, what are you looking for?

သတင်း

ဆိုင်းတောင်နှင့် ဗန်းမော် – မိုးမောက်လမ်းပိုင်းတွင် KIAနှင့် စစ်ကောင်စီတပ် တိုက်ပွဲပြင်းထန်

ဆိုင်းတောင်တွင် စစ်ကောင်စီတပ် မီးရှို့၍ အိမ်ခြေ ၂၀၀ကျော် ပျက်စီး၊ လက်နက်ကြီးကြောင့် ပြည်သူအချို့ ထိခိုက်သေဆုံး

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များရှေ့တန်းစစ်မြေပြင်တနေရာတွင် ပစ်ခတ်နေစဥ်(ပုံအဟောင်းအသုံးပြုထားပါသည်)။ ဓာတ်ပုံ - Myu Tsaw Kasa

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင် တွင် စက်တင်ဘာ ၁၇ရက်အထိ တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က ပြည်သူလူထု နေအိမ်များ မီးရှို့ဖျက်ဆီးမှု ဆက်တိုက်ပြုလုပ် နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)သတင်းပြန်ကြားရေးဌာနက အသိပေးသည်။

ဆိုင်းတောင်ဒေသတွင် စစ်ကောင်စီတပ်ကို KIAက စက်တင်ဘာ ၇ရက်တွင် စတင်တိုက်ခိုက်ခဲ့ရာ ဆိုင်းတောင် ရဲစခန်းကိုသိမ်းပိုက်ခဲ့သည့် စက်တင်ဘာ ၁၂ရက်မှစ၍ စစ်ကောင်စီက ပြည်သူလူထုနေအိမ်များကို မီးရှို့ဖျက်ဆီးလျက်ရှိရာ စက်တင်ဘာ ၁၇ရက်အထိ ဆက်လက်၍ မီးရှို့နေဆဲဖြစ်သည်ဟု KIA၏ သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

လေကြောင်းတိုက်ခိုက်ခြင်း၊ ဖားကန့်မြို့ တပ်မကုန်းမှ လက်နက်ကြီးများ ပစ်ခတ်ခြင်းကြောင့် ပြည်သူအချို့ သေဆုံးထိခိုက်ခဲ့ပြီး ယမန်နေ့တွင်လည်း ဖားကန့် ၊ ဆိုင်းတောင် တာဝါတိုင်အနီး စစ်ကောင်စီနှင့် KIA ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် မိုးမော်-ဗန်းမော်လည်း KIAနှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်နေသည့် နေရာများ၌ စစ်ကောင်စီတပ်က စက်တင်ဘာ ၁၇ရက် မနက်တွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည် ဟု KIAက အသိပေးသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှု အခြေအနေကို စုံးစမ်းနေဆဲဖြစ်သည်ဟုဆိုသည်။

စစ်ကောင်စီများသည် ဗန်းမော်- မိုးမောက် ဘက်သို့ စစ်အင်အားတိုးချဲ့ပြီး ထိုးစစ်ဆင် တက်လာရာ KIA ပူးပေါင်းတပ်က ခုခံတိုက်ခိုက်ခဲ့၍ တိုက်ပွဲပြင်းထန်နေကြောင်း KIAက အသိပေးခဲ့သော်လည်း တိုက်ပွဲဖြစ်ပွားမှုနေရာနှင့် အသေးစိတ်အချက်အလက်များ ဖော်ပြခဲ့ခြင်းမရှိပေ။

စစ်ကောင်စီတပ်သည် ဗန်းမော်ဘက်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခြင်းတို့ကြောင့် ပြည်သူလူထု နေအိမ်များထိခိုက်ပျက်စီးမှုရှိဟုလည်း အသိပေးသည်။

KIAက မိုးမောက်မြို့နယ် ခမရ(၄၃၇)ကို အပြီးသတ်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်သည် အဆိုပါ တပ်စခန်း အပါအဝင် ဆုံးရှုံးနယ်မြေများပြန်ရရေးအကြိမ်ကြိမ်ထိုးစစ်ဆင်လာနေ၍ တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။

တစ်ဖက်တွင်လည်း ဗန်းမော်မြို့သို့ စစ်အင်အားနှင့် လက်နက်ခဲယမ်း ဖြည့်တင်းရန် ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်က ရေလမ်းမှတဆင့် စစ်အင်အားဖြည့်တင်းရန် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ စက်တင်ဘာ ၁၇ရက်တွင် ရွှေကူမြို့အနီး၌ KIA၏ တိုက်ခိုက်မှုကြောင့် ရေယာဉ် ၅စီးပါ ရေယာဉ်များအနက် ၂စီး ထိခိုက်ခဲ့သည်ဟု ကချင်သတင်းရင်းမြစ်က ပြောထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။