Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားရဲ့ နျူကလီးယားလက်နက် စမ်းသပ်မှုတွေ အချိန်မရွေး ပြန်စဖို့ အသင့်ရှိနေတယ်လို့ဆို

ရုရှားအနေနဲ့ နျူကလီးယားလက်နက် စမ်းသပ်မှုတွေကို အချိန်မရွေး ပြန်စဖို့ ဖြစ်လာနိုင်တယ်လို့ နိုင်ငံရဲ့ နျူကလီးယား စမ်းသပ်မှုတွေကို ကွပ်ကဲရတဲ့ စစ်ဘက် အရာရှိက ပြောကြားလိုက်ပါတယ်။

ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး တင်းမာနေချိန်မှာ ရုရှားဖက်က အခုလိုမျိုး စကားသံ ထွက်လာတာ ဖြစ်ပါတယ်။ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ လိုအပ်လာရင် နျူကလီးယား လက်နက်တွေကို ထုတ်သုံးမယ် ဆိုတာမျိုး မကြာခဏ ထုတ်ပြောခဲ့ဖူးပါတယ်။ အခုတော့ နျူကလီးယား လက်နက်တွေ စမ်းသပ်မယ် ဆိုတာမျိုးပါ လေသံလွှင့်လာတာ ဖြစ်ပါတယ်။

ရုရှားဟာ ဆိုဗီယက် ပြည်ထောင်စု မပြိုကွဲခင် တစ်နှစ်အလို ၁၉၉၀ ပြည့်နှစ်ကစပြီး နျူကလီးယားလက်နက် စမ်းသပ်မှုတွေ လုံးဝ မလုပ်တော့ဘဲ ရပ်စဲထားခဲ့ပါတယ်။ တကယ်လို့ ရုရှားကသာ နျူကလီးယား လက်နက်တွေ ပြန်စမ်းမယ်ဆိုရင် အမေရိကန်နဲ့ တရုတ်တို့ကပါ အလားတူ အပြိုင်အဆိုင် လုပ်ဆောင်လာနိုင်ကြောင်း နိုင်ငံတကာရေးရာ လေ့လာသူတွေက သတိပေးထားပါတယ်။

ရုရှားရဲ့ နျူကလီးယားလက်နက် စမ်းသပ်မှုတွေ အဓိက ပြုလုပ်တဲ့ နေရာဟာ အာတိတ် သမုဒ္ဒရာထဲက လူသူအရောက်အပေါက် နည်းပါးလွန်းရာ နိုဗာယာ ဇမ်လ်ယာ ကျွန်းဆွယ်မှာ တည်ရှိပါတယ်။ အဲဒီနေရာမှာ ဆိုဗီယက် ခေတ်တုန်းက နျူကလီးယား စမ်းသပ်မှုပေါင်း အကြိမ် ၂၀၀ ကျော် လုပ်ဆောင်ခဲ့ဖူးပြီး ၁၉၆၁ ခုနှစ်တုန်းက စမ်းသပ်ခဲ့တဲ့ ကမ္ဘာပေါ်မှာ အပြင်းထန်ဆုံး နျူကလီးယားဗုံး ဖောက်ခွဲမှုလည်း အပါအဝင် ဖြစ်ခဲ့ပါတယ်။

အဲဒီမှာရှိတဲ့ နျူကလီးယား လက်နက် စမ်းသပ် စခန်းကို ကွပ်ကဲနေသူ နောက်တန်း သေနတာပတိ အန်ဒရီ ဆီနစ်ဆင်က ရုရှား သတင်းဌာန တစ်ခုနဲ့ အင်တာဗျူးမှာ သူ့ရဲ့ စခန်းနေရာဟာ လက်နက် စမ်းသပ်မှုတွေ ပြန်စဖို့ အသင့် ဖြစ်နေပြီလို့ ပြောကြားခဲ့ပါတယ်။ စခန်းတစ်ခုလုံးမှာရှိတဲ့ ဌာနတွေ၊ အစိတ်အပိုင်းတွေ အားလုံး အသီးသီး စွမ်းအားပြည့် လည်ပတ်နေကြောင်း၊ ဓာတ်ခွဲခန်းတွေ၊ စမ်းသပ်နေရာနဲ့ တပ်ဖွဲ့ဝင်တွေ အားလုံး အသင့်ရှိနေကြောင်း၊ အထက်က အမိန့်ရတာနဲ့ နျူကလီးယား လက်နက် စမ်းသပ်မှုတွေ အချိန်မရွေး အသင့်ပြန်စနိုင်စွမ်း ရှိနေကြောင်း သူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး နျူကလီးယား လက်နက်တိုက်ကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံဖြစ်ပါတယ်။ သမ္မတ ဗလာဒီမာ ပူတင်ဟာ နျူကလီးယား လက်နက်တွေ စမ်းသပ်မှုကို ပိတ်ပင်တဲ့ စာချုပ်ကို သက်တမ်း ဆက်မတိုးတော့ဘဲ ရုရှားရဲ့ ပါဝင်မှုကို နုတ်ထွက်စေခဲ့ပါတယ်။ ဒါဟာ ပြိုင်ဘက် အမေရိကန်ရဲ့ လမ်းစဉ်အတိုင်း စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပေမယ့် နောက်ထပ် အသိအမှတ်ပြု သက်တမ်း မတိုးတော့တဲ့ ပုံစံမျိုး ကျင့်သုံးလာခြင်းလည်း ဖြစ်ပါတယ်။

အမေရိကန်ဟာ နောက်ဆုံးအကြိမ် နျူကလီးယားလက်နက် စမ်းသပ်မှုကို ၁၉၉၂ ခုနှစ်တုန်းက ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း လက်ရှိ ရာစုနှစ်ထဲမှာတော့ ကမ္ဘာအနှံ့မှာ နျူကလီးယားလက်နက် စမ်းသပ် ဖောက်ခွဲတဲ့ နိုင်ငံဆိုလို့ မြောက်ကိုရီးယား တစ်ခုသာ ရှိခဲ့ကြောင်းလည်း သိရပါတယ်။

ကိုးကား: Reuters⁩

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။