Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီတွင် စစ်ကောင်စီတပ်ဒရုန်းဖြင့် ဗုံးကြဲ၍ အမျိုးသမီး သုံးဦးအပါအဝင် လေးဦးဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး(KNU) ဘိတ်−ထားဝယ်ခရိုင်၊ တနင်္သာရီ မြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက် လာပြီး ကျေးရွာအတွင်း ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်၍ ပြည်သူလေးဦး ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNU

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ဘိတ်−ထားဝယ်ခရိုင်၊ တနင်္သာရီ မြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက် လာပြီး ကျေးရွာအတွင်း ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်၍ ပြည်သူလေးဦး ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

တနင်္သာရီမြို့နယ် သကျက်ကျေးရွာအုပ်စုအတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်က စက်တင်ဘာ ၁၁ရက်တွင် ကျွဲထိန်းကုန်းကျေးရွာအတွင်း ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၃ဦး၊ အသက် (၂၁)နှစ်အရွယ် လူငယ်တစ်ဦးတို့ ဒဏ်ရာရခဲ့သည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၁၂ရက်တွင်လည်း စစ်ကောင်စီတပ်က ကွင်းသစ်ကျေးရွာ အတွင်းသို့ ဒရုန်းဖြင့် ဗုံး(၂)လုံး ထပ်မံကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ပျက်စီးခဲ့ရသည်ဟု အသိပေးသည်။

စစ်ကောင်စီတပ်သည် လက်ရှိတွင် ဒေသတွင်း ကျေးရွာများအတွင်း ဝင်ရောက်လှုပ်ရှားလျက်ရှိသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် ပြည်သူကိုပစ်မှတ်ထားသည့် လက်နက်ကြီးပစ်ခတ်မှုများ၊ လေကြောင်း တိုက်ခိုက်ခှုများ ပြုလုပ်လျက်ရှိ၍ ဒေသခံပြည်သူများ ထိတ်လန့်ကြောက်ရွံ့ပြီး အသက်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ အခြေခံစားနပ်ရိက္ခာ ဆေးဝါးနှင့်နေရာထိုင်းခင်းတို့အတွက် အမိုးအကာများ လိုအပ်လျှက်ရှိကြောင်း KNUဗဟိုက ထုတ်ပြန်သည်။

စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူများအား တွေ့ရစဉ်။ ဓာတ်ပုံ – KNU

အာဏာသိမ်းစစ်ကောင်စီတပ်များသည် ပြည်သူလူထုများ ရိက္ခာဝယ်ယူရန်အတွက် အဓိက အသုံးပြုသည့် တနင်္သာရီ−သကျက် လမ်းပိုင်းရှိ ဘောဒိကာ တံတား၌ သွားလာခွင့်ကို ပိတ်ဆို့ထား၍ ရိက္ခာဝယ်ယူရန်အခက်အခဲများရင်ဆိုင်နေရကြောင်းလည်း ဖော်ပြသည်။

စစ်ကောင်စီတပ်သည် KNU အုပ်ချယ်နယ်မြေအတွင်း ပြည်သူများနေထိုင်ရာသို့ လက်နက်ကြီး ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲခြင်းများ ဆက်တိုက်ပြုလုပ်နေ၍ အရပ်သား ပြည်သူသေဆုံးထိခိုက်မှုတိုးလာနေသည်။ ထိုသို့ စစ်ကောင်စီ၏ ပြည်သူကို ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် KNU နယ်မြေများ၌ ယခုနှစ်အတွင်း အရပ်သား ရာချီသေဆုံးကာ ဒဏ်ရာရသူများစွာလည်းရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့နယ်အရှေ့ခြမ်း တနေရာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန် ၁၇ရက် မနက်မှာ လေယာဉ်နဲ့ ဗုံးအလုံး ၇၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ဂွမြို့နယ်၊ကျိန္တလီမြို့၊ရမ္မာကျွန်းလူနေကျေးရွာကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင်ငါး ရာ ဗုံး ၃ လုံး ကြဲချခဲ့တာကြောင့် ​ဒေသခံပြည်သူ ၂ ဦး သေဆုံးပြီး ကလေး ငယ်တွေအပါအဝင် ၈ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

သတင်း

မိခင်ဖြစ်သူသေဆုံးပြီး သား၊သမီး ၂ဦးဒဏ်ရာရ