Connect with us

Hi, what are you looking for?

သတင်း

ရေဘေးသင့်စစ်ရှောင်တွေကို ဒေါ်လာတစ်သောင်းကျော် ထောက်ပံ့ပေးနိုင်မယ့် ကျားပေါက်ရဲ့ပန်းချီလေလံပွဲ

ရေဘေးသင့်စစ်‌ဘေးရှောင်တွေကို ကူညီဖို့လေလံ တင် ရောင်းချတဲ့ အဆိုတော် ကျားပေါက်ရဲ့ ပန်းချီကားက အမေရိကန်ဒေါ်လာ တစ်သောင်းနဲ့ လေလံအောင်ခဲ့ပါတယ်။

ဆဏ်း/ People’s Spring

ရေဘေးသင့်စစ်‌ဘေးရှောင်တွေကို ကူညီဖို့လေလံ တင် ရောင်းချတဲ့ အဆိုတော် ကျားပေါက်ရဲ့ ပန်းချီကားက အမေရိကန်ဒေါ်လာ တစ်သောင်းနဲ့ လေလံအောင်ခဲ့ပါတယ်။

Mother Nature (II) လို့အမည်ပေးထားတဲ့ ပန်းချီကားကို ကျားပေါက်က ရေဘေးအတွက်ရည်ရွယ်ရေးဆွဲခဲ့တာဖြစ်ပြီး အွန်လိုင်းလေလံပွဲအနေနဲ့ ငါးရက်ကြာပြုလုပ်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

“Mother Nature (I) က ရခိုင်ပြည်မုန်တိုင်းဝင်တဲ့ အချိန် ကျနော် ချင်းမိုင်မှာ ဆွဲပြီး ရေဘေးအတွက် ရောင်းခဲ့ပါတယ်။ ဒါက နံပါတ် (II) ပေါ့။

ပြင်သစ်က ကျနော့် အမေနံပါတ် ၄ ကတော့ “နင်အဲ့လိုပန်းချီကား နောက်ထပ်နံပါတ်တွေ မဆွဲရပါစေနဲ့ပဲ ဆုတောင်းပါတယ်” လို့ စိတ်မကောင်းစွာပြောလေရဲ့။ ” လို့ ပန်းချီကားနဲ့ပတ်သတ်ပြီး ကျားပေါက်က ပြောထားပါတယ်။

လေလံပွဲကိုတော့ မောင်မောင်အေး နဲ့ ပန်ဆယ်လိုတို့က ကူညီပေးခဲ့တာဖြစ်ပြီး ငါးရက်မြောက်နေ့မှာတော့ အမေရိကန်ဒေါ်လာ တစ်သောင်းနဲ့ Los Angeles မှာနေထိုင်သူတစ်ဦးက လေလံအောင်သွားတာပါ။

လေလံပွဲမှာ ဈေးပြိုင်ပေးခဲ့သူနှစ်ဦးကလည်း ရေဘေးအလှူအတွက် ဒေါ်လာ တစ်ထောင်စီပါဝင်ပေးခဲ့တာကြောင့် ရေဘေးသင့်စစ်ဘေးရှောင်တွေအတွက် ‌ဒေါ်လာ တစ်သောင်းနှစ်ထောင်အထိ ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။

“မြန်မာပြည်ရေဘေးသင့် စစ်ဘေးရှောင် များနဲ့ တော်လှန်ရေးအင်အားစုများထံ ပေးပို့လှူဒါန်းသွားမှာဖြစ်ပါတယ်” လို့ ပန်ဆယ်လိုကအသိပေးထားပါတယ်။

ကျားပေါက်က ပြီးခဲ့တဲ့ ရက်က ပြည်ပက အနုပညာရှင်တစ်ဦးနဲ့ အတူရေးဆွဲထားတဲ့ ပန်းချီကားရောင်းရငွေကိုလည်း ရေဘေးသင့်ပြည်သူတွေအတွက် လှူဒါန်းပေးခဲ့ပါတယ်။

နွေဦးတော်လှန်ရေးကာလမှာ ကျားပေါက်ရဲ့ အနုပညာဖန်တီးမှုကို လေလံပွဲပြုလုပ်တာက ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်က Doddle Art ရေးဆွဲထားတဲ့ Ukulele ကိုလေလံတင်ခဲ့တာ ဒေါ်လာ ၂၈၅၀၀ အထိရရှိခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ လေးမျက်နှာ-ငါးသိုင်းချောင်းလမ်းပိုင်းဆက်သွယ်ထားတဲ့ တံတားတစ်စင်း ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးခဲ့တယ်လို့ ကယ်ဆယ်ရေးလုပ်ကိုင်သူတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

သတင်း

မန္တလေးတိုင်းက စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ စစ်ဘေးရှောင်နေရတဲ့ဒေသခံပြည်သူ ထောင်နဲ့ချီပြီး စား‌ဝတ်နေရေးခက်ခဲ နေတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်ကူညီသူတွေကပြောပါတယ်။

သတင်း

ရေကာတာကျိုးပေါက်မှုကြောင့်ဖြစ်တဲ့ လေးမျက်နှာမြို့ရေဘေးမှာ ပိတ်မိနေသူတွေအများအပြားရှိနေပြီး ကယ်ဆယ်ရေးအင်အားလိုအပ်နေတယ်လို့ လူမှုကူညီ ရေးအဖွဲ့တွေက ပြောပါတယ်။