Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့အနီး တိုက်ပွဲဖြစ်နေပြီး ပစ်ခတ်သံတွေကို မြို့ပေါ်ကနေကြားနေရ

မန္တလေးမြို့ရဲ့ အရှေ့မြောက်ဘက်မှာရှိတဲ့ ပုသိမ်ကြီးမြို့အနီး ဒီမနက်ပိုင်းက တိုက်ပွဲတွေ စဖြစ်နေပြီး မြို့ပေါ်ရပ်ကွက်တွေကပါ လက်နက်ကြီးပစ်ခတ်သံတွေကြားနေရတယ်လို့ မြို့ခံတွေ ဆီကသိရပါတယ်။

ဆိုင်းမင်း/People’s Spring

မန္တလေးမြို့ရဲ့ အရှေ့မြောက်ဘက်မှာရှိတဲ့ ပုသိမ်ကြီးမြို့အနီး ဒီမနက်ပိုင်းက တိုက်ပွဲတွေ စဖြစ်နေပြီး မြို့ပေါ်ရပ်ကွက်တွေကပါ လက်နက်ကြီးပစ်ခတ်သံတွေကြားနေရတယ်လို့ မြို့ခံတွေ ဆီကသိရပါတယ်။

ဒီမနက်ပိုင်း ၆ နာရီ ဝန်းကျင်က ပုသိမ်ကြီးမြို့အနီး မှာ ပစ်ခတ်သံတွေ စတင်ကြားရတာလို့ ပုသိမ်ကြီးမြို့ခံက ပြောပါတယ်။

Public Service Announcement

Public Service Announcement

” အသံကတော့ တော်တော်ကို နီးနီးကပ်ကပ်ပဲ၊ အိမ်တောင်တုန်တယ်”လို့ ပုသိမ်ကြီးမြို့နယ်တရားရုံး အနီးနေထိုင်သူတစ်ဦးကပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ နေရာအတိအကျကို မသိရသေးပေမယ့် ပစ်ခတ်သံတွေဟာ မန္တလေးမြို့ပေါ်က နေ အတိုင်းသားကြားနေရတယ်လို့သိရပါတယ်။

“မနက်အစောကတည်းက ကြားနေရတာ ၊ နေမြင့်လာလေ ဆက်တိုက်ကို စိပ်လာပြီး ပိုကျယ်လာတယ်”လို့ မန္တလေး နန်းရှေ့မှာ နေထိုင်သူ လူလတ်ပိုင်းအမျိုးသားက ပြောပါတယ်။

ဒီမနက် ၈ နာရီ ၄၁ မိနစ်အချိန်ထိ ပစ်ခတ်သံတွေကြားနေရပြီး တိုက်လေယာဉ် နှစ်စင်း တံတားဦီးလေတပ်က ပျံတက်သွားတယ်လို့ ဒေသခံတွေ ရဲ့ ပြောပြချက်အရသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး‌‌မြို့ ၊ဈေးချိုတော်က ငလျင်ကြောင့်ပျက်စီးသွားတဲ့ တိုက်တန်းဖြိုချနေတုန်းမှာ ပြိုကျသွားပြီး လူနဲ့ ကျန်အဆောက်အဦးတွေထိခိုက်မှုမရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။