Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်တွင် စစ်​ကောင်စီက လူငယ်များကိုအိမ်အထိလိုက်​​ခေါ်ပြီး စစ်သားသစ်စု​ဆောင်း​နေ

စစ်​ကောင်စီ၏ စစ်မှုမထမ်းမ​နေရ ဥပဒေဖြင့်လူသစ်စု​ဆောင်းမှု အပတ်စဥ် ၅ အတွက် ရန်ကုန်တိုင်းရှိ မြို့ နယ်အချို့မှ လူငယ်များကို စစ်ကောင်စီက အိမ်တိုင်ရာရောက် လာ​ရောက်ဖမ်းဆီး​​ခေါ်​ဆောင်နေကြောင်း ဒေသခံများက လူထုနွေဦးသို့ပြောသည်။

စစ်မှုမထမ်းမ​နေရဥပ​ဒေဖြင့် စစ်​ကောင်စီက လူသစ်စု​ဆောင်းပြီး စစ်သင်တန်း​ပေးခဲ့သူများ၏သင်တန်းဆင်းပွဲတစ်ခု။ ဓါတ်ပုံ-စစ်​ကောင်စီ

ရဲခေါင်/People’s Spring

စစ်​ကောင်စီ၏ စစ်မှုမထမ်းမ​နေရ ဥပဒေဖြင့်လူသစ်စု​ဆောင်းမှု အပတ်စဥ် ၅ အတွက် ရန်ကုန်တိုင်းရှိ မြို့ နယ်အချို့မှ လူငယ်များကို စစ်ကောင်စီက အိမ်တိုင်ရာရောက် လာ​ရောက်ဖမ်းဆီး​​ခေါ်​ဆောင်နေကြောင်း ဒေသခံများက လူထုနွေဦးသို့ပြောသည်။

“လှည်းတန်း၊ဦးထွန်းလင်းခြံလမ်းထဲ က လူငယ်တစ်ယောက်ကို တိုက်ပေါ်ထိ တက်ဆွဲတာ။စစ်ကား နဲ့ကို တက်ဆွဲသွားတာ။မနေ့က(စက်တင်ဘာ ၂၀ ရက်) ည ၁၀ နာရီလောက်က။ဖအေ၊မအေ တွေကတော့ ငိုယိုပြီး တားပေမယ့် မရဘူး”ဟု ကမာရွတ်မြို့နယ်နေသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဘားတူ အရှေ့ဒဂုံ ၇ ရပ်ကွက်၌ နေထိုင်သူ အသက် ၂၀ ဝန်းကျင် အားနိုးဆိုသည့် လူငယ်ကိုလည်း စစ် ကောင်စီက နေအိမ်သို့ လာရောက်ကာခေါ်ဆောင်သွား ကြောင်းလည်း ထိုရပ်ကွက်နေသူပြည်သူက အသိပေးသည်။

“အပတ်စဥ် ၃ လောက်ကတည်းက မဲပေါက်သွားတော့ ရှောင်နေတာ။ပြီးတော့ အခု တစ်ပတ်လောက်ပဲရှိသေးတယ်။အဲဒီကောင်လေး အိမ်ပြန်ရောက်ပြီး တနေ့က စစ်ကားနှစ်စီးနဲ့ လာခေါ်သွားတာ”ဟု ​ဒေသခံက ပြောသည်။

ထို့အပြင် ခရမ်းမြို့၌ စစ်မှုထမ်းပါသွားသူများအနက် သုံးဦးသည် ရခိုင် နှင့် ရှမ်းမြောက်တိုက်ပွဲ၌ သေဆုံးသွားကြောင်းလည်း ခရမ်းမြို့နယ်ဒေသတွင်သတင်းများ​ဖော်ပြ​ပေး​နေ​သောKhayan Channel ကလည်း စင်တင်ဘာ ၂၁ ရင်တွင် ဖော်ပြထားသည်။

စစ်ကောင်စီ၏ စစ်မှုမထမ်းမ​နေရဥပဒေဖြင့် အဓမ္မ စု​ဆောင်းခံရသည့် လူငယ်များသည် တိုက်ပွဲ ပြင်းထန်နေသည့် နေရာများသို့ စေလွှတ်ခံရမှုများရှိနေကာ မိသားစုနှင့် အဆက် အသွယ်မရသည့် ဖြစ်စဥ်များနှင့်အတူ သေဆုံးရာတွင် အလောင်းပင်ပြန်မရမှုများရှိ​နေ​ကြောင်း ​တော်လှန်​ရေးအဖွဲ့များနှင့် စစ်သားသစ်စု​ဆောင်းခံရသူများ၏ မိသားစုဝင်အချို့က​ပြောသည်။

စစ်ကောင်စီ၏ စစ်မှုထမ်းအပတ်စဉ် ၅ သင်တန်းကို စက်တင်ဘာလအတွင်း စတင်ရန် နှင့် သတ်မှတ်ထားသည့် အရေအတွက်ရရှိအောင်ပြုလုပ်ရန် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က ညွှန်ကြားထားကြောင်းလည်း ရပ်ကွက်အုပ်ချုပ်ရေးရုံးနှင့် နီစပ်သူအချို့က ​ပြောသည်။

နိုင်ငံတစ်ဝန်း စစ်ရေးနိမ့်နေသည့် စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်ဖေဖော်ဝါရီ ၁၀ ရက်က ပြည်သူ့စစ်မှုထမ်း ဥပ‌ဒေကို ထုတ်ပြန်ခဲ့ပြီး လစဥ် စစ်သားသစ် ၅၀၀၀ စု​ဆောင်းမည်ဆိုကာ သြဂုတ်လအထိ စစ်သင်တန်းအပတ်စဥ် ၄ ခုကို ဖွင့်ထားသည်။

စစ်ကောင်စီ၏ထိုဥပဒေအရ အသက် ၁၈ နှစ်ပြည့်ပြီးသူ အမျိုးသမီး၊ အမျိုးသား တိုင်းကို ၂ နှစ် စစ်မှုထမ်းဖို့ ဆင့်ခေါ် နိုင်ပြီး တိုင်းပြည် အရေးပေါ်အခြေအနေဆိုပါက ၅ နှစ် အထိ စစ်တပ်ကလိုသလို ခိုင်းစေနိုင်သည်။

အဓမ္မစစ်သားသစ်စုဆောင်းခံရပြီး စစ်သင်တန်းဆင်းခါစ လူငယ်များကို စစ်တပ်က ရခိုင်စစ်​မြေပြင်သို့ ပို့ဆောင်သဖြင့် သံတွဲ ၊ ​​မောင်​တောတိုက်ပွဲများတွင် ​သေဆုံးသူများမှာ စစ်သင်တန်းဆင်းလူငယ်များဖြစ်​နေ​ကြောင်း AA ကထုတ်ပြန်ထားသည်။

အလားတူ ရှမ်း​ပြည်နယ်တောင်ပိုင် နှင့် ကရင်နီပြည် နယ်စပ်၌ ဖြစ်ပွား​သောတိုက်ပွဲများတွင် စစ်အုပ်စုဘက်မှ​သေဆုံးသူ အများစုမှာ စစ်မှုမထမ်းမ​နေရဥပ​ဒေဖြင့်စု​ဆောင်းခံရ​သောစစ်သင်တန်းဆင်းများ နှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်အများစုဖြစ်​နေပြီး စစ်သားများမှာ တိုက်ပွဲဖြစ်လျင် ဦး​အောင်​ပြေး​လေ့ရှိ​ကြောင်း​တော်လှန်​ရေးအင်အားစုများက​ပြောသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ခါကာဘို ရေးသားသည်။ “ဂျပန်မှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတယ်၊ လစာကောင်းတယ်၊ အနာဂတ်ရှိတယ်” ဆိုတာ မြန်မာလူငယ်အများစု ကြားဖူးနေကျ စကားပါ။ အထူးသဖြင့်မြန်မာနိုင်ငံရဲ့လက်ရှိ အခြေအနေအရ ဂျပန်နိုင်ငံကို အလုပ်သွားလုပ်ဖို့၊ ကျောင်းသွားတက်ဖို့၊ ဒါမှမဟုတ် အခြေချနေထိုင်ဖို့ စဉ်းစားနေသူတွေ တိုးလာနေပါတယ်။ ဒါပေမယ့်တစ်ဖက်မှာစိတ်ဝင်စားစရာကောင်းတဲ့ အပြောင်းအလဲတစ်ခု ဂျပန်နိုင်ငံအတွင်း ဖြစ်ပေါ်နေပါတယ်။ ဂျပန်ဟာ...

ဆောင်းပါး

စစ်အာဏာသိမ်းမှုကြောင့် လူ့ဘဝတစ်ခုလုံး စုတ်ပြတ်သွားလိမ့်မယ်လို့ မထင်ခဲ့မိကြောင်း အ သက် ၃၀စွန်းစအရွယ် စာရင်းကိုင်လူငယ်တစ်ဦးက ပြောတယ်။

ဆောင်းပါး

​အရင်က ကျေးလက်ဒေသတွေ၊ မြို့ငယ်တွေနဲ့ တိုင်းရင်းသားဒေသတွေမှာသာ ကြားလေ့ရှိတဲ့ "ပေါ်တာဆွဲတယ်" ဆိုတဲ့ ကြောက်မက်ဖွယ် စကားလုံးဟာ အခုဆိုရင် ရန်ကုန်မြို့ပြကြီးရဲ့ နေအိမ်တွေထဲအထိ ဝင်ရောက်လာပြီး ဧည့်ခန်းမှာ မိန့်မိန့်ကြီး နေရာယူလိုက်ပါပြီ။ မိဘတွေဟာ ကိုယ့်အိမ်ထဲမှာတင် ကိုယ့်သားသမီး ဘယ်အချိန် အဖမ်းခံရမလဲဆိုတဲ့ သောကနဲ့ ညစဉ် အိပ်မပျော်နိုင်ကြတော့ပါဘူး။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။