Connect with us

Hi, what are you looking for?

သတင်း

စဥ့်ကူး လေကြောင်းတိုက်ခိုက်မှု ရွှေတူးဖော်ရေးကုမ္ပဏီဝင်းအတွင်း ကျရောက်ပြီး ပြည်သူ ၃ ဦး သေ၊ ၁၀ ဦးဒဏ်ရာရ

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်တွင် စစ်ကောင်စီတပ်က စက်တင်ဘာ ၂၀ ရက် လေကြောင်းမှဗုံးကြဲခဲ့ရာ ရွှေတူးဖော်ရေးကုမ္ပဏီဝင်းအတွင်း ကျရောက်ပြီး ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသူများ၏ရုပ်အ​လောင်းများကို ထုပ်ပိုးပြင်ဆင်စဥ်။ ။ဓာတ်ပုံ-ရောင်နီနွေဦး

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်တွင် စစ်ကောင်စီတပ်က စက်တင်ဘာ ၂၀ ရက် လေကြောင်းမှဗုံးကြဲခဲ့ရာ ရွှေတူးဖော်ရေးကုမ္ပဏီဝင်းအတွင်း ကျရောက်ပြီး ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၂၀ ရက် ညနေ ၅ နာရီခန့်က စဥ့်ကူးမြိူ့နယ်၊ ကံတောင်ကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့ရာ ထိုရွာရှိ ထက်ရည်လင်းရွှေလုပ်ကွက်ဆိုက်ကွင်း၌ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ဗုံးကြဲခံရမှု​ကြောင့်​ဒေသခံပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း မြေပြင်သတင်းမှန်ပြန်ကြားရေး(စဥ့်ကူး)၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

“ပြည်သူ၃ဦးသေဆုံးပြီး ၁၀ဦးကျော်ထိခိုက်ဒဏ်ရာရတယ်။”ဟု စဥ့်ကူးနယ်အတွင်း စစ်ရှောင်များကို ကူညီနေသည့် ရောင်နီနွေဦးအဖွဲ့က အတည်ပြုပြောကြားသည်။

သေဆုံးထိခိုက်သူများမှာ ထက်ရည်လင်းရွှေတူးဖော်ရေးကုမ္ပဏီလုပ်သားများ ပါဝင်သည်ဟု သိရပြီး အသေးစိတ်အချက်အလက်များ မသိရသေးပေ။

ပြီးခဲ့သည့် သြဂုတ်လဆန်းပိုင်းကစဥ့်ကူးမြို့နယ်၊ ကံတောင်ကျေးရွာနှင့် နွယ်ရုံကျေးရွာကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲခဲ့ရာ ကလေးငယ်နှစ်ဦးအပါအဝင် ပြည်သူ ၁၃ဦးသေဆုံးပြီး၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

သြဂုတ် ၂၆ ရက်ကလည်း စဥ့်ကူးမြို့နယ်၊ ပင်လယ်ကြီးရွာကို စစ်တပ်က လက်န​က်ကြီးဖြင့်ပစ်ခတ်၍ ကိုယ်ဝန်ဆောင်သည်နှင့် ၎င်း၏မိခင်တို့ သေဆုံးခဲ့သည်။

ထို့အပြင် သြဂုတ် ၃၁ ရက်ကလည်း သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာနှင့် စဥ့်ကူးမြို့နယ်၊ သီလှရွာ၊ ကြို့ပင်ကျေးရွာများအား စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ဒေသခံပြည်သူ၆ ဦး သေဆုံးခဲ့သည်။

စဥ့်ကူးမြို့အပါအဝင် မြို့နယ်အတွင်းရှိ စစ်ကောင်စီစခန်းများအားလုံးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)နှင့် ပူးပေါင်းတပ်များက ဇူလိုင် ၁၇ ရက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။ စစ်ကောင်စီတပ်က ​​မြေပြင်တွင် မထိန်းချုပ်နိုင်​တော့ချိန်တွင် က နှစ်လကျော်ကြာသည်အထိ လေကြောင်းနှင့်လက်နက်ကြီးပစ်ခတ် ဗုံးကြဲ​နေခြင်းဖြစ်ပြီး ​ဒေသခံပြည်သူထိခိုက်သေဆုံးမှုများလာနေသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်းက စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ စစ်ဘေးရှောင်နေရတဲ့ဒေသခံပြည်သူ ထောင်နဲ့ချီပြီး စား‌ဝတ်နေရေးခက်ခဲ နေတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်ကူညီသူတွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊နွယ်ရုံကျေးရွာက ထမင်းဆိုင်ရှင်အပါအဝင်ဒေသခံ ၅ ဦး သေနတ်နဲ့ပစ်ခတ်ခံရလို့သေဆုံးသွားပြီး နောက် စစ်တပ်က ဒေသခံပြည်သူ တွေကိုဝင် ရောက်ဖမ်းဆီး​နေတာ​ကြောင့် ၅ဦးထပ်မနည်းဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံ တွေက​ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ကြက်တူရွေးကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ လင်မယား ၂ဦး ထိမှန်ပြီး ဇနီးဖြစ်သူ သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် ကြက်တူရွေးရွာကို စစ်တပ်က လက်နက်ကြီးဗုံးသီးတွေကို ဒရုန်းမှာ တပ်ကာ ဗုံးကြဲခဲ့တာမို့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး လင်မယားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အမျိုးသမီးမှာ ပြင်းထန်ဒဏ်ရာနဲ့ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။