Connect with us

Hi, what are you looking for?

သတင်း

ရေကြီး​နေ​သောဖယ်ခုံမြို့နယ်ကိုစစ်​ကောင်စီ ဗုံးကြဲပြီးစစ်​ကြောင်းထိုး

ရေကြီး၊မြေပြိုမှုများဖြစ်နေသော ဖယ်ခုံမြို့ကို စစ် ကောင်စီက လေကြောင်းမှ ဗုံးကြဲ၍ ကလေးငယ် ၄ ဦးနှင့် အမျိုးသမီးအပါအဝင်လူ ၉ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံများက ပြောသည်။

ရဲခေါင်/People’s Spring

ရေကြီး၊မြေပြိုမှုများဖြစ်နေသော ဖယ်ခုံမြို့ကို စစ် ကောင်စီက လေကြောင်းမှ ဗုံးကြဲ၍ ကလေးငယ် ၄ ဦးနှင့် အမျိုးသမီးအပါအဝင်လူ ၉ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့(စက်တင်ဘာ ၂၁ ရက်) နေ့လည်ပိုင်းတွင် စစ်ကောင်စီက ဖယ်ခုံမြို့အနောက်ဘက်ခြမ်းကို ဗုံးကြဲခဲ့ ခြင်းဟု သိရသည်။

Public Service Announcement

Public Service Announcement

“ဘာတိုက်ပွဲမှမရှိဘူး။လတိန်ရွာကို ည နေ ၄ နာရီ ကျော်လောက်မှာ လေယာဥ်နဲ့ဗုံး ကြဲသွားတာပါ။စုစုပေါင်းကိုးဦးထိတယ်။နေအိမ်တွေပျက်စီးတယ်”ဟု ဖယ်ခုံဒေသခံက ပြောသည်။

စစ်ကောင်စီသည် ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်မှတဆင့် ဖယ်ခုံမြို့ဘက်သို့ စစ်ကြောင်းထိုးနေကြောင်းလည်း ကရင်နီစစ်ရေးသတင်းရင်းမြစ်က အသိပေးသည်။

“ဖယ်ခုံ – မိုးဗြဲ – လွိုင်ကော် – ဒီမော့ဆို အထိလို့ သိရတယ်။ဖယ်ခုံရွှေပြည်အေးရွာ ဘက်ကို တနေ့က အဲဒီစစ်ကြောင်းရောက်ပြီပြောတယ်။လောလောဆယ်တော့ထိတွေ့မှုရှိနေကြတယ်”ဟု ၎င်းက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီစစ်ကြောင်းထိုးနေ၍ ရှမ်း နှင့် ကရင်နီပြည် နယ် ကြားစစ်ရေးအခြေအနေကြောင့် ဖယ်ခုံအနောက်ဘက်ခြမ်းရှိ ပြည်သူများအနေဖြင့် ဂရုပြုနေထိုင်ကြရန်လည်း ဒေသခံတော်လှန်ရေးအဖွဲ့များက တိုက်တွန်း ထားသည်။

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ၏ စာရင်းအရ လက်ရှိ ရေကြီရေလျှံမှုနှင့်အတူ မြေပြိုမှုကြောင့် ကရင်နီပြည်နယ်တွင် အရေးပေါ် အကူအညီလိုအပ်နေသည့် ပြည်သူ နှစ်သောင်းကျော်အနက် ဖယ်ခုံမြို့နယ် မှ လူဦးရေ ၂,၆၀၀ ခန့် လည်းပါဝင်နေ သည်။

(စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲ၍ ပျက်စီးသွားသော နေအိမ် အားတွေ့ရစဥ်/နန်းမယ်ခုံမြို့နယ်၌ ​ရေနစ်မြုပ်နေသည့် နေအိမ်များအားတွေ့ရစဥ်။ ဓာတ်ပုံ – ခွန်သိန်းဦး ၊ အားမာန်သစ်ပရဟိတအသင်း)

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်နဲ့တန့်ဆည်မြို့နယ်တွေမှာရက်ဆက်မိုးကောင်းနေတာကြောင့်ဒေသတွင်းမူးမြစ်ကမ်းတလျှောက်ရှိရွာအချို့ ရေဝင်နေပြီးဒေသခံတွေနဲ့စစ်ရှောင်ပြည်သူတွေ ရေဘေးရင်ဆိုင်နေရတယ်လို့ဒေသတွင်းသတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

မြို့နယ်‌‌၂၀ထက်မနည်း ရေကြီးနစ်မြုပ်၊ နေအိမ်အချို့ ပျက်စီး

သတင်း

ရက္ခိုင်ဒေသ စစ်တပ် လေကြောင်းတိုက်ခိုက်မှုများကြောင့် ၂ပတ်အတွင်း အရပ်သား ၇ ဦးသေ၊ ၃၀ ဦးနီးပါး ဒဏ်ရာရ