Connect with us

Hi, what are you looking for?

သတင်း

ညောင်ဦးမြို့နယ်တွင် စစ်ကောင်စီလှည့်ကင်းယာဥ်တန်း တိုက်ခိုက်၊ ငါးဦးသေပြီး ခုနစ်ဦးဒဏ်ရာရ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် ကင်းပတ် ရာမှပြန်လာသော စစ်ကောင်စီတပ်ယာဥ်တန်းကို ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ညောင်ဦးမြို့နယ်- ပကဖ(ပုဂံပြည် ဘီလူးတပ်)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီလှည့်ကင်းယာဥ်တန်းမှ သေဆုံးသွားသော ရဲတစ်ဦး၏ ရုပ်အလောင်းများကိုတွေ့ရစဥ်။ ဓာတ်ပုံ-ပေးပို့

ကျော်ဇော/People’s Spring

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် ကင်းပတ် ရာမှပြန်လာသော စစ်ကောင်စီတပ်ယာဥ်တန်းကို ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ညောင်ဦးမြို့နယ်- ပကဖ(ပုဂံပြည် ဘီလူးတပ်)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

စက်တင်ဘာ ၂၀ ရက် ညနေ ၃နာရီခွဲခန့်က ညောင်ဦးမြို့နယ် ငါ့သရောက်-ဇဂျမ်းလမ်းမှ ကင်းပတ်ပြန်လာသော စစ်ကောင်စီလက်အောက်ခံ စစ်သားနှင့်ရဲများလိုက်ပါလာသည့် ကားလေးစီးနှင့် ဆိုင်ကယ်သုံးစီးပါ ယာဥ်တန်းကို ညောင်ဦးမြို့နယ်-ပကဖ(ပုဂံပြည်ဘီလူးတပ်)နှင့် မဟာမိတ်ညီနောင် များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ သုံးဦးနေရာတင် သေဆုံးပြီး ကိုးဦးမှာ ပြင်းထန်ဒဏ်ရာများရရှိကာ ညောင်ဦးခရိုင် ဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း ညောင်ဦးမြို့ နယ်-ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

ထို့နောက် ဒဏ်ရာရသူကိုးဦးအနက် နှစ်ဦးမှာ ယမန်နေ့(စက်တင်ဘာ ၂၁ ရက်)တွင် ဆေးကုသမှုခံယူရင်း ထပ်မံသေဆုံးသွားကြောင်း ၎င်းက ဆက်ပြောသည်။

ညောင်ဦးမြို့နယ် ဒုရဲမှူးဝင်းဆန်း၊စရဖ ဖမ်းစီးရေးခေါင်းဆောင် တင်ထွန်းအောင်နှင့် မြို့ နယ်ရဲနယ်ထိန်းခေါင်းဆောင် ချစ်မိုးတို့ပါဝင်ပြီး ပြင်းထန်ဒဏ်ရာများရရှိသွားကြောင်း စုံစမ်းသိရသည်။

အထက်ပါ စစ်ဆင်းရေးအား ညောင်ဦးမြို့နယ်-ပကဖ(ပုဂံပြည်ဘီလူးတပ်)ညောင်ဦးမြို့နယ်-ပကဖ၊ တပ်ခွဲ (၃)ရန်ကြီးအောင် PDF

၊ ညောင်ဦးခရိုင် တပ်ရင်း – ၅၊ တပ်ရင်း – ၁၊ ကျောက်ပန်တောင်းမြို့နယ်-ပကဖ၊ Popa Production and guerilla force၊ BLACK TIGER တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ကထပ်မံစစ်ကြောင်းထိုးဖို့ အင်အားဖြည့်လာတယ်လို့ ပကဖ ပြော

သတင်း

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်က ညောင်ဦး-ငါ့သရောက်လမ်းပိုင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ အဲဒီတိုက်ပွဲမှာပါဝင်တဲ့ တော်လှန်ရေးတပ်တွေက ထုတ်ပြန်ထားပါတယ်။

သတင်း

ရှေးဟောင်းမြို့တော် ပုဂံ၊ညောင်ဦးမြို့က စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် နောင်နောင်အပါအဝင် ၆ ဦးကို တော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ လူထုနွေဦးက စုံစမ်းသိရပါတယ်။

သတင်း

ဖေဖော်ဝါရီ-၂၈၊ ၂၀၂၆ ​​ဇေအောင်/People’s Spring ပုဂံ၊ညောင်ဦး-ကျောက်ပန်းတောင်းလမ်းပိုင်းမှာ စစ်ကောင်စီလှည့်ကင်းကား ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ၄ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်ပါတယ်။ ဒီနေ့ ဖေဖော်ဝါရီ ၂၈ရက် မနက် ၇နာရီခွဲဝန်းကျင်မှာ ပုဂံ၊ညောင်ဦးမြို့အခြေစိုက် ခလရ (၄၁၅)တပ်ရင်းက ထွက်လာတဲ့...