Connect with us

Hi, what are you looking for?

သတင်း

မူဆယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်တိုက်ပွဲဆက်ဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၌ ယနေ့ (စက်တင်ဘာ ၂၃ရက်) ည ၁၁နာရီခန့်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်တပ်ဖွဲ့များတိုက်ပွဲထပ်မံဖြစ်ပွားနေပြီး သေနတ်သံများဆူညံနေကြောင်း ဒေသခံအချို့က ပြောသည်။

မူဆယ်မြို့ တံတားပေါ်တွင် လုံခြုံရေးယူနေသည့် ပြည်သူ့စစ်တစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ-AFP (ပုံအဟောင်း အသုံးပြုထားပါသည်)

သားကြီး/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၌ ယနေ့ (စက်တင်ဘာ ၂၃ရက်) ည ၁၁နာရီခန့်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်တပ်ဖွဲ့များတိုက်ပွဲထပ်မံဖြစ်ပွားနေပြီး သေနတ်သံများဆူညံနေကြောင်း ဒေသခံအချို့က ပြောသည်။

မူဆယ်မြို့ (၄၅)ကုန်းဘက်တွင် တိုက်ပွဲဖြစ်နေခြင်းဟု မြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

” အတွဲလိုက်တွေ ပစ်တာ။ ဆူညံနေတာပဲ။မနက်က တိုက်ပွဲအဆက်က အခု ၄၅ ကုန်းမှာ ဆက်ချနေတာ”ဟု မြို့ခံတစ်ဦးက ပြောသည်။

ယနေ့ နံနက်က မူဆယ်မြို့ မင်္ဂလာမူဆယ်အိမ်ယာရှိ ကျားဖြန့်ရုံတစ်ရုံတွင် စစ်ကောင်စီနှင့် မန့်ဘိမ်း ပြည်သူ့စစ်တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့သည်။

နေ့လည်ပိုင်းအထိ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ် ထိခိုက်ဒဏ်ရာရသူအချို့ရှိပြီး ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချို့သေဆုံးကြောင်း သိရသည်။

ကျားဖြန့်ရုံအတွင်းမှ အလုပ်သမားများကိုလည်း စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

ယနေ့ညတိုက်ပွဲသည် နံနက်ပိုင်းတိုက်ပွဲအတွင်း ထွက်ပြေးသွားသည့် မန့်ဘိမ်းပြည်သူ့စစ်တပ်ဖွဲ့ဝင်များကို လိုက်လံရှာဖွေဖမ်းဆီးရာမှ ဖြစ်ပွားခြင်းဟု ဒေသခံအချို့က ပြောသည်။

မူဆယ်မြို့တွင် စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်အဖွဲ့ပေါင်း ၆ဖွဲ့ထက်မနည်းရှိပြီး ကျားဖြန့်လုပ်ငန်းလုပ်နေသည့် ပြည်သူ့စစ်တပ်များကို တရုတ်ဘက်က ဖမ်းဆီးခိုင်းရာမှ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။။

မူဆယ်မြို့သည် ၁၀၂၇ စစ်ဆင်းရေးပထမပိုင်း၌ ညီနောင်သုံးဖွဲ့က တိုက်ခိုက်ရန် ပြင်နေစဉ် တရုတ်က ကြားဝင်ညှိနှိုင်းပေးခဲ့သည့် ဟိုင်ဂင်အပစ်ရပ်စာချုပ်ကြောင့် မတိုက်ခိုက်ဘဲ ကျန်နေသည့် မြို့ဖြစ်သည်။ တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်ပြီး မူဆယ် ၁၀၅မိုင် ကုန်သွယ်ရေးဇုန်ကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားသည်။

စစ်ကောင်စီသည် မြို့ပေါ်၌သာတပ်စွဲထားနိုင်ပြီး အုပ်ချုပ်ရေးယန္တရားလည်း ကောင်းမွန်စွာမလည်ပတ်တော့ကြောင်း ဒေသခံများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

ပြည်သူ့စစ်တွေအသတ်ခံရပြီးနောက် စစ်တပ်အင်အား၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုး

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးမှာလုံထန်ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ချွေးမက မူးယစ်ဆေးကြောင်ပြီး ကားမောင်းလာစဉ် MNDAAနဲ့ AA တပ်ဖွဲ့ဝင်တွေကတားဆီးချိန်ဂိတ်ကိုတိုက်ပြီးမောင်းပြေးရာ ​သေနတ်နဲ့ပစ်ခတ်လိုက်တဲ့အတွက်သေဆုံးသွားတယ်လို့သိရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook