သတင်း အင်္ဂပူမြို့ရှိ အမှတ်(၅)လေ့ကျင့်ရေးတပ်ရင်းဂိတ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက မြို့ပေါ်နှင့် ကျေးရွာများတွင် အရပ်သားအသွင်ယူကာ စုံစမ်းထောက်လှမ်းနေ ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ် ကွင်းကောက်မြို့ရှိ အမှတ်(၅)လေ့ကျင့်ရေးတပ်ရင်းဂိတ်ကို ဧရာဝတီတိုင်းအခြေစိုက်ဧရာနဂါးညီနောင်ပြည်သူကာကွယ်ရေး ပြောက်ကျားတပ်က ဇွန် ၂ရက်ညတွင် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။ LuduNwayOoဇွန် 5, 2022
သတင်း PDFစခန်းဝင်စီးခံရစဥ်ဒဏ်ရာရရဲဘော်ကဗုံးနှစ်လုံးဖြင့်နေရစ်ပြီးကျန်ရဲဘော်များလွတ်မြောက်အောင်ခုခံရင်းကျဆုံး အဖွဲ့သားများ၏ အသက်အားလုံးကို မိမိအသက်နှင့်လဲ၍ ရဲဝံ့စွာ ပြန်လည်ခုခံရင်း ကျဆုံးခဲ့ရသော သပိတ်ကျင်းမြို့နယ် ဗိုလ်လင်းယုန်Local ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်02 အား အလေးနီပြုကြောင်း သပိတ်ကျင်းမြို့နယ် (ပကဖ) TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က ပြောသည်။ LuduNwayOoဇွန် 5, 2022
သတင်း ပခုက္ကူမြို့နယ်နှင့် ပျူအဖွဲ့တစ်ဖွဲ့ကိုBCFကမိုင်းခွဲတိုက်ခိုက် ပြည်သူများအနေဖြင့် ဒေသတွင်း PDFများ၏ ထုတ်ပြန်ချက်များအား အလေးအနက်ထားလိုက်နာပေးကြပါရန် Black cobra force pakokku (BCF) အဖွဲ့က တိုက်တွန်းထားသည်။ LuduNwayOoဇွန် 5, 2022
သတင်း လှိုင်မြို့နယ် (၁)ရပ်ကွက်အုပ်ကြီး ပစ်သတ်ခံရ ပစ်ခတ်ရှင်းလင်းခံရသူ ကိုဖိုးကျော်သည် ၎င်း၏တူများအား လက်ဖက်ရည်သောက်ရန်သွားခေါ်စဥ် လမ်းတွင် ပစ်ခတ်ခံရခြင်းဖြစ်ပြီး နားထင်တစ်ချက်၊ လည်ပင်းတစ်ချက်၊ ဝမ်းဗိုက်တွင်နှစ် ကျည်ဖောက်ဝင်ပြီး ယင်းဒဏ်ရာဖြင့်ပင်သေဆုံးသွားကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။ LuduNwayOoဇွန် 5, 2022
သတင်း Foodpanda Riderများ ဇွန်လ၆ရက်ကစပြီး အလုပ်မဆင်းသပိတ်ပြုလုပ်မည် Foodpanda Rider များသည် ကုမ္ပဏီဘက်မှ လုပ်အားခများလျော့ချမှုကြုံရသောကြောင့် မတ်လ ၁၆ ရက်ကလည်း တောင်းဆိုချက် ၇ ချက်နှင့်အတူ အလုပ်မဆင်းသပိတ်ပြုလုပ်ခဲ့သည်။ LuduNwayOoဇွန် 5, 2022
သတင်း အကြိမ်ကြိမ်သတိပေးသော်လည်း စစ်ကောင်စီနှင့် ဆက်လက်ပူးပေါင်းနေသည့် ဝန်ထမ်းများအား လက်တွေ့ကျစွာ အရေးယူမည်ဟု မင်းတပ် CDF သတိပေး မင်းတပ် CDF အနေဖြင့် စစ်ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်နေသော ဝန်ထမ်းများအား အပြစ်ပေးအရေးယူခြင်းမလုပ်ဘဲ သတိပေးအဆင့်သာ ပြုလုပ်ခဲ့ရာ တချို့ဝန်ထမ်းများအနေဖြင့် သတိပေးခြင်းကို အလေးမထားဘဲ စစ်ကောင်စီနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နေကြောင်း ဖော်ပြထားသည်။ LuduNwayOoဇွန် 5, 2022
သတင်း စစ်ကောင်စီ သင်္ဘောသုံးစီးကို မြို့လှ PDFထပ်မံ တိုက်ခိုက်၊ သင်္ဘောတစ်စီးထိမှန်ခဲ့ စစ်ကောင်စီ သင်္ဘောပေါ်မှလည်း လက်နက်ကြီးများဖြင့်တရစပ်ပြန်လည်ပစ်ခတ်ခဲ့ကြောင်း၊ လတ်တလောတွင် ဘိုကုန်းရွာ၌ ဆိုက်ကပ်သွားကြောင်း ဖော်ပြထားပြီး ပစ်ခတ်မှုများအတွင်း မြို့လှ KPDFတပ်မှ အထိအခိုက်မရှိခဲ့ဟု ထုတ်ပြန်သည်။ LuduNwayOoဇွန် 5, 2022
သတင်း စစ်ကိုင်းတိုင်းအတွင်း ရွာစဥ်ပတ်မီးရှို့နေသော စစ်ကောင်စီတပ်ကို တားဆီးရန် ကြိုးပမ်းမည့် MRDA အထူးတပ်အား လက်နက်ခဲယမ်းများတပ်ဆင်ရန် ကန်ဒေါ်လာလေးသိန်း ကုန်ကျမည်ဖြစ်၍ ဝိုင်းဝန်းကူညီပေးကြရန် ဗိုလ်နဂါးတောင်းဆို MRDA အနေဖြင့် ပုလဲမြို့နယ်တွင်သာမက ယင်းမာပင်၊ဆားလင်းကြီး၊ကနီ၊ မြိုင်နှင့် ယောဒေသအရှေ့ဖက်ခြမ်းအထိ စစ်ရေးအရ လှုပ်ရှားနေကြောင်းလည်း အသိပေးသည်။ LuduNwayOoဇွန် 5, 2022
သတင်း နောင်တစ်ချိန်တွင် ခွင့်မလွှတ်နိုင်လောက်မည့် အမှားမျိုး ရှောင်ရှားဖို့ KIOခေါင်းဆောင် ဗိုလ်ချုပ်ဂွန်မော် ဆန္ဒပြု စစ်ကောင်စီအနေဖြင့် တရားစီရင်ရေးကို ဥပဒေမဲ့အညိုးအတေး အာဃာတများနှင့် စိတ်ထင်ရာ တစ်ဖက်သတ် လုပ်ဆောင်နေခြင်းဖြစ်ပြီး သေဒဏ်ကို အတည်ပြုလုပ်ဆောင်ခြင်းသည် ကြီးလေးသည့်ပြစ်မှုကြီးကို ကျူးလွန်ခြင်းဖြစ်ကြောင်း ဖော်ပြထားပြီး ထိုသို့ဆောင်ရွက်မှုအပေါ် ထိရောက်စွာ အရေးယူသွားမည်ဟု ထုတ်ပြန်သည်။ LuduNwayOoဇွန် 5, 2022
သတင်း မိုးညှင်းတွင် အင်အား ၁၀၀ခန့်ရှိ စစ်ကောင်စီတပ်ကို KIAက လေးကြိမ်မိုင်းခွဲတိုက်ခိုက်၊ စစ်ကောင်စီတပ် သေဆုံးမှုရှိ စစ်ကောင်စီတပ်မှ အင်အား ၁၀၀ကျော်ပါဝင်သည့် အဖွဲ့သည် ဇွန်လ ၃ရက် ညနေပိုင်းက ညောင်ပင်တပ်စခန်းသို့ ရောက်ရှိပြီး ဇွန်လ ၄ရက်နံနက်၌ တုန်ဖုန်းကား (၃)စီးဖြင့် ထပ်မံစစ်ရေးလှုပ်ရှားလာစဉ် KIAက လေးကြိမ် မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ LuduNwayOoဇွန် 5, 2022