Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

Foodpanda Riderများ ဇွန်လ၆ရက်ကစပြီး အလုပ်မဆင်းသပိတ်ပြုလုပ်မည်

Foodpanda Rider များသည် ကုမ္ပဏီဘက်မှ လုပ်အားခများလျော့ချမှုကြုံရသောကြောင့် မတ်လ ၁၆ ရက်ကလည်း တောင်းဆိုချက် ၇ ချက်နှင့်အတူ အလုပ်မဆင်းသပိတ်ပြုလုပ်ခဲ့သည်။

Food Panda
Food Panda

Foodpanda ကုမ္ပဏီက Riderများနှင့် ညှိနှိုင်းထားသည့် သဘောတူညီချက်များကို အကောင်အထည်မဖော်ပေးဟုဆိုကာ ဇွန်လ ၆ရက်ကစ၍ အလုပ်မဆင်းသပိတ်ပြုလုပ်မည်ဟု Foodpanda Rider များက အသိပေး​ကြေညာသည်။

Rider များဘက်မှ ခရီးအကွာအဝေးအလိုက် အနိမ့်ဆုံး လုပ်အားခ ၆၇၀ ကျပ်မှစပေးရန် ၊ ဆော့ဖ်ဝဲလ်စနစ်ဖြင့် ထိန်းချုပ်နေသော တင်းကျပ်လွန်းသည့် စည်းကမ်းများကို ပြင်ဆင်ရန် ၊ အလုပ်ချိန်အ‌တွင်း ထိခိုက်နစ်နာမှုရှိပါက ကုမ္ပဏီဘက်မှ ကူညီဆောင်ရွက်ပေးရန် ၊ အလုပ်နားရက် တစ်ပတ်တစ်ရက်အပြည့်အဝပေးရန်စသည့် အချက်များအပါအဝင် အချက်ရှစ်ချက်ကို Rider များက တောင်းဆိုထားသည်။

ထို့ကြောင့် စားသုံးသူများအနေဖြင့် Foodpandaမှ မှာယူခြင်းမပြုရန် ၊ ယင်း Application ကို ဖျက်ရန် နှင့် Application ကို Bad Review ရေးပေးရန်လည်း တောင်းဆိုထားသည်။

ထို့အပြင် Foodpanda နှင့် အလုပ်လုပ်နေသည့် ဆိုင်ရှင်အနေဖြင့်လည်း ဇွန်လ ၆ ရက်ကစတင်၍ Application ကိုပိတ်ထားပေးရန်လည်း မေတ္တာရပ်ခံသည်။

Public Service Announcement

Public Service Announcement

Foodpanda Rider များသည် ကုမ္ပဏီဘက်မှ လုပ်အားခများလျော့ချမှုကြုံရသောကြောင့် မတ်လ ၁၆ ရက်ကလည်း တောင်းဆိုချက် ၇ ချက်နှင့်အတူ အလုပ်မဆင်းသပိတ်ပြုလုပ်ခဲ့သည်။

ထို့ကြောင့် ကုမ္ပဏီဘက်မှ တာဝန်ရှိသူများက ညှိနှိုင်းမှုများပြုလုပ်ခဲ့ပြီး Rider များ၏ တောင်းဆိုချက်ထဲမှ အချို့အချက်များကို ဆောင်ရွက်ပေးမည်ဟု နှုတ်ကတိပြုခဲ့သော်လည်း လက်ရှိအချိန်အထိ အကောင်အထည်မဖော်သေးကြောင်း Riderများ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

လက်ရှိတွင် ကြည့်မြင်တိုင်မြို့နယ် အထက်ကြည့်မြင်တိုင်လမ်း၊ ပန်းပင်ကြီးလမ်းနှင့် ကမ်းနားလမ်းတို့တွင် စစ်ကား၊ ရဲကားများ လှည့်ပတ်နေကြောင်း ဒေသခံများက ပြောသည်။

သတင်း

အဲဒီပုံထဲမှာ လူငယ် ၂ ဦးကိုဖမ်းဆီးထားပြီး လူငယ်တစ်ဦးမှာဆိုရင် ထိုးကြိတ်ခံထားရတဲ့ ဒဏ်ရာတွေကိုတွေ့မြင်ရပါတယ်။

သတင်း

ရဲဘော်လန်ဒန်သည် ပြီးခဲ့သည့် ဇူလိုင် ၂၆ရက်က အကြမ်းဖက်စစ်ကောင်စီနှင့် ဆားလင်းကြီး မြို့နယ် အခြေစိုက်(SPDF) မှ ရဲဘော်လန်ဒန်တို့ ထိပ်တိုက် ထိတွေ့မှုဖြစ်ခဲ့ပြီး စစ်တပ်၏ သက်ဖြတ်မှုကြောင့် ရဲဘော်လန်ဒန်မှာ တိုင်းပြည် အတွက် မြင့်မြတ်စွာအသက်ပေးလှူခဲ့ခြင်း ဖြစ်သည်။

သတင်း

လက်ရှိတွင် Foodpanda Riders များမှ Zero Customer ကမ်ပိန်းအားပြုလုပ်လျှက်ရှိပြီး ပြည်သူလူထုမှ Foodpanda ၏ ဝန်ဆောင်မှုများကို သုံးစွဲမှုမပြုခြင်းဖြင့် ပူးပေါင်းပါဝင်ပေးကြရန် မေတ္တာရပ်ခံထားသည်။