Connect with us

Hi, what are you looking for?

သတင်း

လှိုင်မြို့နယ် (၁)ရပ်ကွက်အုပ်ကြီး ပစ်သတ်ခံရ

ပစ်ခတ်ရှင်းလင်းခံရသူ ကိုဖိုးကျော်သည် ၎င်း၏တူများအား လက်ဖက်ရည်သောက်ရန်သွားခေါ်စဥ် လမ်းတွင် ပစ်ခတ်ခံရခြင်းဖြစ်ပြီး နားထင်တစ်ချက်၊ လည်ပင်းတစ်ချက်၊ ဝမ်းဗိုက်တွင်နှစ် ကျည်ဖောက်ဝင်ပြီး ယင်းဒဏ်ရာဖြင့်ပင်သေဆုံးသွားကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။

(လှိုင်မြို့နယ် (၁)ရပ်ကွက်အတွင်း စစ်ကောင်စီတပ်များ ဝင်မွှေနေစဥ် - ပုံဟောင်း)

လှိုင်မြို့နယ် အမှတ်(၁)ရပ်ကွက်မှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးကို ယနေ့(ဇွန် ၅)နံနက်ပိုင်းတွင် အမည်မသိအဖွဲ့တစ်ခုက ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ကိုဖိုးကျော်ဆိုသူသည် ယနေ့နံနက် ၆ နာရီခန့်က အောင်မေတ္တာ(၅)လမ်းအတွင်း လမ်းလျှောက်စဥ် သေနတ်ဖြင့် လေးချက်အပစ်ခံခဲ့ရခြင်းဖြစ်သည်။

“သူ့ကို ယာယီအုပ်ချုပ်ရေးမှူး ခန့်ထားတာ။ ဒီနေ့မနက် ၆ နာရီလောက် အောင်မေတ္တာ (၅)လမ်းထဲ ပစ်ခံရတာ။ သေနတ်အကျယ်ကြီးပဲ”ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

ပစ်ခတ်ရှင်းလင်းခံရသူ ကိုဖိုးကျော်သည် ၎င်း၏တူများအား လက်ဖက်ရည်သောက်ရန်သွားခေါ်စဥ် လမ်းတွင် ပစ်ခတ်ခံရခြင်းဖြစ်ပြီး နားထင်တစ်ချက်၊ လည်ပင်းတစ်ချက်၊ ဝမ်းဗိုက်တွင်နှစ် ကျည်ဖောက်ဝင်ပြီး ယင်းဒဏ်ရာဖြင့်ပင်သေဆုံးသွားကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များ အခင်းဖြစ်နေရာသို့ရောက်ရှိလာပြီး စစ်ဆေးမေးမြန်းမှုများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

လည်ပင်းမှာ ပန်းကုံးတွေ အများကြီးအစွပ်ခံထားရတဲ့ အမျိုးသားတစ်ယောက်ဟာ မိုက်ကိုကိုင်ရင်းမျက်ရည်တွေဝဲနေခဲ့တယ်။သူ့ရှေ့က လူတွေကိုကြည့်ရင်း သူ့အသံတွေဟာ တုန်ရင်နေခဲ့တယ်။

သတင်း

ကျောက်ဆည် PDFက ကိုယ်တိုင်ထုတ် ပစ္စတိုသေနတ်ကို ပြသပြီး စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေ သတိပြုနေထိုင်ကြဖို့ သတိပေးလိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ ဒုရဲမှူးတစ်ဦးကို စစ်တပ်က သေနတ်နဲ့ ပစ်သတ်ပြီး ရုပ်အလောင်း ဖျောက်ဖျက်ဖို့ ကြိုးစားနေတယ်လို့ ရေဦးမြို့အဝင်က စစ်ကောင်စီရဲ့ကြာပန်းစစ်ဆေးရေးဂိတ်နဲ့ နီးစပ်သူက ပြောပါတယ်။