Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ သင်္ဘောသုံးစီးကို မြို့လှ PDFထပ်မံ တိုက်ခိုက်၊ သင်္ဘောတစ်စီးထိမှန်ခဲ့

စစ်ကောင်စီ သင်္ဘောပေါ်မှလည်း လက်နက်ကြီးများဖြင့်တရစပ်ပြန်လည်ပစ်ခတ်ခဲ့ကြောင်း၊ လတ်တလောတွင် ဘိုကုန်းရွာ၌ ဆိုက်ကပ်သွားကြောင်း ဖော်ပြထားပြီး ပစ်ခတ်မှုများအတွင်း မြို့လှ KPDFတပ်မှ အထိအခိုက်မရှိခဲ့ဟု ထုတ်ပြန်သည်။

စစ်ကောင်စီသင်္ဘော
စစ်ကောင်စီသင်္ဘော

ကချင်ပြည်နယ် ရွှေကူမြို့မှ စုန်ဆင်းထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီ၏ စစ်သင်္ဘောသုံးစီးအားမြစ်ကမ်းတနေရာမှ စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ သင်္ဘောတစ်စီး ထိမှန်မှုရှိခဲ့သည်ဟု မြို့လှပြည်သူ့ကာကွယ်ရေးတပ်(PDF)က သတင်းထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီသင်္ဘောများကို ရွှေကူမြို့နယ် ကျောက်ကြီးရွာနှင့် ဆင်ကုန်တိုင်ရွာကြားတွင် ယနေ့ ဇွန်လ ၅ရက် နံနက် ၈နာရီခန့်က တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်ဟု ဖော်ပြသည်။

ထိုသို့ တိုက်ခိုက်ရာတွင် H-22 လက်လုပ်ရှေ့ပြေးမိုင်း ​လေး လုံး၊ Gun ငယ်အပါအဝင် လက်ထောက်သီး ကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ ရှေ့လယ်နောက်အတန်းလိုက်စုန်ဆင်းလာစဥ် သင်္ဘောသုံးစီးအနက် နောက်ဆုံးအစီး၏ ဆလင်ခန်းသို့ ထိမှန်ခဲ့ကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီ သင်္ဘောပေါ်မှလည်း လက်နက်ကြီးများဖြင့်တရစပ်ပြန်လည်ပစ်ခတ်ခဲ့ကြောင်း၊ လတ်တလောတွင် ဘိုကုန်းရွာ၌ ဆိုက်ကပ်သွားကြောင်း ဖော်ပြထားပြီး ပစ်ခတ်မှုများအတွင်း မြို့လှ KPDFတပ်မှ အထိအခိုက်မရှိခဲ့ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

မြို့လှ PDFသည် ဇွန်လ ၃ရက်ကလည်း စစ်ကောင်စီတပ်၏ သင်္ဘောလုံခြုံရေးမြေပြင်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

တဦးတည်းသင်္ဘော ၄စီးထိဆုံးရှုံးရသူများရှိပြီး သင်္ဘောတစီး ကျပ်သိန်းရှစ်ထောင်မှသိန်းနှစ်သောင်းထိရှိကာ ​နွေဦး​တော်လှန်​ရေးရဲအရင်းအနှီးဟု အသိ​ပေး

Facebook