Connect with us

Hi, what are you looking for?

သတင်း

အင်္ဂပူမြို့ရှိ အမှတ်(၅)လေ့ကျင့်ရေးတပ်ရင်းဂိတ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက မြို့ပေါ်နှင့် ကျေးရွာများတွင် အရပ်သားအသွင်ယူကာ စုံစမ်းထောက်လှမ်းနေ

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ် ကွင်းကောက်မြို့ရှိ အမှတ်(၅)လေ့ကျင့်ရေးတပ်ရင်းဂိတ်ကို ဧရာဝတီတိုင်းအခြေစိုက်ဧရာနဂါးညီနောင်ပြည်သူကာကွယ်ရေး ပြောက်ကျားတပ်က ဇွန် ၂ရက်ညတွင် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

အင်္ဂပူမြို့
အင်္ဂပူမြို့

အင်္ဂပူမြို့ရှိ စစ်ကောင်စီ၏ အမှတ်(၅)လေ့ကျင့်ရေးတပ်ရင်းဂိတ် မိုင်းဖောက်ခွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်နှင့်ရဲများသည် မြို့ပေါ်နှင့် ကျေးရွာများတွင် အရပ်သားအသွင်ယူကာ သတင်းစုံစမ်းထောက် လှမ်းနေကြောင်း ပြည်သူ့ကာကွယ်ရေး ရဲဘော်များက ပြောသည်။

“စစ်ခွေးဂိတ် မိုင်းခွဲခံရပြီးကတည်းက လူစိမ်းတွေ တွေ့လာရတယ်။ ပုံစံတွေက စုတ်စုတ်ပြတ်ပြတ်နဲ့။ ကိုယ့်ရွာထဲ လူစိမ်းတွေ့ရင် သံသယနဲ့စောင့်ကြည့်ပေးကြပါ”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ် ကွင်းကောက်မြို့ရှိ အမှတ်(၅)လေ့ကျင့်ရေးတပ်ရင်းဂိတ်ကို ဧရာဝတီတိုင်းအခြေစိုက်ဧရာနဂါးညီနောင်ပြည်သူကာကွယ်ရေး ပြောက်ကျားတပ်က ဇွန် ၂ရက်ညတွင် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

အကြီးစားမိုင်း ၆လုံးဖြင့် ဖောက်​ခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီအထိအခိုက်များနိုင်ကြောင်း ဧရာနဂါးညီနောင်ပြည်သူကာကွယ်ရေး ပြောက်ကျားတပ်က ထုတ်ပြန် သည်။

Public Service Announcement

Public Service Announcement

အမှတ်(၅)လေ့ကျင့်ရေးတပ်ရင်းဂိတ်အား တိုက်ခိုက်ခဲ့သည့် ညတွင် အင်္ဂပူမြို့နယ်ရှိ ပုသိမ် – မုံရွာလမ်းမိုင်တိုင်၆၁/၆၂ကြား၊ လှံထောင်ကွင်းရွာအနီးမှ မိုင်းတယ်တာဝါတ်ိုင်ကိုလည်း မိုင်းအကြီးစားနှစ်လုံးအသုံးပြုကာ ဧရာနဂါးညီနောင်ပြည်သူကာကွယ်ရေးပြောက်ကျား တပ်က ဖောက်ခွဲဖျက်စီးခဲ့သေးသည်။

“ကျွန်တော်တို့ မစ်ရှင်တွေ ဆက်တိုက်ရှိတယ်။ လူထုအနေနဲ့ သတိဝိရိယလေးနဲ့ နေဖို့လည်း အကြိမ်ကြိမ်မေတ္တာရပ်ခံပါတယ်”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။