News ငါန်းဇွန်မြို့နယ်မှ စစ်ကောင်စီသတင်းပေးဟုဆိုသောဆရာ၊ ဆရာမလင်မယား အသတ်ခံရ သတင်းပေးလင်မယားနှစ်ဦး အသတ်ခံရပြီးနောက် အောက်တိုဘာ ၄ ရက်တွင် စစ်ကောင်စီတပ်များရောက်ရှိလာပြီး ရွာတွင်းအကြမ်းဖက်ပစ်ခတ်မှုများ ပြုလုပ်နေ၍ ရှောင်တိမ်းခဲ့ရကြောင်း ဒေသခံများက ပြောသည်။ LuduNwayOoအောက်တိုဘာ 5, 2021
News နေပြည်တော် CID ရုံးပေါက်ကွဲမှုဖြစ်ပြီး အရာရှိတစ်ဦးအပါရဲအချို့ ဒဏ်ရာရ နယ်မှပေးပို့လာသော သက်သေခံပစ္စည်း ပါဆယ်ထုပ်ကိုဖွင့်ဖောက်စစ်ဆေးရာမှ ပေါက်ကွဲမှုဖြစ်သွားခဲ့ပြီး ရဲအရာရှိကြီးတစ်ဦးအပါအဝင် ရဲဝန်ထမ်းအချို့ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ LuduNwayOoအောက်တိုဘာ 5, 2021
News စစ်တပ်နဲ့မပတ်သက်ဖို့နဲ့ NUGကို အမြန်ဆုံးတရားဝင်အသိအမှတ်ပြုဖို့ ဂျပန်ဝန်ကြီးချုပ်သစ်ကို တောင်းဆိုဆန္ဒပြ ဂျပန်ဝန်ကြီးချုပ်သစ် Kishida ရဲ့ အိမ်တော်ရုံးရှေ့မှာ ဂျပန်ရောက်မြန်မာတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ စုဝေးပြီး ဒီကနေ့ ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။ LuduNwayOoအောက်တိုဘာ 5, 2021
News အပြစ်မဲ့တအာင်းလူငယ် ၇ ဦး မတရားဖမ်းဆီးခံရမှု အမြန်ဆုံးပြန်လွှတ်ပေးဖို့ စစ်တပ်ကို TPCC တိုက်တွန်း ဖမ်းဆီးခံရတဲ့ တအာင်းလူငယ် ၇ ဦးဟာ လူမှုရေးအကျိုးပြုလုပ်ငန်းတွေနဲ့ ပညာရေးလုပ်ငန်းတွေကိုသာ အဓိကဆောင်ရွက်နေသူတွေဖြစ်ပြီး အပြစ်မဲ့လူငယ်တွေသာ ဖြစ်တယ်လို့ TPCC က ထုတ်ပြန်ပါတယ်။ LuduNwayOoအောက်တိုဘာ 5, 2021
News ဘီယာသွားဝယ်သည့် စစ်ကောင်စီလက်အောက်ခံ BGF တပ်ဖွဲ့ဝင်နှစ်ဦး ပစ်သတ်ခံရ “ပစ်သွားတဲ့သူတွေက ဘယ်သူတွေလည်း မသိဘူး။ အရပ်ဝတ်နဲ့ပဲ။ အမည်မသိလက်နက်ကိုင်သူလို့ပဲ ပြောလို့ရမှာပေါ့။ အခု သေသွားတဲ့ BGFနှစ်ယောက်ရဲ့အလောင်းကို စခန်းကိုပြန်သယ်သွားပြီ ပြောတယ်” ဟု ဒေသခံက ပြောသည်။ LuduNwayOoအောက်တိုဘာ 5, 2021
News ဘဏ်များ၏ အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်နှင့်ပတ်သပ်၍ စစ်ကောင်စီရဲ့ဗဟိုဘဏ်ထုတ်ပြန် မြန်မာကျပ်ငွေဖြင့်ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်ဆိုသည်မှာ ငွေကြေးစနစ်တည်ငြိမ်စေရန် ဗဟိုဘဏ်က ဘဏ်များကို လူထု၏အပ်ငွေပမာဏအလိုက် ရာခိုင်နှုန်းသတ်မှတ်၍ ထိန်းသိမ်းထားခြင်းဖြစ်သည်။ LuduNwayOoအောက်တိုဘာ 5, 2021
News ဆူပူအောင်လှုံဆော်တယ်ဆိုတဲ့စွပ်စွဲချက်ကို သမ္မတ နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ကိုယ်တိုင်ထုချေမယ် အောက်တိုဘာလ ၁၂ ရက်ရုံးချိန်းမှာ သမ္မတ က ဦးဝင်းမြင့်က ထုချေမှာဖြစ်ပြီ ၊အောက်တိုဘာလ ၂၆ ရက် ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ထုချေမှာပါ။ LuduNwayOoအောက်တိုဘာ 5, 2021
News ရွှေစျေးနှင့် ဒေါ်လာစျေး မတည်ငြိမ်ဖြစ်နေ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက အောက်တို ဘာ ၅ ရက်မနက်ပိုင်းတွင် အခေါက်ရွှေဈေး တစ်ကျပ်သားကို ၁၈သိန်းခွဲဈေးဖွင့်ခဲ့ပြီး ညနေပိုင်းတွင်း ၁,၈၉၀,၀၀၀ကျပ်ပြန်လည် သတ်မှတ်ခဲ့သည်။ LuduNwayOoအောက်တိုဘာ 5, 2021
News အရေးပေါ်ကာလကြေညာကာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည် ဆောက်ရေး ဦးတည်ဆောင်ရွက်မယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂကြေညာ ဗဟိုအလုပ်အမှုဆောင်ကော်မတီဟာ သင့်တော်တဲ့ကာလမှာ ဒဂုံတက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားအားလုံးတက်ရောက်ခွင့်ရှိတဲ့ ကျောင်းသားထုညီလာခံတရပ်ခေါ်ယူရမှာလို့လည်း ပြဌာန်းထားပါတယ်။ LuduNwayOoအောက်တိုဘာ 5, 2021
News မြန်မာ-တရုတ်ကုန်သွယ်ရေးတွင် ဒုတိယအကြီးဆုံးချင်းရွှေဟောဂိတ်ကို တရုတ်က မနက်ဖြန်စပိတ်မည် ကိုဗစ်ကာကွယ်ရေးပစ္စည်းများအပ ကျန်ကုန်ပစ္စည်းများကို တင်ပို့ ၊တင်သွင်းခွင့်ပြုတော့မည်မဟုတ်ကြောင်း တရုတ်နိုင်ငံဘက်က မြန်မာနိုင်ငံမှ အာဏာသိမ်းစစ်ကောင်စီ၏ ကုန်သွယ်ရေးဦးစီးဌာနကို အကြောင်းကြားခဲ့ခြင်းဖြစ်သည်။ LuduNwayOoအောက်တိုဘာ 5, 2021