Connect with us

Hi, what are you looking for?

News

စစ်တပ်နဲ့မပတ်သက်ဖို့နဲ့ NUGကို အမြန်ဆုံးတရားဝင်အသိအမှတ်ပြုဖို့ ဂျပန်ဝန်ကြီးချုပ်သစ်ကို တောင်းဆိုဆန္ဒပြ

ဂျပန်ဝန်ကြီးချုပ်သစ် Kishida ရဲ့ အိမ်တော်ရုံးရှေ့မှာ ဂျပန်ရောက်မြန်မာတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ စုဝေးပြီး ဒီကနေ့ ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။

အကြမ်းဖက်မြန်မာစစ်တပ်နဲ့မပတ်သက်ဖို့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUGကို အမြန်ဆုံးတရားဝင်အသိ အမှတ်ပြုဖို့ ဂျပန်ဝန်ကြီးချုပ်သစ် Kishida ကို ဂျပန်လူမျိုးတွေအပါအဝင် ဂျပန်ရောက်မြန်မာတွေက တောင်းဆိုလိုက်ပါတယ်။

ဂျပန်ဝန်ကြီးချုပ်သစ် Kishida ရဲ့ အိမ်တော်ရုံးရှေ့မှာ ဂျပန်ရောက်မြန်မာတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ စုဝေးပြီး ဒီကနေ့ ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။

အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုဆီ စီးဆင်းနေတဲ့ သွေးစွန်းနေတဲ့ ငွေကြေးတွေ ရပ်တန့်ဖို့၊ ODA ချေးငွေးတွေ ရပ်တန့်ဖို့၊ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုအသစ်တွေ မလုပ်ဖို့၊ NUG အစိုးရကို အမြန်ဆုံးတရားဝင်အသိ အမှတ်ပြုပေးဖို့ စတဲ့အချက်တွေကို ဂျပန်လူမျိုး ၇၀ ဦးကျော်နဲ့အတူ မြန်မာတွေ ပူးပေါင်း ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။

ပူးပေါင်းလှုပ်ရှားခဲ့တဲ့ အဖွဲ့အစည်းတွေက Mekong Watch – မဲခေါင်စောင့်ကြည့်ရေး၊ ဗုဒ္ဓဘာသာအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးကွန်ယက်၊ အပြည်ပြည်ဆိုင်ရာကမ္ဘာမြေ သဘာဝပတ်ဝန်းကျင် NGO FoE Japan ၊ စစ်လက်နက်ကုန်သွယ်ရေးဆန့်ကျင်သောကွန်ယက်(NAJAT)၊ ဂျပန်အပြည်ပြည်ဆိုင်ရာစေတနာ့ ဝန်ထမ်းစင်တာ(JVC) နဲ့ မြန်မာနိုင်ငံသား အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်( ဂျပန် )FWUBC တို့ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။