Connect with us

Hi, what are you looking for?

News

အရေးပေါ်ကာလကြေညာကာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည် ဆောက်ရေး ဦးတည်ဆောင်ရွက်မယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂကြေညာ

ဗဟိုအလုပ်အမှုဆောင်ကော်မတီဟာ သင့်တော်တဲ့ကာလမှာ ဒဂုံတက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားအားလုံးတက်ရောက်ခွင့်ရှိတဲ့ ကျောင်းသားထုညီလာခံတရပ်ခေါ်ယူရမှာလို့လည်း ပြဌာန်းထားပါတယ်။

(ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့က စျေးဝယ်စင်တာတစ်ခု၌ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသည်ကို စက်တင်ဘာ၁၁ရက်က တွေ့ရစဥ်၊ ဓာတ်ပုံ - DUSU)

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂဟာ အရေးပေါ်ကာလပြဌာန်းချက်တွေ ထုတ်ပြန်ကြေညာလိုက်ပြီး အရေးပေါ်ကာလမှာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုက ရေစီတည်ဆောက်ရေးတို့ကို ဦးတည်ဆောင်ရွက်မယ်လို့ ဒီနေ့ထုတ်ပြန်ပါတယ်။

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂနွေဦးတော်လှန် ရေးလုပ်ငန်းတာဝန်တွေကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက်နဲ့ သမဂ္ဂရဲ့ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းပါ ပြဌာန်းချက်တွေကို သွေဖယ်ခြင်းမရှိရေးအတွက် အရေးပေါ်ကာလပြဌာန်းချက်တွေကို ထုတ်ပြန်တာဖြစ်တယ်လို့ ဆိုပါတယ်။

အရေးပေါ်ကာလမှာ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို ဆိုင်းငံ့ထားမှာဖြစ်ပြီး သမဂ္ဂဥက္ကဌဟာ ဗဟိုအလုပ်အမှုဆောင်ကော်မတီရဲ့ သဘောတူဆုံးဖြတ်ချက်နဲ့ နိုင်ငံရေးတိုက်ပွဲဦးဆောင်ကော်မတီကို ဖွဲ့စည်းရမယ်လို့ ပြဌာန်းချက်မှာ ဖော်ပြပါတယ်။

သမဂ္ဂရဲ့ အရေးပေါ်ကာလကို တစ်နှစ်သတ်မှတ်ပြီး တာဝန်ထမ်းဆောင်ဆဲ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်သုံးပုံနှစ်ပုံရဲ့ သဘောတူညီမှုနဲ့ သက်တမ်းတိုးနိုင်တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဗဟိုအလုပ်အမှုဆောင်ကော်မတီဟာ သင့်တော်တဲ့ကာလမှာ ဒဂုံတက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားအားလုံးတက်ရောက်ခွင့်ရှိတဲ့ ကျောင်းသားထုညီလာခံတရပ်ခေါ်ယူရမှာလို့လည်း ပြဌာန်းထားပါတယ်။

အဲဒီညီလာခံမှာ ဗဟိုအလုပ်အမှုဆောင်ကော်မတီက အရေးပေါ်ကာလဆောင်ရွက်ချက်တွေကို တင်ပြပြီးနောက် အရေးပေါ်ကာလကို ပယ်ဖျက်ကြောင်းကြေညာရမယ်လို့လည်း ထည့်သွင်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လူမျိုးများ၊ ပြည်သူလူထုများအားလုံး စည်းလုံးညီညွတ်ကြရမှာ ဖြစ်ပြီး စစ်အာဏာရှင်စနစ်မှ လွတ်မြောက်ကာ လွတ်လပ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖြစ်ပေါ်လာတဲ့အထိ တော်လှန်ရေးကို ဆက်လက်ဆင်နွှဲသွားကြရမယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောပါတယ်။

သတင်း

စစ်အာဏာရှင်စနစ်ခိုင်မြဲအောင် ပူးပေါင်းကူညီနေသူတွေ ရပ်တန့်ကြဖို့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက သတိပေးထားကြောင်း KIO ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီးဂွန်မော်က ဥက္ကဋ္ဌရဲ့ ကချင်အာဇာနည်နေ့မိန့်ခွန်းကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်အုပ်စုဟာ အာဏာတည်မြဲရေး ၊ဆက်နွယ်နေသူတွေရဲ့အကျိုးစီးပွားအတွက်သာ ကြည့်ရှုတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ကြောင်း ကရင်အမျိုးသားအစည်အးရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားလိုက်ပြီး အာဏာရှင်စနစ်နဲ့ အာဏာရှင်အုပ်ချုပ်ရေး အဆုံးသတ်ဖို့ နည်းလမ်းမျိုးစုံသုံး ဆန့်ကျင်ကြရန် တိုက်တွန်းလိုက်ပါတယ်။

သတင်း

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်မယ့် အဓိကလက်နက်မှာ ပြည်သူလူထုရဲ့ ညီညွတ်မှုအင်အားသာ ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။

Facebook