Connect with us

Hi, what are you looking for?

LuduNwayOo

News

အရေးပေါ်ကာလကြေညာကာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည် ဆောက်ရေး ဦးတည်ဆောင်ရွက်မယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂကြေညာ

ဗဟိုအလုပ်အမှုဆောင်ကော်မတီဟာ သင့်တော်တဲ့ကာလမှာ ဒဂုံတက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားအားလုံးတက်ရောက်ခွင့်ရှိတဲ့ ကျောင်းသားထုညီလာခံတရပ်ခေါ်ယူရမှာလို့လည်း ပြဌာန်းထားပါတယ်။

(ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့က စျေးဝယ်စင်တာတစ်ခု၌ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသည်ကို စက်တင်ဘာ၁၁ရက်က တွေ့ရစဥ်၊ ဓာတ်ပုံ - DUSU)

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂဟာ အရေးပေါ်ကာလပြဌာန်းချက်တွေ ထုတ်ပြန်ကြေညာလိုက်ပြီး အရေးပေါ်ကာလမှာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုက ရေစီတည်ဆောက်ရေးတို့ကို ဦးတည်ဆောင်ရွက်မယ်လို့ ဒီနေ့ထုတ်ပြန်ပါတယ်။

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂနွေဦးတော်လှန် ရေးလုပ်ငန်းတာဝန်တွေကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက်နဲ့ သမဂ္ဂရဲ့ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းပါ ပြဌာန်းချက်တွေကို သွေဖယ်ခြင်းမရှိရေးအတွက် အရေးပေါ်ကာလပြဌာန်းချက်တွေကို ထုတ်ပြန်တာဖြစ်တယ်လို့ ဆိုပါတယ်။

အရေးပေါ်ကာလမှာ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို ဆိုင်းငံ့ထားမှာဖြစ်ပြီး သမဂ္ဂဥက္ကဌဟာ ဗဟိုအလုပ်အမှုဆောင်ကော်မတီရဲ့ သဘောတူဆုံးဖြတ်ချက်နဲ့ နိုင်ငံရေးတိုက်ပွဲဦးဆောင်ကော်မတီကို ဖွဲ့စည်းရမယ်လို့ ပြဌာန်းချက်မှာ ဖော်ပြပါတယ်။

သမဂ္ဂရဲ့ အရေးပေါ်ကာလကို တစ်နှစ်သတ်မှတ်ပြီး တာဝန်ထမ်းဆောင်ဆဲ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်သုံးပုံနှစ်ပုံရဲ့ သဘောတူညီမှုနဲ့ သက်တမ်းတိုးနိုင်တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဗဟိုအလုပ်အမှုဆောင်ကော်မတီဟာ သင့်တော်တဲ့ကာလမှာ ဒဂုံတက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားအားလုံးတက်ရောက်ခွင့်ရှိတဲ့ ကျောင်းသားထုညီလာခံတရပ်ခေါ်ယူရမှာလို့လည်း ပြဌာန်းထားပါတယ်။

အဲဒီညီလာခံမှာ ဗဟိုအလုပ်အမှုဆောင်ကော်မတီက အရေးပေါ်ကာလဆောင်ရွက်ချက်တွေကို တင်ပြပြီးနောက် အရေးပေါ်ကာလကို ပယ်ဖျက်ကြောင်းကြေညာရမယ်လို့လည်း ထည့်သွင်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

၁၉၈၉ ခုနှစ် ဧပြီ ၁၇ရက်‌တွင် စတင် တည်ထောင်ခဲ့သော ဝပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSP/UWSA) သည် ယနေ့တွင် (၃၅)နှစ်ပြည့်မြောက်ပြီဖြစ်သည်။

သတင်း

မြန်မာနဲ့ အိန္ဒိယကြားမှာ ၁၆၄၀ ကီလိုမီတာ ရှည်လျားတဲ့ နယ်နိမိတ် ထိစပ်နေပြီး အိန္ဒိယရဲ့ အရှေ့အာရှ အိမ်နီးချင်းတွေနဲ့ ဆက်ဆံရေး မြှင့်တင်မှု မဟာဗျူဟာမှာ မြန်မာဟာ ပထဝီ နိုင်ငံရေးအရ အရေးပါတဲ့ နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေပါတယ်။

သတင်း

တော်လှန်ရေး ဦးဆောင်မှုအခန်းကဏ္ဍ၌ KIO ၏ မဆုတ်မနစ်ပါဝင်မှုကို များစွာလေးစားဂုဏ်ယူသည်ဟုလည်း ပြောကြားခဲ့သည်။

သတင်း

တရားမဝင် အာဏာသိမ်းစစ်တပ်၏ အရေးပေါ်ကာလသက်တမ်းတိုးမှုက တိုင်းပြည်ကို အကြမ်းဖက်မှုများနှင့် မတည်ငြိမ်မှုများကို ပိုမိုဆိုးရွားလာစေမည်ဟု အမေရိကန်က ဆိုသည်။