Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရိုဟင်ဂျာစက်လှေနစ်မြုပ်မှု ရုပ်အလောင်း ၁၇လောင်းရှာဖွေတွေ့ရှိ

လက်တလောတွင် ရခိုင်ပြည်နယ်ကမ်းရိုးတန်းဒေသများ၌ မိုးနှင့်လေပြင်း ဆက်လက်အားကောင်းနေသောကြောင့် ပျောက်ဆုံးနေသူများကို အသက်ရှင်လျက် ပြန်တွေ့ရန် မလွယ်ကူတော့ကြောင်း ဒေသခံများက ပြောသည်။

(သေဆုံးသူရုပ်အလောင်းတစ်လောင်းအား သယ်ဆောင်ရန် ပြင်ဆင်နေစဉ်။ ဓာတ်ပုံ - CJ)
(သေဆုံးသူရုပ်အလောင်းတစ်လောင်းအား သယ်ဆောင်ရန် ပြင်ဆင်နေစဉ်။ ဓာတ်ပုံ - CJ)

ရာသီဥတုဆိုးရွားနေစဉ် စစ်တွေမြို့အနီး ပင်လယ်ပြင်၌ ရိုဟင်ဂျာများလိုက်ပါလာသည့် စက်လှေတစ်စီးနစ်မြုပ်ခဲ့ပြီး ယနေ့အထိ ရုပ်အလောင်း ၁၇လောင်း ရှာဖွေတွေ့ရှိထားကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။

စစ်တွေမြို့နယ် ဘာဆာရာကျေးရွာအနီး ပင်လယ်ပြင်၌ သြဂုတ် ၇ ရက်က အမျိုးသမီးနှင့်ကလေးငယ်အချို့အပါအဝင် ရိုဟင်ဂျာ ၅၀ဦးထက်မနည်းလိုက်ပါလာသည့် စက်လှေတစ်စီး နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။ မိုးနှင့်လေ ပြင်းထန်ပြီး လှိုင်းရိုက်၍ နစ်မြုပ်သွားခြင်းဖြစ်ကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။

ယနေ့(ဩဂုတ် ၁၀ရက်)နံနက်အထိ အမျိုးသမီး ၁၀ဦးနှင့် အမျိုးသားခုနစ်ဦး၏ ရုပ်အလောင်းများရှာဖွေတွေ့ရှိထားကြောင်း ကယ်ဆယ်ရေးလုပ်နေသည့် ဒေသခံတစ်ဦးက ပြောသည်။

အသက်ရှင်လျက်လွတ်မြောက်လာခဲ့သည့် အမျိုးသားရှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားကြောင်းလည်း သတင်းရရှိသည်။

အဆိုပါ ရိုဟင်ဂျာစက်လှေသည် ရခိုင်ပြည်နယ် ရသေ့တောင်မြို့မှထွက်ခွာလာခြင်းဖြစ်ပြီး ပင်လယ်ရေလမ်းကြောင်းမှတဆင့် မလေးရှားနိုင်ငံသို့ တရားမဝင်သွားရောက်စဉ် ရာသီဥတုဆိုးဝါးမှုကြောင့် နစ်မြုပ်ခဲ့ခြင်းဟု စစ်တွေမြို့မှ လူမှုကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။

Public Service Announcement

Public Service Announcement

သေဆုံးသူ ၁၇ဦးနှင့် အသက်ရှင်လျက်တွေ့သူ ရှစ်ဦးရှိရာ ၂၅ဦးထက်မနည်း ပျောက်ဆုံးနေခြင်းဖြစ်သည်။

လက်တလောတွင် ရခိုင်ပြည်နယ်ကမ်းရိုးတန်းဒေသများ၌ မိုးနှင့်လေပြင်း ဆက်လက်အားကောင်းနေသောကြောင့် ပျောက်ဆုံးနေသူများကို အသက်ရှင်လျက် ပြန်တွေ့ရန် မလွယ်ကူတော့ကြောင်း ဒေသခံများက ပြောသည်။