Connect with us

Hi, what are you looking for?

သတင်း

ရိုဟင်ဂျာစက်လှေနစ်မြုပ်မှု ရုပ်အလောင်း ၁၇လောင်းရှာဖွေတွေ့ရှိ

လက်တလောတွင် ရခိုင်ပြည်နယ်ကမ်းရိုးတန်းဒေသများ၌ မိုးနှင့်လေပြင်း ဆက်လက်အားကောင်းနေသောကြောင့် ပျောက်ဆုံးနေသူများကို အသက်ရှင်လျက် ပြန်တွေ့ရန် မလွယ်ကူတော့ကြောင်း ဒေသခံများက ပြောသည်။

(သေဆုံးသူရုပ်အလောင်းတစ်လောင်းအား သယ်ဆောင်ရန် ပြင်ဆင်နေစဉ်။ ဓာတ်ပုံ - CJ)
(သေဆုံးသူရုပ်အလောင်းတစ်လောင်းအား သယ်ဆောင်ရန် ပြင်ဆင်နေစဉ်။ ဓာတ်ပုံ - CJ)

ရာသီဥတုဆိုးရွားနေစဉ် စစ်တွေမြို့အနီး ပင်လယ်ပြင်၌ ရိုဟင်ဂျာများလိုက်ပါလာသည့် စက်လှေတစ်စီးနစ်မြုပ်ခဲ့ပြီး ယနေ့အထိ ရုပ်အလောင်း ၁၇လောင်း ရှာဖွေတွေ့ရှိထားကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။

စစ်တွေမြို့နယ် ဘာဆာရာကျေးရွာအနီး ပင်လယ်ပြင်၌ သြဂုတ် ၇ ရက်က အမျိုးသမီးနှင့်ကလေးငယ်အချို့အပါအဝင် ရိုဟင်ဂျာ ၅၀ဦးထက်မနည်းလိုက်ပါလာသည့် စက်လှေတစ်စီး နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။ မိုးနှင့်လေ ပြင်းထန်ပြီး လှိုင်းရိုက်၍ နစ်မြုပ်သွားခြင်းဖြစ်ကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။

ယနေ့(ဩဂုတ် ၁၀ရက်)နံနက်အထိ အမျိုးသမီး ၁၀ဦးနှင့် အမျိုးသားခုနစ်ဦး၏ ရုပ်အလောင်းများရှာဖွေတွေ့ရှိထားကြောင်း ကယ်ဆယ်ရေးလုပ်နေသည့် ဒေသခံတစ်ဦးက ပြောသည်။

အသက်ရှင်လျက်လွတ်မြောက်လာခဲ့သည့် အမျိုးသားရှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားကြောင်းလည်း သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ရိုဟင်ဂျာစက်လှေသည် ရခိုင်ပြည်နယ် ရသေ့တောင်မြို့မှထွက်ခွာလာခြင်းဖြစ်ပြီး ပင်လယ်ရေလမ်းကြောင်းမှတဆင့် မလေးရှားနိုင်ငံသို့ တရားမဝင်သွားရောက်စဉ် ရာသီဥတုဆိုးဝါးမှုကြောင့် နစ်မြုပ်ခဲ့ခြင်းဟု စစ်တွေမြို့မှ လူမှုကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။

သေဆုံးသူ ၁၇ဦးနှင့် အသက်ရှင်လျက်တွေ့သူ ရှစ်ဦးရှိရာ ၂၅ဦးထက်မနည်း ပျောက်ဆုံးနေခြင်းဖြစ်သည်။

လက်တလောတွင် ရခိုင်ပြည်နယ်ကမ်းရိုးတန်းဒေသများ၌ မိုးနှင့်လေပြင်း ဆက်လက်အားကောင်းနေသောကြောင့် ပျောက်ဆုံးနေသူများကို အသက်ရှင်လျက် ပြန်တွေ့ရန် မလွယ်ကူတော့ကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်မှာ အာရက္ခတပ်တော်(AA)နဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်းမှာ အာဏာသိမ်းစစ်တပ်က မတရားဖမ်းဆီး၊ စစ်သင်တန်းပေးထားတဲ့ ရိုဟင်ဂျာတွေကို အသုံးပြုတိုက်ခိုင်းနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့လယ်က ကန်တော်ကြီးအတွင်းမှာ အမျိုးသား ၁ဦး ရုပ်အလောင်းတွေ့ရှိတယ်လို့ မင်္ဂလာတောင်ညွန့်မြို့နယ်လူမှုကူညီရေးအသင်းတာ၀န်ရှိသူတချို့က ပြောပါတယ်။

သတင်း

မြန်မာနိုင်ငံမှာရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုနဲ့ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)ဆီကဆုံးဖြတ်ချက်တစ်ခု အောက်တိုဘာလထဲမှာ ထွက်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။

ဆောင်းပါး

အခုတလော မလေးရှားအစိုးရကထိန်းသိမ်းရေးစခန်းတွေမှာဖမ်းဆီးထားတဲ့ စာရွက်စာတမ်းမဲ့ မြန်မာနိုင်ငံသား ၁၀,၀၀၀ ကျော်အနက်၅,၀၀၀ ခန့်ကိုမြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ဖို့ စီစဉ်နေတယ်ဆိုတဲ့သတင်းကြောင့်ဖမ်းဆီးခံထားရသူတွေနဲ့ အပြင်မှာ ကျန်ရှိနေတဲ့မိသားစုဝင်တွေရဲ့ရင်ကို ပူလောင်စေပြီး၊ လူ့အခွင့်အရေးအဖွဲ့အစည်းတွေအကြား စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာ နေပါတယ်။