Connect with us

Hi, what are you looking for?

သတင်း

ဂန့်ဂေါအနောက်ဘက်ခြမ်း စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်က ဒေသခံ လေးဦးသတ်ဖြတ်

စစ်ကောင်စီစစ်ကြောင်းသည် ရှုံးရှီရွာစာသင်ကျောင်း၌ ယနေ့ညက စခန်းချထား၍ ရှုံးရှီရွာ၊ အနောက်ဂန့်ဂေါနှင့် ဇဟောရွာတို့မှ ဒေသခံပြည်သူ ၃,၀၀၀ခန့်မှာ ဘေးလွတ်ရာတိမ်းရှောင်နေရသည်ဟု အဆိုပါအဖွဲ့တာဝန်ရှိသူက ပြောသည်။

ဂန့်ဂေါအနောက်ဘက်ခြမ်း စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်က ဒေသခံ လေးဦးသတ်ဖြတ်
ဂန့်ဂေါအနောက်ဘက်ခြမ်း စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်က ဒေသခံ လေးဦးသတ်ဖြတ်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် အနောက်ပိုင်းရှိကျေးရွာများ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ကျေးရွာနှစ်ရွာမှ ဒေသခံလေးဦး သတ်ဖြတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဂန့်ဂေါမြို့ ခလရ(၅၀)မှလာသည့် အင်အား ၁၀၀ခန့်ပါသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ယမန့်နေ့(ဩဂုတ် ၉ရက်)က အနောက်ဂန့်ဂေါကျေးရွာမှ ဓားစာခံဖမ်းဆီးထားသည့် ရွာသားတစ်ဦးနှင့် ယနေ့နေ့လယ်တွင် ရှုံးရှီကျေးရွာမှ ရွာသား သုံးဦးတို့ကို သတ်ဖြတ်ခဲ့ခြင်းဟု ဒေသခံများက ပြောသည်။

“ရှုံးရှီရွာမှာ အသတ်ခံရတာ ရွာ(ပကဖ)နှစ်ဦးနဲ့ ရွာသားတစ်ဦးလို့ သိထားရတယ်။ ရွာကပြည်သူတွေက အခုတောထဲမှာ ထွက်ပြေးပြီးရှောင်နေရတယ်”ဟု Special Ranger Force အဖွဲ့ တာဝန်ရှိသူက ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် အနောက်ဂန့်ဂေါရွာမှ ယနေ့ နေ့လယ် ၂ နာရီခန့်တွင် ရှုံးရှီရွာအတွင်း ဝင်ရောက်ပြီး ပြည်သူများ၏ နေအိမ်များ ဝင်ရောက်ဖျက်ဆီးပြီး ပစ္စည်းခိုးယူနေသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီစစ်ကြောင်းသည် ရှုံးရှီရွာစာသင်ကျောင်း၌ ယနေ့ညက စခန်းချထား၍ ရှုံးရှီရွာ၊ အနောက်ဂန့်ဂေါနှင့် ဇဟောရွာတို့မှ ဒေသခံပြည်သူ ၃,၀၀၀ခန့်မှာ ဘေးလွတ်ရာတိမ်းရှောင်နေရသည်ဟု အဆိုပါအဖွဲ့တာဝန်ရှိသူက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တော်မှာမြန်မာအမျိုးသမီးတစ်ဦးသတ်ဖြတ်ခံရပြီးရုပ်အလောင်းကိုအပိုင်းပိုင်းခုတ်ထစ်ဖြတ်တောက်ခံထားရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့သံသယရှိခံရသူခင်ပွန်းဖြစ်သူကိုရဲတွေကအပူတပြင်းလိုက်ရှာနေပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ် တစ်ယောက်ဟာ အရုပ်နဲ့ ဖုန်းလုရင်း ညီမကို သတ်ဖြတ်ခဲ့ကြောင်း သိရပါတယ်။ သူနဲ့အတူ တခြား ဆွေမျိုးရင်းခြာ ဆယ်ကျော်သက် တစ်ဦးလည်း အဖမ်းခံခဲ့ရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကမြစ်ခြေမြို့မှာကလေးငယ်တွေအပါအဝင်အရပ်သား၄၀ကျော်သတ်ဖြတ်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တပ်ဖမ်းဆီးထားတဲ့ပြည်သူ​တွေထဲကအနည်းဆုံး၇ဦးအသတ်ခံထားရပြီး၂ဦး​ပျောက်ဆုံး​နေ ၊စစ်​ကြောင်း​တွေခွဲပြီးရွာ​တွေကိုမီးရှို့