Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတွင် စစ်တပ် လေကြောင်းတိုက်ခိုက်၍ လသားအရွယ်ကလေးငယ်အပါအဝင် သုံးဦးသေဆုံး၊ ၁၅ ဦးခန့်ဒဏ်ရာရ

တိုက်ခိုက်မှုကြောင့် (၈)လသားအရွယ် ကလေးငယ်တစ်ဦး ၊ ကလေး၏မိခင် (၂၃)နှစ်ခန့်အရွယ်အမျိုးသမီး တစ်ဦးနှင့် (၆၅)နှစ်ခန့်အရွယ် အမျိုးသမီးတစ်ဦးတို့ စုစုပေါင်း သုံးဦးသေဆုံးခဲ့ကြောင်း Wetlet Informational Network အဖွဲ့က ပြောသည်။

(စစ်ကောင်စီတပ် စစ်ကြောင်းထိုးမှုကြောင့် စစ်ကိုင်းမြို့နယ် တလိုင်းရွာဒေသခံများ ဘေးလွတ်ရာတိမ်းရှောင်ရန်ပြင်ဆင်နေကြစဥ်။ ဓာတ်ပုံ - U Pyay)
(စစ်ကောင်စီတပ် စစ်ကြောင်းထိုးမှုကြောင့် စစ်ကိုင်းမြို့နယ် တလိုင်းရွာဒေသခံများ ဘေးလွတ်ရာတိမ်းရှောင်ရန်ပြင်ဆင်နေကြစဥ်။ ဓာတ်ပုံ - U Pyay)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တလိုင်းကျေးရွာတွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရဟတ်ယာဥ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ လသားအရွယ်ကလေးငယ်နှင့်သူ၏မိခင်အပါအဝင် သုံးဦးသေဆုံးခဲ့ပြီး ပြည်သူ ၁၅ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ​ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့(သြဂုတ် ၁၁ရက်)နံနက် ၂နာရီ ၁၅မိနစ်ခန့်က စစ်ကိုင်းမြို့နယ်မြောက်ခြမ်းရှိ တလိုင်းကျေးရွာ ကန်ဦးကျောင်းအား စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားချင်းမရှိဘဲ ဂျက်ဖိုက်တာတစ်စီးဖြင့် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်မှုကြောင့် (၈)လသားအရွယ် ကလေးငယ်တစ်ဦး ၊ ကလေး၏မိခင် (၂၃)နှစ်ခန့်အရွယ်အမျိုးသမီး တစ်ဦးနှင့် (၆၅)နှစ်ခန့်အရွယ် အမျိုးသမီးတစ်ဦးတို့ စုစုပေါင်း သုံးဦးသေဆုံးခဲ့ကြောင်း Wetlet Informational Network အဖွဲ့က ပြောသည်။

ထို့အပြင် ဒေသခံပြည်သူ ၁၅ဦးခန့် ထိခိုက်ဒဏ်ရာရရှိပြီး နွားများလည်း သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သားများလည်း တလိုင်းကျေးရွာကို ဝင်ရောက်ပြီးနောက် ဒေသခံပြည်သူအချို့လည်း ဖမ်းဆီးခံထားရကြောင်း Sagaing District Medical Team အဖွဲ့က အသိပေးသည်။

“လေယာဥ်နဲ့ပစ်တာ ၁၀မိနစ်လောက်ပဲ။ ရွာထဲမှာမိတဲ့ ပြည်သူတွေ အများကြီးပဲ။”ဟု Wetlet Informational Network အဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

ထို့ကြောင့် တလိုင်းရွာအပါအဝင်အနီးရှိ ကျေးရွာများမှ ဒေသခံပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

စစ်ကောင်စီတပ်သည် အာဏာသိမ်းကာလ (၂)နှစ်ကျော်အတွင်း၂၀၂၃ ဧပြီအထိ စစ်ကိုင်းနှင့်မကွေးတိုင်းတွင် လေကြောင်းပစ်ခတ်တိုက်ခိုက်မှု ၃၆၁ကြိမ်ရှိကြောင်း ဉာဏ်လင်းသစ် သုတေသနအဖွဲ့၏ ထုတ်ပြန်ချက်တွင် တွေ့ရသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုများသည် ​ကျေးရွာနေအိမ်များနှင့် ပြည်သူလုထုစုဝေးနေချိန် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အရပ်သားပြည်သူအများအပြား သေဆုံးခဲ့ရသည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများအနက် ဆုံးရှုံးမှုအများဆုံးမှာ ၂၀၂၃ ဧပြီ ၁၁ ရက်က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာဖြစ်စဥ်ဖြစ်ပြီး ကလေးငယ် ၄၀ထက်မနည်းအပါအဝင် ဒေသခံ၂၀၀ နီးပါးသေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။