သတင်း “ညနေခင်းသတင်းလွှာ” ဒီနေ့ (ဧပြီ ၃၀ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။ LuduNwayOoဧပြီ 30, 2023
သတင်း တမူးတွင် ပျုခေါင်းဆောင်တစ်ဦးက အရပ်သားဇနီးမောင်နှံအား သတ်ဖြတ် တမူးမြို့၊ စော်ဘွား(၁၂) ခ ရပ်ကွက်တွင် နေထိုင်သော လူလတ်ပိုင်းအရွယ် ဇနီးမောင်နှံနှစ်ဦးအား ချမ်းမြေ့ဦးဆောင်သည့်အဖွဲ့က ဧပြီ ၂၆ရက်တွင် သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း သတင်းရရှိသည်။ LuduNwayOoဧပြီ 30, 2023
သတင်း တစ်ပတ်အတွင်း ခင်ဦးမှာ အိမ်ခြေ ၅၀၀ ခန့်မီးရှို့ခံရ မြို့သစ်ကျေးရွာမှာ အိမ်ခြေ ၄၀၀ကျော် ၊တပင်ကျောင်းတောင်ရွာ အိမ်ခြေ ၂၅ လုံး နဲ့ ကံကြီးကုန်းရွာမှာ အိမ် ၁ လုံးမီးရှို့ခံခဲ့ရတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်အဖွဲ့ရဲ့ စာရင်းမှာတွေ့ရပါတယ်။ LuduNwayOoဧပြီ 30, 2023
သတင်း ထိုင်းနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ မြန်မာနိုင်ငံသား ၂၃ ဦး ဖမ်းခံရ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ တရားမဝင်လုပ်သားတွေ လုပ်ကိုင်နေတယ်လို့ဆိုတဲ့တိုင်တန်းချက်အရ ထိုင်း ရဲက ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဝင်စီးတာပါ။ LuduNwayOoဧပြီ 30, 2023
သတင်း မိုင်တဲလ်အကြီးအကဲ အသတ်ခံရမှုမှာ ဖမ်းခံရသူ လူငယ် ထောင်ဒဏ် ၈၄ နှစ်ထိချခံရ ထောင်ဒဏ် နှစ် ၄၀ ချခံရတဲ့အမျိုးသားကလွဲရင် ကျန်တဲ့ ၃ ဦးဟာ ရန်ကုန်တော်လှန်ရေးအင်အားစု (YRF) အဖွဲ့ဝင်တွေဖြစ်တယ်လို့ YRF က အတည်ပြုထုတ်ပြန်ထားဖူးပါတယ်။ LuduNwayOoဧပြီ 30, 2023
သတင်း စစ်ကိုင်းမြို့နယ်မှအမြှောက်တပ်ရင်းဂိတ်နှင့် သံချပ် ကာကားဂိုထောင်အား ပြောက်ကျားအဖွဲ့ကဒရုန်းဖြင့်တိုက်ခိုက် ယမန်နေ့ (ဧပြီ ၂၉ ရက်) ညနေ ၃နာရီခန့်က စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာရှိ (၆၀၀၅) အမြှောက်တပ်ရင်းအဝင် စစ်ဆေးရေးဂိတ်နှင့် သံချပ်ကာကားများထားသော ဂိုထောင်များကို တိုက်ခိုက်ခဲ့ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက ပြောသည်။ LuduNwayOoဧပြီ 30, 2023
သတင်း NUG နိုင်ငံခြားရေး ဒုဝန်ကြီးနှင့် ကုလအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်း အွန်လိုင်းမှတွေ့ဆုံဆွေးနွေး မစ္စတာဘန်ကီမွန်းအနေဖြင့် မြန်မာနိုင်ငံသို့ ထပ်မံသွားရောက်မည့် ခရီးစဉ်များရှိပါက အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် မြန်မာနိုင်ငံမှ အရေးပါသော သက်ဆိုင်သူများနှင့် တိုင်ပင်ဆွေးနွေးမှုများ လုပ်ဆောင်ရန် မေတ္တာရပ်ခံခဲ့ကြောင်း သိရသည်။ LuduNwayOoဧပြီ 30, 2023
သတင်း စစ်တပ်ပြန်ဆုတ်သွားခြင်းနှင့်ကုန်ဈေးနှုန်းကျစေရန်မြိတ်-တနင်္သာရီ-ဘုတ်ပြင်းလမ်း နှင့် ထုံခါ-မောတောင်လမ်းပိုင်းကို PDF ကသွားလာခွင့်ပြန်ခွင့်ပြု မြိတ်-တနင်္သာရီ-ဘုတ်ပြင်းလမ်းပေါ်ရှိ ထုံခါ-မောတောင်လမ်းပိုင်း ချောင်းနှစ်ပေါက်ကျေးရွာအနီးတွင် မတ်လ ၂၉ ရက်မှစ၍ တိုက်ပွဲများဖြစ်ပွားခဲ့ရာ ဒေသတွင်းတော်လှန်ရေးအင်အားစုများက ယင်းလမ်းပိုင်းများကို မတ် ၃၁ ရက်မှစ၍ယာယီသွားလာခွင့်တားမြစ်ခဲ့သည်။ LuduNwayOoဧပြီ 30, 2023
သတင်း ရေဦးနှင့်ခင်ဦးတွင် စစ်ကောင်စီတပ်စစ်ကြောင်း ရောက်လာပြီး ကျေးရွာများ မီးရှို့နေ စစ်ကောင်စီတပ်သည် မုတ်စီရွာနှင့် နှောကုန်းကျေးရွာထိပ်များတွင်လည်း ကင်းပုန်းများချထားကြောင်း သိရသည်။ LuduNwayOoဧပြီ 30, 2023
သတင်း ရှမ်း – ကရင်နီဒေသအစပ် မြောက်စလုံးရွာတိုက်ပွဲ စစ်ကောင်စီတပ်အထိနာ၍ ဆုတ်ခွာသွား ဧပြီ ၂၅ရက်ကစ၍ စစ်ကောင်စီတပ်ဖွဲ့များမှာ မြောက်စလုံးကျေးရွာမှ တောင်မဲသင်းကျေးရွာဖက်သို့ဆုတ်ခွာ၍တပ်စွဲထားပြီး လက်ရှိချိန်ထိ ကရင်နီတပ်ပေါင်းစုများနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း KNDFက အသိပေးထားသည်။ LuduNwayOoဧပြီ 30, 2023