Connect with us

Hi, what are you looking for?

သတင်း

တစ်ပတ်အတွင်း ခင်ဦးမှာ အိမ်ခြေ ၅၀၀ ခန့်မီးရှို့ခံရ

မြို့သစ်ကျေးရွာမှာ အိမ်ခြေ ၄၀၀ကျော် ၊တပင်ကျောင်းတောင်ရွာ အိမ်ခြေ ၂၅ လုံး နဲ့ ကံကြီးကုန်းရွာမှာ အိမ် ၁ လုံးမီးရှို့ခံခဲ့ရတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်အဖွဲ့ရဲ့ စာရင်းမှာတွေ့ရပါတယ်။

ဓာတ်ပုံ − ခင်ဦးသတင်းမှန်
ဓာတ်ပုံ − ခင်ဦးသတင်းမှန်

စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ စစ်ကိုင်းတိုင်း ၊ခင်ဦးမြို့နယ်မှာ တစ်ပတ်အတွင်း ကျေးရွာ သုံးရွာက အိမ်ခြေ ၅၀၀ ဝန်းကျင် မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ဒေသတွင်းသတင်းရင်းမြစ် ခင်ဦးမြို့နယ် သတင်းမှန်အဖွဲ့ထံကသိရပါတယ်။

ခင်ဦးမြို့နယ်ထဲ အင်အား ၁၅၀ကျော်နဲ့စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မြို့သစ်ကျေးရွာ ၊ တပင်ကောင်းတောင်ရွာ ၊ ကံကြီးကုန်းရွာတွေကို ဧပြီလ ၁၉ ရက်ကနေ ဧပြီလ ၂၅ ရက်အတွင်းမီးရှို့ခဲ့တာပါ။

မြို့သစ်ကျေးရွာမှာ အိမ်ခြေ ၄၀၀ကျော် ၊တပင်ကျောင်းတောင်ရွာ အိမ်ခြေ ၂၅ လုံး နဲ့ ကံကြီးကုန်းရွာမှာ အိမ် ၁ လုံးမီးရှို့ခံခဲ့ရတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်အဖွဲ့ရဲ့ စာရင်းမှာတွေ့ရပါတယ်။

Public Service Announcement
Public Service Announcement

ဒီလို ရွာစဉ်ပတ် မီးရှို့တဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ဧပြီလ ၁၉ ရက်က ခင်ဦးမြို့နယ် အနောက်တောင်ခြမ်း မြကန်ရွာအနီး ဒေသကာကွယ်ရေးတပ်တွေနဲ့တိုက်ပွဲဖြစ်ရာမှာ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင် ၅ဦး ကျဆုံးခဲ့ရတယ်လို့လည်းသိရပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် စစ်ကောင်စီစစ်ကြောင်းဟာ ဒေသခံအမျိုးသား ၅ ဦးကိုလည်းဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ခင်ဦးမြို့နယ်ကို ဒီနှစ်ဆန်းပိုင်းမှာ စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပါတယ်။ အာဏာသိမ်းချိန်ကစပြီးခင်ဦးမြို့နယ်အတွင်းကျေးရွာ ၇၀ မှာ နေအိမ် အလုံး ၅,၀၀၀ ခန့်မီးရှို့ခံခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။