Connect with us

Hi, what are you looking for?

သတင်း

ရေဦးနှင့်ခင်ဦးတွင် စစ်ကောင်စီတပ်စစ်ကြောင်း ရောက်လာပြီး ကျေးရွာများ မီးရှို့နေ

စစ်ကောင်စီတပ်သည် မုတ်စီရွာနှင့် နှောကုန်းကျေးရွာထိပ်များတွင်လည်း ကင်းပုန်းများချထားကြောင်း သိရသည်။

(ခင်ဦးမြို့နယ်၊ အလယ်လျှိုကျေးရွာကို စစ်တပ်က ပြီးခဲ့သည့်ဇန်နဝါရီအတွင်းက မီးရှို့ဖျက်ဆီးခဲ့စဥ်။ ဓာတ်ပုံ - CJ)
(ခင်ဦးမြို့နယ်၊ အလယ်လျှိုကျေးရွာကို စစ်တပ်က ပြီးခဲ့သည့်ဇန်နဝါရီအတွင်းက မီးရှို့ဖျက်ဆီးခဲ့စဥ်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ ရေဦးနှင့် ခင်ဦးမြို့နယ်တို့တွင် စစ်ကောင်စီတပ် စစ်ကြောင်းရောက်လာပြီး ကျေးရွာများ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (ဧပြီ ၃၀ရက်) နံနက်ပိုင်းက ရေဦးမြို့ တိုင်းရင်းဆေးရုံမှ ထွက်လာသော အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် လက်နက်ကြီး၊ ငယ်များပစ်ခတ်၍ ငြုတ်တုံကျေးရွာ ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးပနေ၍ ပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“မနက်လေးနာရီလောက်က ရေဦးကနေ စထွက် လာတယ်။ ငြုတ်တုံကျေးရွာကို ရောက်တယ်။ ငြုတ်တုံကျေးရွာကို မီးတင်နေတယ်လို့ပြောတယ်။”ဟု ရေဦး(ပကဖ)အဖွဲ့ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်သည် မုတ်စီရွာနှင့် နှောကုန်းကျေးရွာထိပ်များတွင်လည်း ကင်းပုန်းများချထားကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထိုသို့ စစ်ကြောင်းထိုးရန် စစ်ကောင်စီတပ်သည် ဧပြီ၂၇ ရက်ကတည်းက ပြင်ဆင်နေခြင်းဖြစ်ကြောင်း၊ ရေဦးကြာဖူးအဝိုင်းထိပ်တွင်လည်း သံချပ်ကာ ယာဉ်တစ်စီးရောက်ရှိနေကြောင်း မြို့ခံအချို့က ပြောသည်။

အလားတူ ခင်ဦးမြို့နယ်တွင်လည်း ကန့်ဘလူမြို့နယ်ဘက်မှ ခြေလျင်စစ်ကြောင်းထိုးလာသော အင်အား ၁၀၀ကျော်ပါ စစ်ကောင်စီတပ်သည် ယနေ့နံနက်၈နာရီက ခင်ဦးမြို့နယ် အလယ်လျှိုကျေးရွာ မြောက်ပိုင်းရှိ နေအိမ်များအား နေရာခွဲ၍ မီးတင်ရှို့နေကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်းချိန်မှ၂၀၂၃ ဖေဖော်ဝါရီ ၂၈ရက်အထိကာလအတွင်း စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများက မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားပြည်သူ နေအိမ်ပေါင်း ၆၀,၄၅၉ လုံး ပျက်စီးဆုံးရှုံးခဲ့ရပြီး စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်ကာ နေအိမ်ပေါင်း ၄၇,၇၇၈လုံး ပျက်စီးဆုံးရှုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိိမ်တွေအပြင် စေတီပုထိုးတွေကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က နေအိမ်မီးရှို့ခံရတဲ့ ပြည်သူတွေအတွက် အိမ်ပြန်ဆောက်ဖို့ဝါးနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။