Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မိုင်တဲလ်အကြီးအကဲ အသတ်ခံရမှုမှာ ဖမ်းခံရသူ လူငယ် ထောင်ဒဏ် ၈၄ နှစ်ထိချခံရ

ထောင်ဒဏ် နှစ် ၄၀ ချခံရတဲ့အမျိုးသားကလွဲရင် ကျန်တဲ့ ၃ ဦးဟာ ရန်ကုန်တော်လှန်ရေးအင်အားစု (YRF) အဖွဲ့ဝင်တွေဖြစ်တယ်လို့ YRF က အတည်ပြုထုတ်ပြန်ထားဖူးပါတယ်။

မိုင်တဲလ်အကြီးအကဲ အသတ်ခံရမှုမှာ ဖမ်းခံရသူ လူငယ် ထောင်ဒဏ် ၈၄ နှစ်ထိချခံရ
မိုင်တဲလ်အကြီးအကဲ အသတ်ခံရမှုမှာ ဖမ်းခံရသူ လူငယ် ထောင်ဒဏ် ၈၄ နှစ်ထိချခံရ

စစ်တပ်ပိုင် မိုင်တဲလ် ဆက်သွယ်ရေး ကုမ္ပဏီ အကြီးအကဲ ပစ်သတ်ခံရမှုမှာ ဖမ်းဆီးခံထားရတဲ့ အသက် ၂၆ နှစ်အရွယ် ကိုဗညားစိုးထက် ကို စစ်ကောင်စီက စုစုပေါင်း ထောင်ဒဏ် ၈၄ နှစ် ချမှတ်လိုက်ပါတယ်။

အဲဒီအမှုမှာ ကိုဗညားစိုးထက် အပါအဝင် အမျိုးသား ၃ ဦးနဲ့အမျိုးသမီး ၁ ဦးကို စစ်တပ်က စွပ်စွဲဖမ်းဆီးခဲ့ပါတယ်။

အဲဒီနောက် လူသတ်မှု ပုဒ်မတွေနဲ့ ကိုဗညားစိုးထက်နဲ့အမျိုးသား ၁ ဦးကို ထောင်ဒဏ် ၇၄ နှစ်စီ ၊ ကျန်အမျိုးသား ကို ထောင်ဒဏ် နှစ် ၄၀ နဲ့ အမျိုးသမီး ကို ထောင်ဒဏ် ၇ နှစ်ချခဲ့ပါတယ်။

ထောင်ဒဏ် နှစ် ၄၀ ချခံရတဲ့အမျိုးသားကလွဲရင် ကျန်တဲ့ ၃ ဦးဟာ ရန်ကုန်တော်လှန်ရေးအင်အားစု (YRF) အဖွဲ့ဝင်တွေဖြစ်တယ်လို့ YRF က အတည်ပြုထုတ်ပြန်ထားဖူးပါတယ်။

Public Service Announcement

Public Service Announcement

ဒီလို ဖမ်းဆီးထောင်ချထားသူ ၄ ဦးအနက် ကိုဗညားစိုးထက်ကို နောက်ထပ် ထောင်ဒဏ် ၁၀ နှစ် ထပ်ချလိုက်တာကြားသိရတယ်လို့ YRF က မနေ့က ထုတ်ပြန်ပါတယ်။

ဒါကြောင့် ကိုဗညားစိုးထက်ဟာ ထောင်ဒဏ် စုစုပေါင်း ၈၄ နှစ်ချခံထားရပြီး စစ်ကောင်စီက ဖမ်းဆီးထောင်ချထားသူတွေအနက် အမြင့်ဆုံးထောင်ဒဏ်ချခံထားရသူတွေထဲပါဝင်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

သမ္မတကြီးဦးဝင်းမြင့်ကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၅ အတွက် ထောင်ဒဏ်နှစ် နှစ်၊ ပုဒ်မ ၅၀၅(ခ) အတွက် ထောင်ဒဏ် နှစ်နှစ် စုစုပေါင်းလေးနှစ်ချမှတ်ခဲ့ပြီး ပြစ်ဒဏ်ချမှတ်ခဲ့သည့် ဒီဇင်ဘာ ၆ ရက်တွင် စုစုပေါင်းပြစ်ဒဏ်လေးနှစ်အနက် နှစ်နှစ်ကို လျှော့ပေါ့ခဲ့သည်။

သတင်း

အသက် (၂၂)နှစ်အရွယ် ကိုဉာဏ်ဝင်းထက်သည် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် စိတ်ပညာ ဒုတိယနှစ်ကျောင်းသားတစ်ဦးဖြစ်ပြီး လက်ရှိတွင် အင်းစိန်အကျဉ်းထောင်၌ အကျဉ်းကျခံနေရကာ ကျန်းမာရေးကောင်းမွန်ကြောင်း ၎င်းနှင့် နီးစပ်သည့်မိတ်ဆွေတစ်ဦးက ဆိုသည်။

သတင်း

Dark Shadow (YGN UG) အဖွဲ့အနေဖြင့် တော်လှန်ရေးပြီးဆုံးသည့် အချိန်အထိ မြို့ပြပြောက်ကျားတော်လှန်ရေးလုပ်ငန်းစဉ်များဖြင့်တိုက်ပွဲဝင်သွားမည်ဟု ယင်းအဖွဲ့ကထုတ်ပြန်ထားသည်။

သတင်း

ဒီလို သေဒဏ်ကနေ ထောင်ဒဏ် တသက် ပြစ်ဒဏ်လျော့ကျခံရသူတွေရဲ့အမှုနဲ့အချက်အလက်တွေကို စစ်ကောင်စီက မထုတ်ပြန်ပါဘူး။