Connect with us

Hi, what are you looking for?

သတင်း

မိုင်တဲလ်အကြီးအကဲ အသတ်ခံရမှုမှာ ဖမ်းခံရသူ လူငယ် ထောင်ဒဏ် ၈၄ နှစ်ထိချခံရ

ထောင်ဒဏ် နှစ် ၄၀ ချခံရတဲ့အမျိုးသားကလွဲရင် ကျန်တဲ့ ၃ ဦးဟာ ရန်ကုန်တော်လှန်ရေးအင်အားစု (YRF) အဖွဲ့ဝင်တွေဖြစ်တယ်လို့ YRF က အတည်ပြုထုတ်ပြန်ထားဖူးပါတယ်။

မိုင်တဲလ်အကြီးအကဲ အသတ်ခံရမှုမှာ ဖမ်းခံရသူ လူငယ် ထောင်ဒဏ် ၈၄ နှစ်ထိချခံရ
မိုင်တဲလ်အကြီးအကဲ အသတ်ခံရမှုမှာ ဖမ်းခံရသူ လူငယ် ထောင်ဒဏ် ၈၄ နှစ်ထိချခံရ

စစ်တပ်ပိုင် မိုင်တဲလ် ဆက်သွယ်ရေး ကုမ္ပဏီ အကြီးအကဲ ပစ်သတ်ခံရမှုမှာ ဖမ်းဆီးခံထားရတဲ့ အသက် ၂၆ နှစ်အရွယ် ကိုဗညားစိုးထက် ကို စစ်ကောင်စီက စုစုပေါင်း ထောင်ဒဏ် ၈၄ နှစ် ချမှတ်လိုက်ပါတယ်။

အဲဒီအမှုမှာ ကိုဗညားစိုးထက် အပါအဝင် အမျိုးသား ၃ ဦးနဲ့အမျိုးသမီး ၁ ဦးကို စစ်တပ်က စွပ်စွဲဖမ်းဆီးခဲ့ပါတယ်။

အဲဒီနောက် လူသတ်မှု ပုဒ်မတွေနဲ့ ကိုဗညားစိုးထက်နဲ့အမျိုးသား ၁ ဦးကို ထောင်ဒဏ် ၇၄ နှစ်စီ ၊ ကျန်အမျိုးသား ကို ထောင်ဒဏ် နှစ် ၄၀ နဲ့ အမျိုးသမီး ကို ထောင်ဒဏ် ၇ နှစ်ချခဲ့ပါတယ်။

ထောင်ဒဏ် နှစ် ၄၀ ချခံရတဲ့အမျိုးသားကလွဲရင် ကျန်တဲ့ ၃ ဦးဟာ ရန်ကုန်တော်လှန်ရေးအင်အားစု (YRF) အဖွဲ့ဝင်တွေဖြစ်တယ်လို့ YRF က အတည်ပြုထုတ်ပြန်ထားဖူးပါတယ်။

Public Service Announcement

Public Service Announcement

ဒီလို ဖမ်းဆီးထောင်ချထားသူ ၄ ဦးအနက် ကိုဗညားစိုးထက်ကို နောက်ထပ် ထောင်ဒဏ် ၁၀ နှစ် ထပ်ချလိုက်တာကြားသိရတယ်လို့ YRF က မနေ့က ထုတ်ပြန်ပါတယ်။

ဒါကြောင့် ကိုဗညားစိုးထက်ဟာ ထောင်ဒဏ် စုစုပေါင်း ၈၄ နှစ်ချခံထားရပြီး စစ်ကောင်စီက ဖမ်းဆီးထောင်ချထားသူတွေအနက် အမြင့်ဆုံးထောင်ဒဏ်ချခံထားရသူတွေထဲပါဝင်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ – ၁၇ ၊၂၀၂၆ မတရားဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လက်ကျန်ထောင်ဒဏ် ၂၇ နှစ်ထဲက ခြောက် ပုံ တစ် ပုံလောက်ပဲ အာဏာသိမ်း စစ်တပ်က လျှော့ချပေးလိုက်တယ်လို့ Reuters သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့...

နိုင်ငံတကာ

ယူကရိန်း မိသားစု တစ်ခုကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ ရုရှား စစ်သား နှစ်ယောက်ကို ရုရှား တရားရုံးက ထောင်ဒဏ်တစ်သက် စီရင် ချမှတ်လိုက်ပါတယ်။

သတင်း

အာဏာသိမ်း စစ်ကောင်စီဟာအကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေနဲ့ စွဲချက်တင် ခံထားရတဲ့ Dawei Watch ရဲ့သတင်းထောက်နှစ်ဦးကို နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ခဲ့ပါတယ်။ အွန်လိုင်း သတင်းဌာန Dawei Watchရဲ့ သတင်းထောက် ကိုမျိုးမြင့်ဦးကို စစ်ခုံရုံးက အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(ည)၊ ၅၂(က)၊ ၅၂(ခ)တွေနဲ့...

သတင်း

သမ္မတကြီးဦးဝင်းမြင့်ကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၅ အတွက် ထောင်ဒဏ်နှစ် နှစ်၊ ပုဒ်မ ၅၀၅(ခ) အတွက် ထောင်ဒဏ် နှစ်နှစ် စုစုပေါင်းလေးနှစ်ချမှတ်ခဲ့ပြီး ပြစ်ဒဏ်ချမှတ်ခဲ့သည့် ဒီဇင်ဘာ ၆ ရက်တွင် စုစုပေါင်းပြစ်ဒဏ်လေးနှစ်အနက် နှစ်နှစ်ကို လျှော့ပေါ့ခဲ့သည်။