သတင်း ငါးသိုင်းချောင်းမြို့ ရေဘေးအလှူသွားတဲ့ လှေမှောက်လို့ လူ ၃ဦး သေဆုံး၊ ရေဘေးကြောင့် သေဆုံးသူ ၆ ဦးရှိလာ ဧရာဝတီတိုင်းက ငါးသိုင်းချောင်း-အိုင်သပြုလမ်းပိုင်းမှာ ရေဘေးအလှူသွားတဲ့ လှေမှောက်ပြီး လူ ၃ ဦးသေဆုံးသွားလို့ ငါးသိုင်းချောင်းမြို့ဟာ ဧရာဝတီတိုင်း ရေဘေးအတွင်း သေဆုံးသူအများဆုံးဒေသဖြစ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ludunwayooစက်တင်ဘာ 2, 2026
သတင်း မကွေး-နတ်မောက်လမ်းပိုင်းမှာ စစ်တပ်ယာဥ်တန်း တိုက်ခိုက်ခံရ မကွေး-နတ်မောက်လမ်းပိုင်းမှာ စစ်တပ်ယာဥ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ မကွေးခရိုင်စစ်ဌာန သရက်ခရိုင် အမှတ် (၃)ငါးပြေမတပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။ ludunwayooစက်တင်ဘာ 2, 2026
သတင်း လမ်းချော်ခဲ့တဲ့ ပြင်ဦးလွင်-ဂုတ်ထိပ်ရထားခရီးစဥ် ပြန်ပြေးဆွဲဖို့ စီစဥ်နေ လမ်းချော်တိမ်းစောင်းခဲ့လို့ ရပ်နားခဲ့တဲ့ ပြင်ဦးလွင် − ဂုတ်ထိပ်ရထားခရီးစဥ်ကို စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာ့မီးရထားက ပြန်လည်ပြေးဆွဲဖို့ စီစဥ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။ ludunwayooစက်တင်ဘာ 2, 2026
သတင်း စစ်တပ် တပ်တွင်းအခြေအနေကိုပြနေတဲ့ ခမရ (၄၂၁)စစ်ကြောင်းရဲစာရင်းပေါက်ကြား စစ်ကြောင်းရဲ့၇၂ရာခိုင်နှုန်းခန့် ပစဖြစ်နေ ludunwayooစက်တင်ဘာ 2, 2026
သတင်း တောင်ငူမြို့နယ် အမြန်လမ်းအနောက်ခြမ်းမှာ စစ်တပ် စစ်ကြောင်းထိုး၊ PDFနဲ့ စစ်ဆိုင်ထား ပဲခူးတိုင်း၊ တောင်ငူမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်းတစ်လျှောက် စစ်တပ်စစ်ကြောင်းထိုးနေပြီးတော်လှန်ရေးတပ်တွေနဲ့ စစ်ဆိုင်ထားတယ်လို့ ဗျူဟာအမှတ်(၂၃) ပဲခူးတိုင်းစစ်ဌာန တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။ ludunwayooစက်တင်ဘာ 2, 2026
သတင်း ထိုင်းတရားရုံးရဲ့ဖမ်းဝရမ်းထုတ်ခံရသူဗိုလ်မှုးချုပ်စောမုတ်သုန်လူမြင် ကွင်းကနေပျောက်နေ ထိုင်းတရားရုံးကဖမ်းဝရမ်းထုတ်ထားတဲ့အာဏာသိမ်းစစ်တပ်လက် အောက်ခံ ကရင့်နယ်ခြားစောင့်တပ် (BGF) အမှတ် (၄) ရဲ့တပ်နယ်မှုး ဗိုလ်မှုးချုပ်စောမုတ်သုန် လူမြင်ကွင်းကနေ ပျောက်သွားတာ တစ်လနီးပါးရှိလာပြီလို့ သတင်းရင်းမြစ်အချို့က ပြောပါတယ်။ ludunwayooစက်တင်ဘာ 2, 2026
သတင်း ဝက်လက်တောင်ခြမ်းကို စစ်တပ်ဗုံးကြဲ၊ ပြည်သူတစ်ဦး ဒဏ်ရာရ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တောင်ခြမ်း ရွာနန်းကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အဆောက်အဦး ပျက်ဆီးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ludunwayooစက်တင်ဘာ 2, 2026
သတင်း နတ်မောက်မြို့နယ်မှာ စစ်တပ်စစ်ကြောင်း မိုင်းထိ မကွေးတိုင်း၊ နတ်မောက်မြို့နယ်က အာဏာသိမ်းစစ်တပ်စစ်ကြောင်း မိုင်းထိပြီး ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ်တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။ ludunwayooစက်တင်ဘာ 2, 2026
သတင်း တောင်ငူမှာ ဆီဘောက်ဆာနဲ့ ကွန်တိန်နာ တိုက်မိပြီး မီးလောင်၊ ဘုန်းကြီးကျောင်း မီးကူး ပဲခူးတိုင်း၊ တောင်ငူမြို့မှာ ဆီဘောက်ဆာကားနဲ့ ကွန်တိန်နာကား တိုက်မိရာက မီးလောင်မှုဖြစ်ခဲ့ပြီး လမ်းဘေးက ဘုန်းကြီးကျောင်းကို မီးကူးခဲ့တယ်လို့ ဒေသခံ ပရဟိတအသင်းတွေက ပြောပါတယ်။ ludunwayooစက်တင်ဘာ 2, 2026
သတင်း ရွှေဘိုမြို့နယ်က ရေဘေးသင့်ပြည်သူတွေကို သပိတ်အင်အားစုက ကျန်းမာရေးစောင့်ရှောက်မှုပေး စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းက ရေဘေးသင့်ပြည်သူတွေကို ရွှေဘိုမြို့နယ် သပိတ်အင်အားစုဝင်တွေက ကျန်းမာရေး စောင့်ရှောက်မှုတွေ ဒီကနေ့ (သြဂုတ် ၃၁) ပြုလုပ်ပေးခဲ့ပါတယ်။ ludunwayooစက်တင်ဘာ 1, 2026