Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်းရေဦးမြို့မှာရှိတဲ့ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကို ယမန်နေ့(ဇွန်လ ၂၇ရက်) ညနက်ပိုင်းမှာ စစ်အုပ်စုက ဘူဒိုဇာနဲ့ထိုးပြီး ဖြိုချဖျက်ဆီးသွားပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံတပ်ဖြစ်တဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) ထံ စစ်မှုထမ်းတပ်သားသစ် ၁ဦး အလင်းဝင်လာကြောင်း KNU က ထုတ်ပြန်ပါတယ်။

သတင်း

ရုရှားနိုင်ငံထုတ် Mi-17 ရဟတ်ယာဉ် ရပ်နေတုန်း နောက်ပိုင်းကို ဒရုန်းနဲ့တိုက်ခိုက်လိုက်တာကြောင့် အောက်ပိုင်းတွေပျက်စီးသွားတဲ့ ရဟတ်ယာဉ် စက်လုံးလုံးရပ်တန့်သွားချိန်မှာ ဦးခေါင်းပိုင်းကိုနောက်ထပ်ဒရုန်းတစ်စင်းက တိုက်ခိုက်လိုက်လို့ မီးလောင်ပေါက်ကွဲပြီးမီးခိုးလုံးထွက်လာပါတယ် ။ ဒရုန်း ၂ စင်းနဲ့ ထိထိမိမိ တိုက်ခိုက်ခံရတာမို့ စစ်သုံးသယ်ယူပို့ဆောင်ရေးရဟတ်ယာဉ် အကြီးအကျယ်ထိခိုက်ပျက်စီးသွားပါတယ် ။

သတင်း

ဩစတေးလျနိုင်ငံ ဆစ်ဒနီမှာ ပွဲဦးထွက်ပြသခဲ့တဲ့ တော်လှန်ရုပ်ရှင် RAY ဇာတ်ကားကို ပရိသတ်အားပေးမှု များပြားခဲ့တယ်လို့ သွားရောက်ကြည့်ရှူသူတွေကပြောပါတယ်။

သတင်း

ကော်သူးလေတည်ဆောက်ရေးဆိုင်ရာ ကရင်အမျိုးသားနှီးနှောဖလှယ်ပွဲကို ကရင်အမျိုးသားအစည်းအရုံး(KNU) နယ်မြေမှာ ၄ရက်ကြာကျင်းပခဲ့ပြီး ကရင်အမျိုးသားတော်လှန်ရေး ရည်မှန်းချက်တွေ လျင်မြန်စွာပြည့်မှီရေးအတွက် အမျိုးသားရေးတာဝန်အဖြစ် ကျရာတာဝန်တွေကို တတ်ကျွမ်းနားလည်တဲ့ဖက်မှ တာဝန်ယူ ပူးပေါင်းပါဝင်လုပ်ဆောင်သွားဖို့ သဘောထားဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့ကြောင်း ကရင်အမျိုးသားနှီးနှောဖလှယ်ပွဲက ကြေညာချက်ထုတ်ပြန်ပါတယ်။

သတင်း

​မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်းက ကျေးရွာ ၄ ရွာမှာ စစ်ဘေးရှောင်ပြည်သူ ၁၀၀ ကျော်ဟာ အရေပြားရောဂါများ ဖြစ်ပွားနေတာကြောင့် ဆေးကုသမှုတွေ ဆောင်ရွက်ပေးနေရပြီး ဆေးဝါးနဲ့ တကိုယ်ရေသန့်ရှင်းရေး အသုံးအဆောင်များ အရေးပေါ်လိုအပ်နေကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က ပြောပါတယ်။

သတင်း

စစ်ရေးတင်းမာနေတဲ့မြ၀တီမြို့တောင်ဘက်ဖလူးဒေသအနီးကို (ဖေဖော် ဝါရီ ၁၈ ရက် ) မနက်ပိုင်းမှာ စစ်ကောင်စီလေတပ်က လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ထိုင်းနယ်စပ် သတင်းရင်းမြစ်တွေက အသိပေးပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းထိုးခဲ့လာစဥ်က ပစ်ချခဲ့တဲ့ တိုက်ခိုက်ရေးဒရုန်းတစ်စီးကို ရှာဖွေသိမ်းဆည်းနိုင်ခဲ့တယ်လို့ နေပြည်တော်တိုင်းစစ်ဌာန အမှတ်(၉၀၂)တပ်ရင်း တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာ တိုက်ပွဲမှာ စစ်ကောင်စီတပ်စခန်း ၂ခုနဲ့ စစ်ကူစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကူစစ်ကြောင်းမှ ဗိုလ်မှူး အေးလွင် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ကျော်သေဆုံးခဲ့ကြောင်း ဒူရက စစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ယင်းမာပင်ဒေသအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ နိုင်ငံ့ခေါင်းဆောင်တွေ အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးလှုပ်ရှားမှုကို ဒီကနေ့ (ဖေဖော်ဝါရီ ၁၇) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်ကောင်စီအဖွဲ့အကြီးပိုင်းတစ်ဦး ရောက်ရှိနေလို့ စစ်အုပ်စုဝင်တွေ လမ်းပေါ်ထွက်ယာဥ်ဖမ်းငွေရှာတာတွေ တစ်ရက်တာ ရပ်နားထားကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက အကောက်ခွန်ဂိတ်အားလုံးပိတ်သိမ်းဖို့ စီမံချက်ရှိထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနဲ့လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ်ပါ ပူးတွဲတာဝန်ယူထားတဲ့ ဒုဝန်ကြီးဦးကျော်နီက လူထုနွေဦးကို ပြောပါတယ်။

သတင်း

တပ်ဟာ လူထုအပေါ် ဖိနှိပ်တဲ့ကိစ္စနဲ့ ရာဇဝတ်မှုတွေ ကျုးလွန်ထားတယ်လို့ ပြည်သူလူထုကအမှုဖွင့်တိုင်ထားတာ၊NUGလက်​အောက်ခံတပ်ဖွဲ့​တွေအရပ်ဖက်ဝန်ထမ်း​တွေအ​ပေါ် ကျုးလွန်ထားတာတွေကြောင့် ကာကွယ်ရေးဝန်ကြီးဌာနကို အကူအညီတောင်းပြီး ဖမ်းဆီးအရေးယူနိုင်ရေး ဆောင်ရွက်ရတာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနဲ့လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးဦးကျော်နီက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ပြည်ထောင်စုနေ့အထိမ်းအမှတ် နေပြည်တော်ပြည်သူ့ရင်ပြင်မှာ စစ်အုပ်စုက ရှိုးပွဲအကြီးအကျယ်ပြုလုပ်ပြီး ပွဲက ပြန်လာတဲ့ လူငယ်တွေကို ပေါ်တာဆွဲခဲ့တာကြောင့် လူငယ် ၃၀ကျော် တရက်တည်း ဖမ်းဆီးခံလိုက်ရတယ်လို့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

Facebook