Connect with us

Hi, what are you looking for?

သတင်း

ရှစ်လေးလုံးနှစ်ပတ်လည်နေ့မတိုင်ခင် မန္တလေးမှာ လုံခြုံရေးတင်းကြပ်

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

(မန္တလေးမြို့မှာ တွေ့ရတဲ့ စစ်တပ်လက်အောက်ခံ ပျူစောထီးတွေ။ ဓာတ်ပုံ - စစ်ကောင်စီ)

ဩဂုတ်-၇၊၂၀၂၆၊ရှိန်း/People’s Spring

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

မနက်ဖြန် ဩဂတ် ၈ရက်မှာ ကျရောက်မယ့် ရှစ်လေးလုံးနှစ်ပတ်လည်နေ့မှာ လူထုလှုပ်ရှားမှုတွေဖြစ်မှာစိုးရိမ်ပြီး မြို့အစွန်နဲ့ မြို့ပတ်လမ်းအပါအဝင် နေရာ တော်တော်များများမှာ စစ်ကား၊ရဲကား၊ပျူကားတွေနဲ့ အရပ်ဝတ်ကားတွေကို တွေ့နေရတယ်လို့ မြို့ခံ တွေကလည်း ပြောပါတယ်။

ဒါ့အပြင် မန္တလေးမြို့နဲ့မိနစ်ပိုင်းပဲဆိုင်ကယ် မောင်းရတဲ့ ပုသိမ်ကြီးမြို့က တည်းခိုခန်းတချို့လည်း ဝင်ရောက်စစ် ဆေးခံရတာတွေရှိမြို့ အရှေ့ဘက်က အဝင်လမ်းပိုင်းမှာ လုံခြုံရေး ပိုမိုးတင်းကြပ်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“မြို့အဝင်‌တွေမှာ ဒီနေ့တော်တော်စစ်တယ်။အဓိက ကတောင်ဘက်နဲ့ ရှေ့ဘက်အဝင်မှာ ယောကျာ်း လေး တွေကို ဦးတည်ထားပြီးစစ်တာ။မှတ်ပုံတင်စစ်တယ်။အရှေ့မြိုပတ်လမ်း အောင်ပင်လယ်နားမှာ မှတ်ပုံတင်နံပါတ်ကို ကွန်ပျူတာထဲထည့်စစ်တယ်။တချို့နေရာတွေမှာ ဖုန်းတွေလည်း စစ်နေတယ်”လို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌မြို့ခံလူငယ်တစ်ဦးက ပြောပါတယ်။

ဩဂုတ် ၈ရက်မှာ ကျရောက်မယ့် ရှစ်လေးလုံးအရေးအခင်း (၃၈)နှစ် ပြည့်မှာလည်း မြို့တွင်းလမ်း တွေ လုံခြုံရေးတင်းကြပ်နိုင်ပြီး ဖုန်းတွေလည်း ဂရုစိုက်ကြဖို့ မြို့ခံတွေက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ရှစ်လေးလုံးအရေးတော်ပုံ (၃၈) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဒီကနေ့(သြဂုတ် ၇)မှာ တောင်ကိုရီးယား-အာဆီယံစင်တာနဲ့ အာဆီယံသံရုံးအပါအဝင် နေရာ ၁၂ ခုမှာ လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပါတယ်။

သတင်း

လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့ တနေရာမှာ (၃၈)နှစ်ပြည့် ၈‌လေးလုံး အထိမ်းအမှတ် လှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့က ပြုလုပ်ခဲ့ပါတယ်

သတင်း

စစ်ကိုင်းတိုင်းအတွင်း တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အကြိုလှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၆) ပြုလုပ်ခဲ့ပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ​ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး (၃၈)နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့အကြို လှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၆) ပြုလုပ်ခဲ့ပါတယ်။