Connect with us

Hi, what are you looking for?

သတင်း

SCEFစစ်မဟာဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေးကော်မတီ ရဲ့ထိပ်တန်းတာဝန်​တွေ​ရွေးချယ်​ပေးအပ်

စစ်မဟာဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေးကော်မတီ ပူးတွဲဥက္ကဋ္ဌ၂ဦး ၊အတွင်းရေးမှူး ၁ဦးနဲ့တွဲဖက်အတွင်းရေးမှူး(၂)ဦးတို့ကို​ရွေးချယ်တာဝန်​ပေးအပ်ပြီးရှေ့လုပ်ငန်းစဥ်​တွေသ​ဘောတူ

သြဂုတ်-၈၊၂၀၂၆။​​နေ့သစ်/People’s Spring

ဖက်ဒရယ်ဒီမိုက​ရေစီပြည်​ထောင်စု​ပေါ်​ထွန်းရေးဦး​​ဆောင်​ကောင်စီ(SCEF)ရဲ့မဟာဗျူဟာနှင့် မူဝါဒရေးရာ ဦးဆောင်အဖွဲ့နဲ့ စစ်မဟာဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေးကော်မတီတို့သြဂုတ် ၇ ရက်မှာ​ဆွေး​နွေးပြီးစစ်မဟာဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေးကော်မတီပူးတွဲဥက္ကဋ္ဌ ၂ ဦး ၊အတွင်းရေးမှူး ၁ဦးနဲ့တွဲဖက်အတွင်းရေးမှူး(၂)ဦးတို့ကိုရွေးချယ်တာဝန်ပေးအပ်လိုက်​ကြောင်း ထုတ်ပြန်ပါတယ်။

ဒါအပြင် ​ရှေ့ဆက်လက်လုပ်မယ် လုပ်ငန်းစဉ်​တွေနဲ့ မဟာဗျူဟာမြောက် ပန်းတိုင်များကို ပေါင်းစပ်ညှိနှိုင်းပြီး​တော့ထိရောက်စွာ အကောင်အထည်ဖော်ဖို့အတွက်လည်းသ​​ဘောတူခဲ့ကြတယ်လို့ SCEF ကထုတ်ပြန်ပါတယ်။

အစည်းအ​ဝေးမှာ မဟာဗျူဟာနှင့် မူဝါဒရေးရာ ဦးဆောင်အဖွဲ့မှ ခေါင်းဆောင်​တွေ ၊အတွင်းရေးမှူးအဖွဲ့ဝင်​တွေနဲ့ စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်း ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်(၁၀)ဦး တက်ရောက်ခဲ့ကြတယ်လို့လည်း​ဖော်ပြထားပါတယ် ။

Public Service Announcement

Public Service Announcement

SCEF ရဲ့မဟာဗျူဟာနှင့် မူဝါဒရေးရာ ဦးဆောင်အဖွဲ့ နဲ့ စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်း ကွပ်ကဲရေးကော်မတီတို့ရဲ့ ပူးတွဲအစည်းအဝေးကို ၂၀၂၆ ဩဂုတ်လ ၇ ရက် မြန်မာစံတော်ချိန် နံနက် ၁၀ နာရီမှာ အွန်လိုင်း (Online) စနစ်ဖြင့် အောင်မြင်စွာ ကျင်းပခဲ့တာဖြစ်ပါတယ် ။

အစည်းအဝေးက​နေ စစ်မဟာဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေးကော်မတီ ပူးတွဲ ဥက္ကဋ္ဌ (၂)ဦး၊အတွင်းရေးမှူး(၁)ဦးနဲ့တွဲဖက်အတွင်းရေးမှူး(၂)ဦးတို့ကို ရွေးချယ်တာဝန်ပေးအပ်ခဲ့သလို ၊ရှေ့ဆက်လက်ဆောင်ရွက်မယ် လုပ်ငန်းစဉ်​တွေ၊ မဟာဗျူဟာမြောက် ပန်းတိုင်​တွေကို ပေါင်းစပ်ညှိနှိုင်းပြီး ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြတယ်လို့ သိ​ရပါတယ် ။

အစည်းအဝေးမှာဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ အလှည့်ကျသဘာပတိ ခူဦးရယ်လ်က အဖွင့်အမှာစကားပြောကြားပြီး တွဲဘက်ညှိနှိုင်းရေးမှူး Salai Ram Kulh Cung က အခမ်းအနားမှူးအဖြစ်ဆောင်ရွက်ခဲ့ပါတယ်။

ဆွေးနွေးမှု​တွေအပြီးမှာ စစ်မဟာဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေးကော်မတီ ပူးတွဲ ဥက္ကဋ္ဌ (၂)ဦးက နိဂုံးချုပ်စကား​တွေအသီးသီးပြောကြားခဲ့ပြီး ​အောင်မြင်စွာပြီးဆုံးခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။

SCEFဟာ ဖက်ဒရယ်ယူနစ် လွှတ်တော်အစိုးရ တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ တော်လှန်ရေးအင်အားစုတွေနဲ့ ဇူလိုင် ၁၇ရက်ကနေ ၂၃ရက်အတွင်း အဖွဲ့အစည်း ၁၁ ခုထက်မနည်းကို တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒီလိုတွေ့ဆုံရာမှာ တဖွဲ့ချင်းစီ တွေ့ဆုံခဲ့သလို လူမျိုးအလိုက် အဖွဲ့အစည်းတွေကို စုစည်းတွေ့ဆုံခဲ့တာလည်း SCEF ရဲ့ ထုတ်ပြန်ချက်တွေမှာ တွေ့ရပါတယ်။

ဇူလိုင် ၂၃ရက်က အာရက္ခတပ်တော်(ULA/AA)၊ ဇူလိုင် ၂၂ရက်မှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်/ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)၊ ဇူလိုင် ၂၁ရက်မှာ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)-NMSP-AD ၊မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)၊ မွန်ပြည်အတိုင်ပင်ခံကောင်စီ(MSCC)၊ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ(CRMH) တို့ကို SCEFက တွေ့ဆုံခဲ့တာပါ။

ဇူလိုင် ၂၀ရက်မှာတော့ နွေဦးတော်လှန်ရေးက ပေါက်ဖွားလာတဲ့ လက်နက်ကိုင်တပ် ၁၉ဖွဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)နဲ့ တွေ့ဆုံခဲ့သလို ဇူလိုင် ၁၇ရက်မှာ စစ်ကိုင်း ဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေး ဒေသတို့က အစိုးရ ၊ လွှတ်တော် တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာပါ။

SCEFကိုအမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)နဲ့ ချင်းအမျိုးသားတပ်ဦး(CNF)တို့နဲ့ ၂၀၂၆နှစ်မတ်လ၃၀မှာ စတင်စုဖွဲခဲ့တာဖြစ်ပါတယ်။ SCEF ကို ပြည်နယ်/ ဖက်ဒရယ်ယူနစ်/ ERO ကိုယ်စားပြုမဏ္ဍိုင်၊ ပြည်သူ့ကိုယ်စားပြုမဏ္ဍိုင်နဲ့ အမျိုးသမီးကိုယ်စားပြု မဏ္ဍိုင် စတဲ့ မဏ္ဍိုင်သုံးရပ်ပါဝင်ဖွဲ့စည်းထားပြီးစုဖွဲ့မှုပိုအားကောင်းအောင် လုပ်ဆောင်မယ်လို အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ခိုင်မြဲကြာရှည်စေရေး ပူးပေါင်းကူညီသူတွေ ချက်ချင်းရပ်တန့်ကြဖို့ KIO ဥက္ကဋ္ဌသတိပေး

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)က ဖက်ဒရယ်ယူနစ် လွှတ်တော်အစိုးရတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ တော်လှန်ရေးအင်အားစုတွေနဲ့ တွေ့ဆုံမှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိရာ ဇူလိုင် ၁၇ရက်ကနေ ၂၃ရက် ၈ရက်တာအတွင်း အဖွဲ့အစည်း ၁၁ ဖွဲ့ထက်မနည်းကို တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)တို့ တနာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEF ကဒီက​နေ့သတင်းထုတ်ပြန်ပါတယ်။