သတင်း စစ်ကောင်စီက ကိုယ်ပိုင်ယာဥ်အသုံးပြုမှုကိုကန့်သတ် ၊ စက်သုံးဆီ ချွေတာဖို့ထုတ်ပြန် စစ်ကောင်စီမှာ အရန်ဆီသိုလှောင်ထားတာသိပ်မရှိနိုင်ဘူးလို့လုပ်ငန်းရှင် ပြော ludunwayooမတ် 4, 2026
သတင်း ပခုက္ကူမြို့အနီးမှာ စစ်တပ်ကို တိုက်ခိုက်ရာ ထိခိုက်မှုရှိဟု PDFပြော မကွေးတိုင်း၊ ပခုက္ကူမြို့အနီးမှာ စစ်တပ်ကိုတိုက်ခိုက်ရာ ငါးဦးထိခိုက်သေဆုံးပြီး လက်နက် တစ်လက်သိမ်းရတယ်လို့ ပခုက္ကူခရိုင် Localတပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ludunwayooမတ် 4, 2026
သတင်း ဆီပြတ်မှာကို စိုးရိမ်လို့ နယ်စပ်ဖြတ်ပြီး မယ်ဆိုင်မှာ ဆီတန်းစီဝယ်ယူသူများနေ ထိုင်းကပြည်ပကိုစက်သုံးဆီတင်ပို့မှု ပိတ်ပင်တာမျိုးမရှိသေးဘူးလို့ဆို ludunwayooမတ် 4, 2026
သတင်း စစ်ကောင်စီလွတ်ငြိမ်း နိုင်ကျဥ်း သုံးထောင် ကျော်သာ လွတ် စစ်ကောင်စီက မတရားဖမ်းဆီးခဲ့တဲ့ နိုင်ငံရေးအကျဥ်းသား ခုနစ်ထောင်ကျော်လွှတ်မယ်လို့ဆိုပေမဲ့ ဒီကနေ့ မတ်လ၃ရက် နေ့လယ်ပိုင်းအထိ သုံးထောင်ကျော်သာ လွတ်မြောက်လာကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ludunwayooမတ် 4, 2026
သတင်း တိုက်ပွဲဖြစ်ပွါးနေတဲ့ မင်းလက်ပံဒေသအနီးမှာ ရေပေါ်စျေးလုပ်ဖို့ DKBA ပြင်ဆင် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)တပ်ဖွဲ့က တိုက်ပွဲဖြစ်ပွါးနေတဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် မင်းလက်ပံဒေသအနီးမှာ ရေပေါ်စျေးလုပ်ဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ludunwayooမတ် 4, 2026
သတင်း ရွှေဘိုမှာ စစ်ရှောင် ၃မျိုးရှိနေပြီး အရပ်ဘက်စစ်၊ဘက်ပူးပေါင်း အကူအညီပေးနေ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်း စစ်ဘေးရှောင် ၃မျိုးရှိနေပြီး အရပ်ဘက်စစ်ဘက်ပူးပေါင်းကာ အကူအညီပေးနေကြောင်း အမှတ်(၁) ရွှေဘိုခရိုင်စစ်ဌာနရဲ့ တာဝန်ရှိသူက ပြောပါတယ်။ ludunwayooမတ် 4, 2026
သတင်း သရက်ချောင်းမြို့နယ်မှာ စစ်တပ် လက်ချက် ကြောင့် လဝက်အတွင်း ပြည်သူ ၈ဦးသေ၊ ၁၀ဦးဒဏ်ရာရ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ အရပ်သား ပြည်သူတွေကိုပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် ဖေဖော်ဝါရီ ၁၁ရက်ကနေ ၂၇ရက် အတွင်း ပြည်သူ ၈ဦးသေဆုံးကာ ၁၀ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။ ludunwayooမတ် 4, 2026
သတင်း အီရန်ရဲ့ ဒရုန်း တိုက်ခိုက်မှုကြောင့် ဆော်ဒီရေနံချက်စက်ရုံကြီးပျက်စီးသွားပုံ အီရန်ရဲ့ ဒရုန်းတိုက်ခိုက်မှုနဲ့ ကြုံတွေ့ခဲ့ရတဲ့နောက် ဆော်ဒီအာရေးဘီးယားရဲ့ အကြီးဆုံး ရေနံချက် စက်ရုံကြီးကို ပိတ်ထားလိုက်ရကြောင်း သိရပါတယ်။ ludunwayooမတ် 4, 2026
သတင်း ရန်ကုန်မှာ စက်သုံးဆီစပြတ် ရန်ကုန်မြို့မှာ ဆီပြတ်လို့ အငှားယာဉ်မောင်းအချို့ ရပ်နား၊ နယ်မြို့တွေမှာ ဆီတန်းစီဝယ်ယူနေရ ludunwayooမတ် 4, 2026
သတင်း ရတနာပုံတပ်ဦးဒေသကာကွယ်ရေးတပ် ချမ်းမြသာစည်မြို့နယ်ပကဖ အဖွဲ့ဝင်အဖြစ် ပေါင်းစည်း စစ်ကိုင်းတိုင်းမှာ စစ်အာဏာရှင်တော်လှန်ရေး တိုက်ပွဲတွေဖော်ဆောင်နေတဲ့ ရတနာပုံတပ်ဦး ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဟာ တော်လှန်နေတဲ့ပြည်သူလူထုကို ရှေးရူပြီး ချမ်းမြသာစည် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ပူးပေါင်းလိုက်တယ်လို့ အဲဒီတပ်ဦးရဲ့တာဝန်ခံကိုဂျိုးက ပြောပါတယ်။ ludunwayooမတ် 4, 2026