Connect with us

Hi, what are you looking for?

သတင်း

သရက်ချောင်းမြို့နယ်မှာ စစ်တပ် လက်ချက် ကြောင့် လဝက်အတွင်း ပြည်သူ ၈ဦးသေ၊ ၁၀ဦးဒဏ်ရာရ

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ အရပ်သား ပြည်သူတွေကိုပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် ဖေဖော်ဝါရီ ၁၁ရက်ကနေ ၂၇ရက် အတွင်း ပြည်သူ ၈ဦးသေဆုံးကာ ၁၀ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သရက်ချောင်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးနေတဲ့ နေအိမ်ကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU

မတ်-၃၊ ၂၀၂၆။ ထားမြတ်/People’s Spring

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ အရပ်သား ပြည်သူတွေကိုပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် ဖေဖော်ဝါရီ ၁၁ရက်ကနေ ၂၇ရက် အတွင်း ပြည်သူ ၈ဦးသေဆုံးကာ ၁၀ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သရက်ချောင်းမြို့နယ်က ဝင်း၀ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်နေချိန်မှာ စစ်ကောင်စီက ဒေသတွင်းကျေးရွာတွေ လေကြောင်းက ဗုံးကြဲတာ၊ ဝင်း၀ တပ်စခန်းကို စစ်အင်အားဖြည့်တင်းဖို့ စစ်ကြောင်းထိုးတာတွေ ပြုလုပ်လာတာဖြစ်ပါတယ်။

KNU အုပ်ချုပ်နယ်မြေ သတ်မှတ်ချက်အရ ကစယ်ဒိုမြို့နယ် ဖြစ်တဲ့ သရက်ချောင်းနယ်မြေက စုံစင်ဖျားကျေးရွာ၊ မင်းဒပ်ကျေးရွာ၊ ကနက်သီရိကျေးရွာ၊ ပြင်းဖြူသားကျေးရွာ၊ ဝင်းဝကျေးကျေးရွာ၊ ရငဲကျေးရွာ၊ ချောက်ချောင်းကျေးရွာ တွေကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၁ရက်ကနေ ၂၇ရက်အတွင်း လေကြောင်းက အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ဟု ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီကာလအတွင်း Y-12နဲ့ ၂၈ကြိမ်၊ တိုက်လေယာဉ်နဲ့ ၈ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁၀ဦး ဒဏ်ရာရကာ ၁ဦးသေဆုံးခဲ့တယ်လို့ အသိပေးပါတယ်။ ဒါ့အပြင် နေအိမ် ၁၁လုံး ပျက်စီးခဲ့ကြောင်းထုတ်ပြန်ပါတယ်။

အဲဒီကာလမှာဘဲ စစ်ကောင်စီရဲ့ ခလရ(၄၀၉) တပ်ရင်း စစ်ကြောင်းက ပြည်သူ ၇ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဖော်ပြပါတယ်။

” အဲဒီ ပြည်သူတွေက ကျနော်တိုသိရတာက စစ်ရှောင်တွေဖြစ်တယ်။ စုံစင်ဖျားရွာအနီးတဝိုက်မှာ စစ်ရှောင်ရင်းနဲ့ စကစ စစ်ကြောင်းနဲ့ တိုးပြီးတော့ အဲဒီလိုမျိုးဖြစ်တာပေါ့။စကစ စစ်ကြောင်းကနေ အဲဒီအရပ်သား ပြည်သူ ၇ဦးကို တွေ့ရှိပြီးတော့ဖမ်းဆီးပြီးတော့ သတ်ဖြတ်တဲ့သဘောပေါ့”လို ဒေသ သတင်းရင်းမြစ်က ဖေဖော်ဝါရီ ၂၇ရက်မှာ စစ်ရှောင်တွေကို စစ်ကောင်စီက သတ်ဖြတ်ခဲ့တဲ့ အခြေအနေကို ပြောပြထားပါတယ်။

သေဆုံးသူ ၇ဦးမှာ အမျိုးသမီး ၅ဦး ပါဝင်တယ်လိုလည်း အသိပေးထားပြီး စစ်ကောင်စီက ရက်စက်စွာ ဖမ်းဆီးသတ်ဖြတ်ခဲ့တာလို KNUက ထုတ်ပြန်ပါတယ်။

” သူတိုက အရပ်သား ပြည်သူတွေပဲဖြစ်တယ်။ ပြောရမယ်ဆို စကစ ရန်သူမဟုတ်ဘူး။ ဒါပေမဲ့ သူတို အဲဒီလိုမျိုး ရက်ရက်စက်စက် သတ်ဖြတ်တာတော့ မဖြစ်သင့်ဘူးလိုထင်တယ်” လို ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။

ဒေသတွင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ဆက်လက်ပြုလုပ်နေခြင်းကြောင့် ဒေသခံပြည်သူတွေရဲ့ လုံခြုံရေးနဲ့ အသက်အိုးအိမ်များ ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်လျက်ရှိကြောင်း KNUက ထုတ်ပြန်ထားပြီး လူဦးရေ (၅၀၀)ကျော်နဲ့အထက်ထွက်ပြေးတိမ်းရှောင်‌နေကြရတယ်လို့ အသိပေးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ချောက်မြို့နယ်ထဲမှာစစ်ကြောင်းထိုးနေတဲ့အာဏာသိမ်းစစ်တပ်ကနရွဲတောရွာကိုမီးရှို့ဖျက်ဆီးလိုက်တာကြောင့် ရွာလုံးကျွတ်နီးပါးအပျက်အဆီးတွေများနိုင်သလို ရွာခံတွေလည်း ထွက်ပြေးနေရတယ်လို့ ဒေသခံအချို့ ဆီကသိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။