Connect with us

Hi, what are you looking for?

သတင်း

အီရန်ရဲ့ ဒရုန်း တိုက်ခိုက်မှုကြောင့် ဆော်ဒီရေနံချက်စက်ရုံကြီးပျက်စီးသွားပုံ

အီရန်ရဲ့ ဒရုန်းတိုက်ခိုက်မှုနဲ့ ကြုံတွေ့ခဲ့ရတဲ့နောက် ဆော်ဒီအာရေးဘီးယားရဲ့ အကြီးဆုံး ရေနံချက် စက်ရုံကြီးကို ပိတ်ထားလိုက်ရကြောင်း သိရပါတယ်။

အီရန်ရဲ့တိုက်ခိုက်မှုကြောင့် ဆော်ဒီရေနံချက်စက်ရုံကြီး ထိခိုက်ပျက်စီးမှုကိုတွေ့ရပုံ (ဓာတ်ပုံ - Vantor)

မတ် – ၃၊ ၂၀၂၆ /People’s Spring

အီရန်ရဲ့ ဒရုန်းတိုက်ခိုက်မှုနဲ့ ကြုံတွေ့ခဲ့ရတဲ့နောက် ဆော်ဒီအာရေးဘီးယားရဲ့ အကြီးဆုံး ရေနံချက် စက်ရုံကြီးကို ပိတ်ထားလိုက်ရကြောင်း သိရပါတယ်။

ဆော်ဒီရဲ့ ရေနံလုပ်ငန်းစုကြီး Aramco ( အာရပ်မ်ကို ) က ပိုင်ဆိုင်ပြီး ရက်စ်တာနျူရာမှာ တည်ရှိတဲ့ ရေနံချက် စက်ရုံကြီးဟာ အီရန် ဒရုန်းတစ်စင်း ထိမှန်ရာက မီးလောင်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ အကြီးဆုံး စာရင်းဝင် ရေနံချက် စက်ရုံကြီးကနေ မည်းနက်တဲ့ မီးခိုးလုံးတွေ အူထွက်နေတာကို လူမှုကွန်ရက် မီဒီယာတွေပေါ် ရောက် လာတဲ့ ဗီဒီယိုတွေထဲမှာ တွေ့ခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

မတ်လ ၂ ရက်နေ့ အီရန်ရဲ့ ဒရုန်းတိုက်ခိုက်မှုနဲ့ ကြုံတွေ့ခဲ့တဲ့နောက်ပိုင်း Aramcoဟာ လုံခြုံဘေးကင်းရေးဆိုင်ရာ ပြန်လည် ဆန်းစစ်မှုတွေ လုပ်ဆောင်ဖို့ အဲဒီ ရေနံချက်စက်ရုံကို ပိတ်ထားလိုက်ကြောင်း သိရပါတယ်။

ဆော်ဒီ ကာကွယ်ရေး ဝန်ကြီးဌာနက ရေနံချက်စက်ရုံဆီ ဦးတည်ပျံသန်းလာတဲ့ ဒရုန်းနှစ်စီးကိုတော့ ပစ်ချနိုင်ခဲ့ကြောင်း အတည်ပြုခဲ့ပြီး ရေနံချက်စက်ရုံ တိုက်ခိုက်ခံရမှုမှာ ထိခိုက်သေကြေမှု မရှိခဲ့ကြောင်း ပြောပါတယ်။

အစ္စရေးနဲ့ အမေရိကန်တို့ ပူးပေါင်းပြီး အီရန်ကို တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲ စတင်လာတဲ့နောက် အီရန်ကလည်း အရှေ့အလယ်ပိုင်း ဒေသတွင်းက အမေရိကန် မဟာမိတ်နိုင်ငံတွေရဲ့ စစ်ရေး ပစ်မှတ်တွေနဲ့ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံတွေ တိုက်ခိုက်ခံရတဲ့ အခြေအနေတွေ မြင့်တက်လာပါတယ်။

တိုက်ခိုက်ခံရတဲ့ အဆောက်အအုံဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး ရေနံချက်လုပ် သန့်စင် စက်ရုံတစ်ခုဖြစ်ပြီး တစ်နေ့ကို ရေနံပမာဏ စည်ပေါင်း ငါးသိန်းခွဲ လောက် ထုတ်လုပ်နိုင်ကြောင်း သိရပါတယ်။

Aramcoရဲ့ စက်ရုံ တိုက်ခိုက်ခံရမှု မတိုင်ခင် မတ်လ ၂ ရက်နေ့ အစောပိုင်းတုန်းကလည်း ကြားဖြတ်ပစ်ချ ခံခဲ့ရတဲ့ အီရန် ဒရုန်း အပျက်အစီးတွေဟာ ကူဝိတ်မှာရှိတဲ့ Ahmadi ( အာဟမဒီ ) ရေနံချက်စက်ရုံကို ထိမှန်ခဲ့ပြီး ဝန်ထမ်း ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

ကာတာအစိုးရကလည်း QatarEnergy ပိုင် ရေနံချက် အဆောက်အအုံ တစ်ခုကို အီရန်ဒရုန်းနှစ်ခု ထိမှန်ခဲ့ကြောင်း၊ ထိခိုက်ပျက်စီးမှု အခြေအနေကို ဆန်းစစ်နေဆဲဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

အီရန်စစ်ပွဲကို အကြောင်းပြုပြီး ရေနံချက် စက်ရုံတွေ တိုက်ခိုက်ခံနေရတာရော၊ ကမ္ဘာ့ရေနံတင်ပို့မှုရဲ့ အသက်သွေးကြော ရေလမ်းကြောင်း တစ်ခုဖြစ်တဲ့ ဟောမုဇ် ရေလက်ကြားကို အီရန်က ပိတ်ချလိုက်တာကြောင့်ရော ကမ္ဘာတလွှားမှာ ရေနံနဲ့ လောင်စာဆီ စျေးတွေကလည်း မြင့်တက်လာပါတယ်။

ကိုးကား – New York Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

အီရန်ဟာ ဦးခေါင်းပိုင်းကို ဖြတ်တောက်ခံရမယ့် အခြေအနေကို ရှောင်လွှဲဖို့ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ရတော့မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားလိုက်ပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။