Connect with us

Hi, what are you looking for?

သတင်း

ရတနာပုံတပ်ဦးဒေသကာကွယ်ရေးတပ် ချမ်းမြသာစည်မြို့နယ်ပကဖ အဖွဲ့ဝင်အဖြစ် ပေါင်းစည်း

စစ်ကိုင်းတိုင်းမှာ စစ်အာဏာရှင်တော်လှန်ရေး တိုက်ပွဲတွေဖော်ဆောင်နေတဲ့ ရတနာပုံတပ်ဦး ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဟာ တော်လှန်နေတဲ့ပြည်သူလူထုကို ရှေးရူပြီး ချမ်းမြသာစည် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ပူးပေါင်းလိုက်တယ်လို့ အဲဒီတပ်ဦးရဲ့တာဝန်ခံကိုဂျိုးက ပြောပါတယ်။

ရတနာပုံတပ်ဦး ဒေသခံကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - ရတနာပုံတပ်ဦး

မတ်-၃၊၂၀၂၆၊ရှိန်း/ People’s Spring

စစ်ကိုင်းတိုင်းမှာ စစ်အာဏာရှင်တော်လှန်ရေး တိုက်ပွဲတွေဖော်ဆောင်နေတဲ့ ရတနာပုံတပ်ဦး ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဟာ တော်လှန်နေတဲ့ပြည်သူလူထုကို ရှေးရူပြီး ချမ်းမြသာစည် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ပူးပေါင်းလိုက်တယ်လို့ အဲဒီတပ်ဦးရဲ့တာဝန်ခံကိုဂျိုးက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးချိန် ၂၀၂၁က စတင်ပြီး လက်နက်ကိုင် တော်လှန်ရေးကိုပါဝင်နေကာ မန္တလေးတိုင်းရဲ့ မြနန္ဒာစစ်ဆင်ရေးမှာဦး ဆောင်ပါဝင်ခဲ့သူ ကိုဂျိုးနဲ့ ဒရုန်းတပ်သားတွေပါဝင်ဖွဲ့စည်းထားတဲ့ ရတနာပုံတပ်ဦးဟာ စစ်ကိုင်းတိုင်း၊မင်းကွန်းမြို့နယ်၊ဝက်လက်မြို့နယ်နဲ့ မန္တလေးတိုင်း၊မတ္တရာ၊စဉ့်ကူး၊သပိတ်ကျင်းမြို့နယ်တို့မှာ တိုက်ပွဲဖော်ဆောင်မှု အများအပြားပြုလုပ်ထားတယ်လို့ သိရပါတယ်။

အဲဒီတပ်ဖွဲ့ဟာ ဒေသခံကာကွယ်ရေးတပ်အနေနဲ့ မရပ်တည်တော့ဘဲ ချမ်းမြသာစည်မြို့နယ်ပကဖ အဖြစ် အဖွဲ့ဝင်အားလုံး ပူးပေါင်းသွားမယ်လို့ မတ်လ၂ရက်ကထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ယခုလိုပူးပေါင်းတာနဲ့ပတ်သက်ပြီး တပ်ဖွဲ့တာဝန်ခံကိုဂျိုးက “ကျွန် တော်တို့ တပ်ဖွဲ့မူဝါဒတွေဘာ တွေပြောင်းလဲသွားတာမရှိဘူး။ဒါက ကျွန် တော်တို့ ပကဖ ဖြစ်သွားပြီဆို တော့ ပကဖရဲ့လမ်းစဉ်အတိုင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီးဌာန (MOD)ရဲ့ မူဘောင် တွေအတိုင်းပဲ၊သူတို့ချမှတ်ထားတဲ့လမ်းစဉ် တွေအတိုင်းပဲ ကျွန် တော်တို့ဒီတော်လှန်ရေးကို ဆက်လျှောက်သွားမယ်”လို့ ဆိုပါတယ်။

တော်လှန်ရေးကာလ ယခုအချိန်မှာ MODရဲ့ COC အောက်ဝင်ပြီး စစ်အာဏာရှင်ကို ဆက်လက်တိုက်ထုတ်ဖို့ လိုအပ်လာကြောင်း ဆုံးဖြတ်ကာ ယခုလို ပူးပေါင်းဖို့ဆုံးဖြတ်ခဲ့တာလို့လည်း ဆိုပါတယ်။

ယခုနှစ်အတွင်း NUGအစိုးက မူဝါဒအပြောင်းလဲတချို့ စတင် ပိုပြီးကျစ်လစ်တဲ့ အင်အားစုတွေအဖြစ် တပ်တွေပူးပေါင်းတာ၊�နေရာအချိန်းအပြောင်းလုပ်တာ တွေဆက်တိုက်လုပ်လာပြီး ပိုမိုကျစ်လစ်အားကောင်းတဲ့ အဖွဲ့တွေဖြစ်လာအောင် ဆောင်ရွက်နေပြီး ကောင်းတဲ့အရွေ့ဘက်ကိုသွားနေတယ်လို့ ခရိုင်ပကဖဝာာဝန်ခံတစ်ဦးကလည်း ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မတရားဖမ်းဆီး အကျဥ်းချခံထားရတဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်နိုင်ဖို့ ရည်မှန်းပြီးပြည်သူ့စစ်မဟာဗျူဟာနဲ့ စစ်ဆင်ရေးဖော်ဆောင်ပြီး စစ်တပ်စခန်းတွေ၊ ပျူစောထီးရွာတွေ နဲ့ စစ်တပ်အရာရှိယာဉ်တွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အယောင်ဆောင်ပြီး လူသတ် အဓမ္မကျင့်ခဲ့သူကို ဖမ်းဆီးရမိခဲ့ကြောင်း နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အမှတ်(၂၅၂)ခြေလျင်တပ်ရင်း ခလရ-၂၅၂ရဲ့ ပေါ်တာဆွဲခံရတဲ့ စစ်မှုထမ်းတပ်သားသစ် တစ်ဦး ပခုက္ကူအခြေစိုက် COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်လာခဲ့ပါတယ်။