Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲဖြစ်ပွါးနေတဲ့ မင်းလက်ပံဒေသအနီးမှာ ရေပေါ်စျေးလုပ်ဖို့ DKBA ပြင်ဆင်

ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)တပ်ဖွဲ့က တိုက်ပွဲဖြစ်ပွါးနေတဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် မင်းလက်ပံဒေသအနီးမှာ ရေပေါ်စျေးလုပ်ဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

( အရင်နှစ်က ပြုလုပ်ခဲ့တဲ့ရေပေါ်စျေးကို တွေ့ရစဥ်။ ဓါတ်ပုံ-​ဒေသခံ)

မတ်-၃၊ ၂၀၂၆။ ဒလပန်း/People’s Spring

ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)တပ်ဖွဲ့က တိုက်ပွဲဖြစ်ပွါးနေတဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် မင်းလက်ပံဒေသအနီးမှာ ရေပေါ်စျေးလုပ်ဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတ်လ ၁ ရက်ကလည်း DKBA တပ်ဖွဲ့ဝင်တွေက မင်းလက်ပံဒေသအနီး သောင်ရင်းမြစ်မှာ ရေပေါ်စျေးဖွင့်ပွဲပြုလုပ်ခဲ့ပါတယ်။

“၁ ရက်နေ့ကတော့ ဖွင့်ပွဲဆိုပြီး ဘောက်တွေတစ်နေကုန်ဖွင့်ပြီး ချနေကြတာပဲ။ မနေ့ကတော့ တိုက်ပွဲအသံတွေကြောင့် ပြန်ငြိမ်နေတယ် “ လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့နှစ် သင်္ကြန်ကာလမှာ စျေးပေါ်စျေးကို မင်းလက်ပံကျေးရွာအနီးက သောင်ရင်းမြစ်ထဲမှာ ပြုလုပ်ခဲ့ပါတယ်။

အရင်ပြုလုပ်ခဲ့တဲ့နေရာအနီးမှာ စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကြား တိုက်ပွဲဖြစ်ပွါးနေတာကြောင့် နေရာပြောင်းရွေ့ပြုလုပ်ဖို့ပြင်ဆင်နေတယ်လို့ သိရပါတယ်။

“အရင်က မင်းလက်ပံရွာထဲက သောင်ရင်းမြစ်မှာ လုပ်တယ်။ အခုက အဲ့နေရာရဲ့ တောင်ဘက် နည်းနည်းရွှေ့လုပ်ဖို့ လုပ်နေတာ“လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်တပ်ဟာ မြဝတီမြို့တောင်ဘက် လက်လွှတ်ခဲ့ရတဲ့ တပ်စခန်းတွေကို ပြန်ရဖို့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာအတွင်းက စစ်ကြောင်း သုံးကြောင်းနဲ့ စစ်ရေးလှုပ်ရှားခဲ့ပါတယ်။

စစ်ကြောင်းသုံးကြောင်းနဲ့ စစ်ကြောင်းထိုးနေပေမယ့်လည်း ကာကွယ်ရေးတပ်ဖွဲ့တွေ ပိတ်ဆို့တိုက်ခိုက်မှုတွေကြောင့် စစ်တပ်ဟာ မင်းလက်ပံကျေးရွာအနီးကနေ ရှေ့မတိုးနိုင်သေးပါဘူး။

မင်းလက်ပံကျေးရွာကို ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားဆဲဖြစ်ပြီး စစ်တပ်က စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။ မင်းလက်ပံကျေးရွာဟာ မြဝတီမြို့တောင်ပိုင်းဒေသအတွက် အဓိက ခံစစ်စည်းတစ်ခု ဖြစ်ပါတယ်။

DKBA ဟာ ဦးသိန်းစိန်အစိုးရလက်ထက်က တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)လက်မှတ်ထိုးခဲ့တဲ့အဖွဲ့ဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း စစ်တပ်လုပ်တဲ့ ဆွေး​နွေးပွဲ​တွေကို ပုံမှန်တက်​ရောက်​နေတဲ့အဖွဲ့ဖြစ်ပါတယ်။ စစ်တပ် နဲ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို စစ်တပ်ရွေးကောက်ပွဲကို ထောက်ခံတယ်လို့ တရားဝင်ထုတ်ပြန်ထားတဲ့အဖွဲ့ ဖြစ်ပါတယ်။

ဒါ့အပြင် DKBAဟာ အ​မေရိကန်နိုင်ငံသား​တွေကို ပစ်မှတ်ထားပြီး အွန်လိုင်း​ငွေလိမ်လုပ်ငန်း​တွေလုပ်တာ​ကြောင့် အ​မေရိကန်အစိုးရက DKBA ​​​ခေါင်း​ဆောင် နဲ့ DKBA အဖွဲ့ကို အ​ရေးယူဒဏ်ခတ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်က အာရှလမ်းပိုင်းတိုက်ပွဲနဲ့ ကော့ကရိတ်မြို့တိုက်ပွဲတွေမှာ ဦးဆောင်ကွပ်ကဲခဲ့ပြီး တောင်ပိုင်းတိုင်းအမှတ်(၃၁)ဗျူဟာမှူးအဖြစ် တာဝန်ယူခဲ့သူ ဗိုလ်မှူးချုပ် စောကျော်သက်ဟာ အင်အား ၃၅၀ခန့်နဲ့အတူ စစ်တပ်နဲ့ အပစ်ရပ်ထားတဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)နဲ့ ပြန်ပူးပေါင်းသွားပါတယ်။

သတင်း

ဥရောပ သမဂ္ဂ (EU)က ဒီမိုကရေစီအကျိုးပြုကရင်တပ်မ​တော်(DKBA) နဲ့ ​ခေါင်း​ဆောင်ငါးဦး အပါအဝင် အရှေ့တောင်အာရှ ဒေသတွင်းက အဖွဲ့အစည်း ၃ ခုနဲ့ လူပုဂ္ဂိုလ် ၇ ဦးတို့ကို အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)နဲ့ ဆက်စပ်တဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက်ပိတ်ဆို့အရေးယူလိုက်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ခြမ်းက ဖလူးဒေသတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က အထိနာလျက်ရှိပြီး အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားနေသလို လက်နက်ခဲယမ်းတွေ သိမ်းရတာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။