Hi, what are you looking for?
စစ်ကိုင်းတိုင်းရေဦးမြို့မှာရှိတဲ့ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကို ယမန်နေ့(ဇွန်လ ၂၇ရက်) ညနက်ပိုင်းမှာ စစ်အုပ်စုက ဘူဒိုဇာနဲ့ထိုးပြီး ဖြိုချဖျက်ဆီးသွားပါတယ်။
ရုရှားနိုင်ငံထုတ် Mi-17 ရဟတ်ယာဉ် ရပ်နေတုန်း နောက်ပိုင်းကို ဒရုန်းနဲ့တိုက်ခိုက်လိုက်တာကြောင့် အောက်ပိုင်းတွေပျက်စီးသွားတဲ့ ရဟတ်ယာဉ် စက်လုံးလုံးရပ်တန့်သွားချိန်မှာ ဦးခေါင်းပိုင်းကိုနောက်ထပ်ဒရုန်းတစ်စင်းက တိုက်ခိုက်လိုက်လို့ မီးလောင်ပေါက်ကွဲပြီးမီးခိုးလုံးထွက်လာပါတယ် ။ ဒရုန်း ၂ စင်းနဲ့ ထိထိမိမိ တိုက်ခိုက်ခံရတာမို့ စစ်သုံးသယ်ယူပို့ဆောင်ရေးရဟတ်ယာဉ် အကြီးအကျယ်ထိခိုက်ပျက်စီးသွားပါတယ် ။
ကျွန်မတို့သည်အာဏာသိမ်းခြင်းအားလက်မခံ တော်လှန်မည့်အမျိုးသမီးများဖြစ်ပြီးအမျိုးသားတွေနည်းတူ/တန်းတူ အာဏာရှင်ကိုတော်လှန်သည့် နေရာများတွင် အားအင်အပြည့်ပါဝင်သွားမည်ဖြစ်ကြောင်း၊ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တစ်ရပ်ပေါ်ပေါက်လာရေးအတွက် စွမ်းစွမ်းတမံပါဝင်မည်ဖြစ်ပြီး အနာဂါတ်တွင် ကျားမတန်းတူညီမျှမှုနှင့် ခွဲခြားဆက်ဆံခြင်းကင်းပြီး အမျိုးသမီးများအခန်းကဏ္ဍကိုမြှင့်တင်သွားမည်"ဟုMWWက ထုတ်ပြန်သည်။