Connect with us

Hi, what are you looking for?

News

ချပ်သင်းရဲစခန်းမှရဲနှင့်စစ်သား ငါးဦးက CDM ဝင်မည့်ဟန်လိမ်ညာ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးကိုသတ်ဖြတ်

“သေတဲ့သားအဖနှစ်ယောက်က ကံကြီးရွာကပါ။ လိုင်းပေါ်မှာခင်နေတဲ့ ချပ်သင်းကရဲက CDMဝင်ချင်လို့ဆိုပြီးမျှားခေါ်တယ်။ ချပ်သင်းလမ်းဆုံမှာ အဖမ်းခံလိုက်ရတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်မှ စစ်သားနှင့်ရဲများက CDM ဝင်မည့်ဟန်ဖြင့် လိမ်လည်လှည့်ဖျားကာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် သားအဖနှစ်ဦးအား သတ်ဖြတ်လိုက်ကြောင်း ကန့်ဘလူဒေသကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။

Kanbalu Local Defense Force(LDF-ကန်ဘလူ) အဖွဲ့များ၏ အဖွဲ့ဝင်၊ ဒေသကာကွယ်ရေးအဖွဲ့၏ အဖွဲ့ဝင်များဖြစ်သော သေဆုံးသူ ဦးတင်ထွန်းနှင့် မောင်ကောင်းသီဟတို့သည် စစ်အာဏာရှင်စနစ်ဖြုတ်ချရေး၊ အကြမ်းဖက်စစ်ကောင်စီ၏ အုပ်ချုပ်ရေးထောက်တိုင်များအား ရှင်းလင်းသုတ်သင်ခြင်း၊ နယ်မြေရှင်းလင်းရေးလုပ်ငန်းများတွင် အတူတကွပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့ကြကြောင်း အောက်တိုဘာ ၂၄ ရက်တွင်အသိပေးထုတ်ပြန်သည်။

အောက်တိုဘာလ ၂၀ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ချပ်သင်းစံပြကျေးရွာရှိ ရဲ
နှင့်စစ်သား ၅ ဦးကCDMဝင်လိုကြောင်း လိမ်လည်လှည့်ဖျားဉာဏ်ဆင်ကာဆက်သွယ်လာခဲ့ပြီး အကူအညီပေးရာမှတဆင့် ၎င်းတို့သားအဖနှစ်ဦး ဖမ်းဆီးခံခဲ့ရကြောင်း၊ ၎င်းတို့သားအဖနှစ်ဦးလုံး အောက်တိုဘာလ ၂၁ရက်နေ့ညတွင် နှိပ်စက်ညှင်းပန်းသတ်ဖြတ်ခံလိုက်ရကြောင်း Kanbalu Local Defense Force အဖွဲ့က အသိပေးထုတ်ပြန်သည်။

“သေတဲ့သားအဖနှစ်ယောက်က ကံကြီးရွာကပါ။ လိုင်းပေါ်မှာခင်နေတဲ့ ချပ်သင်းကရဲက CDMဝင်ချင်လို့ဆိုပြီးမျှားခေါ်တယ်။ ချပ်သင်းလမ်းဆုံမှာ အဖမ်းခံလိုက်ရတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ကျဆုံးသွားသောတပ်ဖွဲ့ဝင်နှစ်ဦးအတွက်စိတ်ထိခိုက်ရပြီး စစ်အာဏာရှင်ဖြုတ်ချရေးနှင့်ဒီမိုကရေစီရရှိရေးအတွက် အသက်နှင့်ခန္ဓာရင်းကာ ဆုံးခန်းတိုင်ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု Kanbalu Local Defense Force အဖွဲ့က အသိပေးကြေညာသည်။

ကန့်ဘလူမြို့နယ်၊ ချပ်သင်းစံပြကျေးရွာတွင် အကြမ်းဖက်စစ်အုပ်စုသည် စက်တင်ဘာလကုန်ပိုင်းကတည်းက စီးနင်းဝင်ရောက်ပြီး ဒေသခံများအား ဖမ်းဆီးမှုများ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ